Friday, January 21, 2011

နအဖဝန်ကြီးအားလုံး ယခုလကုန်ပိုင်း လက်ရှိ ရာထူးမှနှုတ်ထွက်ရမည်

သျှမ်းသံတော်ဆင့်

နေပြည်တော်တွင် လွတ်တော်အစည်းအဝေး စတင်ကျင်းပသည့် ဂျန္န၀ါရီ ၃၁ ရက်နေ့မှ စ၍ လက်ရှိ နအဖဝန်ကြီး အားလုံး နီးပါးသည် တာဝန်မှအနားယူ ရမည် ဖြစ်ကြောင်း နေပြည်တော်သတင်းရပ်ကွက် တစ်ခုအဆိုအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးနှင့် စည်ပင်သာယာဝန်ကြီးနှစ်ဦးကို ယာယီချန်လှပ်ထားပြီး ကျန်ဝန်ကြီးအားလုံး လက်ရှိတာဝန်များမ ရပ်နားဖြစ်ကြောင်း သိရသည်။

အဆိုပါ နှုတ်ထွက်သွားသော ဝန်ကြီးများထဲမှ တချို့ကို လာမည့်အစိုးရသစ်လက်ထက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် တာဝန်ပြန်လည်ခန့်အပ်မည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝှမ်းရှိ စစ်အရာရှိ (၁၀၀) ကျော်ခန့်ကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့်အခြား အရပ်ဘက်အုပ် ချုပ်ရေးဋ္ဌာနများသို့ ပြောင်းရွေ့နေရာချထားခဲ့သေးကြောင်းသိရသည်။

နောင် အစိုးရသစ်ပေါ်ပေါက်လာချိန်တွင် နအဖ စိတ်ကြိုက်လူများနေရာပေးရန် အခက်အခဲရှိနိုင်သဖြင့် အစိုးရသစ် မပေါ်မီကြားကာလ အတွင်း နေရာချထားမှုများကို ကြိုတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

No comments: