Monday, January 11, 2010

ဝန်ကြီးချုပ် နာဂစ်ဒေသသို့ စစ်ဆေး

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ် မုန်တိုင်းသင့်ရာ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယခုလ ၉ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့သည်။

ရဟတ်ယာဉ်များဖြင့် ဧရာဝတီတိုင်းမြို့တော် ပုသိမ်သို့ သွားရောက်ခဲ့ပြီး ထိုမှတဆင့် မော်လမြိုင်ကျွန်းနှင့် လပွတ္တာမြို့တို့ရှိ ဆိုင်ကလုံးခိုလှုံရာ အဆောက်အဦး Cyclone shelter များကို အဓိကထား စစ်ဆေးခဲ့ပြီး တံတားဖွင့်ပွဲ တခုသို့ တက်ရောက်သွားခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သွားရောက် လည်ပတ်မည်ဟု အစောပိုင်းက လုံခြုံရေးသတင်း ထွက်ပေါ်ခဲ့သော်လည်း ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့သာ သွားရောက်ခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်များကို တည်ဆောက်ခိုင်းထားသော ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ၊ စာသင်ကျောင်း၊ အစိုးရ စီမံကိန်းများကို လာမည့် မတ်လ ၃၁ နေ့ နောက်ဆုံးထား၍ ပြီးစီးရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ထုတ်ထားသည်။

သို့သော် အချို့သော အဆောက်အဦးများ အချိန်မီ ပြီးစီးရန်မှာ သံသယဖြစ်ဖွယ်ရာပင် ဖြစ်သည်ဟု သွားရောက် စစ်ဆေးရာတွင် ပါရှိသော အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အစိုးရ စီမံကိန်းကြီးများကို အပြတ်ဖြတ်ထားလိုပြီး အောင်မြင်မှု ပြယုဂ်အဖြစ် ပြသနိုင်ရန်အတွက် တွန်းလုပ်နေခြင်းဖြစ်ကြောင်း သူက ပြောသည်။

No comments: