Saturday, March 21, 2009

မီးသတ်ကားဝယ်ရန် အကြောင်းပြပြီး ငွေကြေး မတန်တဆကောက်ခံနေ

ရိုးမ ၃ Saturday, 21 March 2009

မော်လမြိုင်မြို့ တွင် မီးသတ်ကား ဝယ်ရန် အတွက် ရပ်ကွက်အလိုက် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေပြီး ပေးဆောင်ခြင်း မရှိသည့် အိမ်များကို ဧည့်စာရင်း မလုပ်ပေး သည့်အတွက် မြို့ခံလူထု အနေဖြင့် မကျေမနပ်ဖြစ် နေကြသည်။

ပြီးခဲ့သည့်လ (၁၉) ရက်နေ့မှစတင်ကာ (ရယက)လူကြီးများ ဦးစီး၍ ရပ်ကွက်အလိုက် ၅,၀၀၀ မှ ၃၀,၀၀၀ ကျပ်အထိ တောင်းယူနေကြောင်း မြို့ခံတဦးက ပြောသည်။

“နှစ်ကုန်ပိုင်းက မီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မီးသတ်ကားခ တောင်းတယ်၊ ရပ်ကွက်အလိုက် မြို့ထဲမှာဆိုတမျိုး၊ ပျံကျရပ်ကွက်တွေမှာ တမျိုး ကောက်တယ်၊ စီးပွားရေးကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ကြည့်တယ်၊ ကောင်းတယ်သူဆိုရင် သုံးသောင်းကနေ တသောင်းတောင်းတယ်၊ နည်းနည်းအဆင်ပြေရင် ငါးထောင်၊ သမီးတို့ ဒိုက်ဝန်းရပ်ကွက်ဘက်က ငါးထောင်ပေးရတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ငွေကြေးကောက်ခံရခြင်းသည် မြို့နယ်(မယက)နှင့် မီးသတ်တပ်ဖွဲ့တို့မှ ညွှန်ကြားချက်ဖြင့် ကောက်ယူခြင်းဖြစ်ကြောင်း (ရယက) လူကြီးများက ပြောဆိုပြီး မပေးသည့်အိမ်များကို ဧည့်စားရင်း မလုပ်ပေးရန် ပြောသည်ဟု ဆိုသည်။

“မပေးတဲ့ အိမ်ဆိုရင် ဧည့်သည်လာလို့ရှိရင် ဧည့်စာရင်းမလုပ်ပေးဘူး၊ ဧည့်သည်တခုခုဖြစ်ရင်လဲ ဘာမှ တာဝန်ယူ မဖြေရှင်းပေးဘူးလို့ ပြောတယ်၊ သူတို့က မရရအောင်ကောက်နေတယ်၊ အနည်းဆုံး တထောင်တော့ ရအောင်တောင်းယူသွားတယ်” ဟု ပြောသည်။

အဆိုပါ ကောက်ခံရသည့် ငွေဖြင့် မီးသတ်ကားဝယ်ယူကာ ရပ်ကွက် ၃ ခုလျှင် တစီးနှုန်း ထားရှိမည်ဖြစ်ပြီး ရေစုတ်စက်ထားမည့် ရပ်ကွက်အနေဖြင့် သိန်း (၂၀) ပိုထည့်ရမည်ဟု ပြောဆိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

No comments: