Narinjara News
နအဖ စစ်တပ် စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီး တဦးကို ဘင်္ဂလာ အာဏာပိုင်များက ယမန်နေ့က တက်ကနက် မြို့နယ်တွင် ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူမှာ တပ်ကြပ်ကြီး ထွန်းထွန်း ဖြစ်ပြီး သူ့မှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ခြံစည်းရိုးကာရံနေသော စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့မှ ဖြစ်သည်။
တပ်ကြပ်ကြီး ထွန်းထွန်း၏ ထွက်ဆိုချက်အရ သူ့မှာ တပ်ရင်း လှေပျောက်သွားသဖြင့် လိုက်ရှာရန်အတွက် ဘင်္ဂလာဘက်ကမ်းသို့ နတ်မြတ်ကို ဖြတ်ကျော်ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
နတ်မြစ်ကမ်းခြေမှ ရခိုင်အမျိုးသား တဦးမှလည်း သူအဖမ်းခံရပုံကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။
“သူ့ကို ဖမ်းတာက အမှတ် ၄၂ ဘင်္ဂလာရိုင်ဖယ်တပ်ရင်းကပါ။ ဖမ်းဆီးခံရတဲ့ နေရာက တက်ကနက် မြို့နယ် နီလာ ကျေးရွာမှာ ဖြစ်ပါတယ်။ သူ့ကို အခု ကော့ဘဇားမြို့ကို ယူသွားတယ်လို့ သိရပါတယ်။”
သူ့အား လက်ခံထားသူ တခြား ဘင်္ဂလီ မူဆလင် ၄ ဦးကိုလည်း အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
ယခုအခါ ဘင်္ဂလာ အာဏာပိုင်များမှ မြန်မာ နစက အာဏာပိုင်များသို့ တပ်ကြပ် ထွန်းထွန်း ဖမ်းဆီးခံရခြင်းကို အကြောင်းကြားထားသည်ဟု သိရသည်။
No comments:
Post a Comment