သျှမ်းသံတော်ဆင့်
ဝ ပြည်နယ်အတွင်း ခရီးသွား/ရွှေ့ပြောင်းအလုပ်သမားများအားလုံး ပန်ဆန်းဌနချုပ်လူဝင်/ထွက် ကြီးကြပ်ရေးရုံးသို့ အထောက် အထား နှင့်တကွ ဧည့်စာရင်း/နေထိုင်ခွင့် လက်မှတ်စီစစ်/လျှောက်ထား/သက်တမ်းတိုးလျက် ရှိသည်ဟုဆိုသည်။
အရင်ကတည်းက မျက်နှာစိမ်းတွေ စစ်ဆေးတာတော့ရှိတယ်။ ၂၀၁၀ ဇန်န၀ါရီ ၁ ရက်နေ့က စပြီးတော့ တယောက် တရုတ် ငွေ တလ ၅ ယွမ်၊ ၆ လ ဆို ယွမ် ၃၀ ပေးသွင်းပြီးမှ နေထိုင် အလုပ်လုပ်ခွင့်ရတယ်”- ဟု ပန်ဆန်းရောက် ရွှေ့ပြောင်းအလုပ် သမား တဦးကဆိုသည်။
ဝ နယ် ပန်ဆန်းဌာနချုပ်အတွင်း လူဝင်လူထွက် ကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှုမရှိကြောင်း၊ သို့သော် နအဖ နှင့် တင်းမာလာသည့် နိုင်ငံရေးအခြေအနေကြောင့် ဧည့်သည်များ ၅ ရက်သာ နေထိုင်ခွင့်ပြုကြောင်း၊ ထောက်ခံမည့်သူ မရှိက အလုပ်လုပ်ခွင့် တည်းခိုခွင့် ဧည့်စာရင်းတင်ခွင့် လက်မခံကြောင်း - ကားဆရာတဦး က ဤကဲ့သို့ ပြောပြ၏။
“ထောက်ခံမယ့်သူမရှိရင် ပန်ဆန်းမှာ တည်းခိုခွင့်ရဖို့မလွယ်ဘူး၊ အထူးသဖြင့် သူတို့စကားမပေါက်တဲ့ အောက်ပြည်က လာတဲ့သူတွေ လက်မှတ်မရဘူး” - ဟု ဆိုသည်။
ဝ အာဏာပိုင် လူဝင်/ထွက်ကြီးကြပ်ရေးရုံးသို့ တရက် အလုပ်လုပ်ခွင့်/နေထိုင်တည်းခိုခွင့်လက်မှတ် သွားလုပ်သူ အယောက် ၃၀-၄၀ ခန့်ရှိကြောင်း၊ လဆန်းပိုင်းမှယခုအထိ လက်မှတ်လုပ်ပြီး အယောက် ၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ နေထိုင် တည်းခိုခွင့်လက်မှတ်လက်ဝယ်ရှိလျှင် သွားလာနေထိုင်လုပ်ကိုင်စားသောက်ရန်လွယ်ကူကြောင်း အဆိုပါကား ဆရာကပြော သည်။
ပန်ဆန်းဌာနချုပ်၌ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ ၀ပ်လျှောပ့် နှင့် အခြားကျပန်းအလုပ်ကိုင်သူ အောက်ပြည်မှ လာသည့် မြန်မာအလုပ်သမားဦးရေရာချီရှိသည်ဟု ဒေသခံများ ပြောပြချက်အရသိရပါသည်။
ဝ ပြည်သွေးစည်းရေးတပ်မတော် ပန်ဆန်းဌာနချုပ်၌ လူဝင်ထွက်တင်းကြပ်မှုသည် ၀ ပြည် ထူထောင်ရေး နှစ် ၂၀ ပြည့် ပွဲတော်မှ စလာသည်ဟုဆိုသော်လည်း နယ်ခြားအသွင်ပြောင်းရန် နအဖ ဆက်တိုက် ဖိအားပေးမှုကြောင့် ခေါင်းခါငြင်းဆန် ခဲ့မှုကြောင့် လုံခြုံရေးအတွက် သတိဝိရိယ ထားလာခြင်းဖြစ်သည်။
No comments:
Post a Comment