ဇော်ကြီး။
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့်နေအိမ် အဆောက်အဦများ၊ ဘုန်းကြီး ကျောင်းအချို့နှင့် စာသင်ကျောင်းတစ်ခု ပျက်စီးခဲ့သည်။
ယမန်နေ့ ညနေသုံးနာရီခန့်က လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်တချို့ရှိ လူနေအိမ် နှင့် ဘုန်းကြီးကျောင်းတချို့ ပျက်စီးခဲ့သည်ဟု တာချီလိတ်မြို့ခံ တဦးက ယခုလိုပြောသည်။
“လေပြင်းတိုက်သွားတာ ရပ်ကွက်တစ်ခုဆိုရင် အိမ်ခြေ အလုံး ၂၀ လောက်ပေါ့။ ပျက်စီး ကုန်တာပေါ့။ ပျက်စီးတယ်ဆိုတာက ဒီလိုမျိုး သွပ်မိုးတွေလန်ကုန်တယ်။ တလုံးလုံး လန်ကုန်တယ်။ မိုးရော လေရော ဆိုတော့ တော်တော်ပြင်းထန်တာလေ။ ကျနော်တို့ ဟိုဖက်ခြမ်းက အိမ်တွေဆိုရင် သစ်ပင်တွေဘာ တွေပိကုန်တယ်လေ။ သစ်ကိုင်းကျိုးကျပြီး တော့ ပိကုန်တာလေ။”
ထိုလေပြင်းကြောင့် ဘုန်းကြီးကျောင်းတချို့မှ သွပ်မိုးများလွင့်ပါသွားကြောင်း“သရက်တော ဘုန်းကြီးကျောင်း ဆိုလို့ရှိရင် အချပ် ၂၀ လောက်တောင် ပါသွားတာ။ သရက်တော ကျောင်းရယ်၊ ရွှေစေတီရယ်၊ ကိုးန ၀င်း ကျောင်းရယ်ပါတယ်။” ဟု ၎င်းကပြောသည်။
သစ်ပင်များကျိုးကျပြီး သစ်ကိုင်းပိသည့် အိမ်များရှိသလို ဂေါက်ကွင်းဖက်တွင် ပျက်စီးမှု ပိုများသည်ဟု ဆက်ပြော သည်။
“ဂေါက်ကွင်းလမ်းတလျှောက်ဆိုလို့ရှိရင် သစ်ပင်ကြီးကြီးမားမားတွေက အမြစ်ကနေ လဲသွား တာတွေ ရှိတယ်။ တော်တော်ပြင်းတယ်။ မခိုင်တဲ့ တဲအိမ်တွေဘာတွေဆိုရင် အလုံးလိုက် လဲကုန်တာတွေ ရှိတယ်။”
လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း သစ်ပင်များနှင့် ဓါတ်တိုင်များ လဲပြိုခဲ့ပြီး မီးကြိုးများပြတ် တောက်သွားကာ မူလတန်းကျောင်းတစ်ခုမှ သွပ်မိုးများ လေပြင်းနှင့်ပါသွားခဲ့သည်ဟု မျက်မြင်သံဃာ တစ်ပါးက မိန့်ကြားခဲ့သည်။
“ဦးဇင်းတို့ လေပြင်းတိုက်ပြီးတော့ ချက်ချင်းလိုက်ကြည့်ကြတယ်လေ၊ အိမ်တွေကို။ ဦးဇင်းတို့ မြင် တာကတော့ အနီးနားတစ်ဝိုက်မှာ ဆယ်အိမ်လောက်တော့ရှိတယ်။ စာသင်ကျောင်း သွပ်အချပ် ၂၀ လောက်တော့ လန်သွားတာပေါ့။ ကချင်မြန်မာရွာထဲက မူလတန်းကျောင်း လေးပါ။ သရက်တော ဘုန်းကြီးကျောင်းကတော့ သူလည်း ခေါင်တွေဘာတွေ လန်သွားတဲ့ အထဲပါသွားတယ်။”
ပျက်စီးမှုများအား ဒေသအာဏာပိုင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဓါတ်တိုင်များနှင့် မီးကြိုးများကို ချက်ချင်း ပြင်ဆင်ပေးသော်လည်း အခြားပျက်စီးမှုများအား စာရင်းကောက် ယူသွားသည်ဟု ဆက်ပြောသည်။
“ဘယ်အိမ်ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာ သူတို့ ချက်ချင်းစာရင်းလိုက်ကောက် ကြတယ်။ ဓါတ် တိုင်တွေပျက်တယ်။ မီးကြိုးတွေ တပ်တယ်။ အဲလိုလာလုပ်သွားတယ်လေ။ အိမ်ဝိုင်းထဲက သစ်ပင် တွေကတော့ ကိုယ့်ဟာကိုယ်ရှင်းပေါ့၊ တချို့တတ်နိုင်တဲ့သူတွေ ကတော့ ချက်ချင်းကာပေါ့။ အဲလိုကိုယ့် ဟာကိုယ်လုပ်ကြတယ်။”
လေပြင်းတိုက်ခတ်ချိန် နာရီဝက်ခန့်သာကြာမြင့်ခဲ့ပြီး လေပြင်းမတိုက်မီ အာဏာပိုင်တို့က ကြိုတင် အကြောင်း ကြားမှုလည်း မရှိခဲ့ဟု ဒေသခံများကပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ယခုလ ၇ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် စာသင် ကျောင်းတစ်ကျောင်းအပါအ၀င် ဘုန်းကြီးကျောင်းအချို့နှင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး လူတစ်ဦးဒဏ်ရာရခဲ့သည် ဟု ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။
No comments:
Post a Comment