Friday, November 13, 2009

မိုင်းလားမြို့မဈေးကြီး မီးလောင် တရုတ်ငွေ သိန်းချီဆုံးရှုံး

သျှမ်းသံတော်ဆင့်



နိုဝင်ဘာ ၃ ရက်နေ့ ညသန်းခေါင်ကျော် မိုင်းလားမြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး တရုတ်ယွမ်ငွေ ၄ သိန်း ခန့်ဆုံးရှုံးကြောင်း ကျိုင်းတုံသတင်းရပ်ကွက်ကပြောပါသည်။

“မီးလောင်တာ အ၀တ်အထည်တန်းက ဆိုင်ခန်း ၇ ခန်း ၈ ခန်းလောက်ပါသွားတယ်။ မနက် ၂ နာရီ ၃ နာရီလောက်မှာ ထလောင်တယ်ဆိုတော့ လူတွေအိပ်မောကျတဲ့ချိန်၊ ရှို့မီးဘဲဖြစ်ဖို့များပါတယ်” - ဟု ဈေးတန်းအနီးနေထိုင်သူ တဦးက ပြောပါသည်။

မီးသွေးဖို၊ ဂတ်စ်မီးဖို၊ လျှပ်စစ်မီးဖို အသုံးများသည့် စားသောက်တန်းတွင် စလောင်ခြင်းမဟုတ်ဘဲ၊ TV ၊ ကက်စက် နှင့် မီးလုံး မီးချောင်းများသာအသုံြးုပသည့် အ၀တ်အထည်တန်းမှ မီးလောင်မှုစတင်ဖြစ်ပွားသည်မှာ ထူးခြားကြောင်း - ထို့အတွက် ရှို့မီးသာဖြစ်နိုင်ကြောင်း အမည်မဖေါ် လိုသည့် မြို့ခံတဦးက ဤကဲ့သို့ပြော၏။

“မိုင်းလားမှာဗမာအလုပ်သမား အယောက် ၄၀၀-၅၀၀ ကြားမှာ ရှိမယ်။ အဲအထဲမှာ ဗမာစစ်တပ်အတွက် သူလျှိုတွေ၊ ထောက်လှမ်းရေးတွေပါမှာဘဲ၊ အခုမီးလောင်မှုက သူတို့ဘဲရှို့တာနေမှာပေါ့။ အလိုလိုနေရင်းနဲ့ မီးကဘယ်လိုလုပ် ထလောင် မလဲ၊ အဲလိုမျိုးတခါမှမမြင်ဖူးဘူး”

ကနဦးကမိုင်းလားမြို့တွင် ဗမာပြည်မှလာရောက်အလုပ်လုပ်သူ ၇၀၀ - ၈၀၀ ကြားခန့်ရှိပါသည်။ ဂျွန်၊ဂျူလိုင်လက တည်းက နအဖ ၏ အသွင်ကူးပြောင်းရေးဖိအားကြောင့် မိုင်းလားတပ်ဖွဲ့ နှင့် ဗမာ့တပ်မတော်အကြားတင်းမာမှုဖြစ်ပွား ချိန်တွင် သင်္ကာမကင်းသူ/ဗမာစစ်တပ်ဆက်သွယ်သတင်းပေးသူဟု ထင်ရသည့်ကျပန်းအလုပ်သမားများ/ရွှေ့ပြောင်း လုပ်သမားများ ဖမ်းဆီးပြီး နမ့်ပင်းတံတား (နယ်ခြား) ဂိတ်တွင် သွန်ချခဲ့သော်လည်း ၃-၄ ရက်နေပြီးမိုင်းလားမြို့တွင်း ပြန်ဝင်လာကြောင်း - အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

ထို့အတူ ပြည်တွင်းနေ အပစ်ရပ်အဖွဲ့များအား စောင့်ကြည့်လေ့လာသူ တဦးကလည်း - အောက်တိုဘာ ၂၈ ရက် မိုင်းလားခေါင်းဆောင်နှင့် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ကျိုင်းတုံ၌ တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဗိုလ်ချုပ်ရဲမြင့်မှ တဘက်သတ်ဖိပြောခဲ့သော်လည်း မိုင်းလားတပ်ဖွဲ့တို့ယနေ့ထက်ထိနာခံလုပ်ဆောင်ခြင်းမရှိသော ကြောင့် ဒေသတွင်း မငြိမ်မသက်ဖြစ်လာစေရန် အရှုပ်အထွေးဖြစ်လာစေရန်နအဖတို့အကွက်ချလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါ သည်။

No comments: