Monday, January 24, 2011

မိုင်းယောင်းပြန်ပေးဆွဲ ဓါးပြ နအဖနှင့် ပြည်သူ့စစ်တို့ အကြံဖြစ်နိုင်ဟု ဒေသခံတို့ပြော

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်းမိုင်းယောင်းမြို့နယ်အတွင်း သောင်းကျန်းနေသော မီးခိုးရောင်ပျောက်ကျားစစ် ဝတ်စုံဝတ်လက် နက်ကိုင်အဖွဲ့ မှ အဖွဲ့ဝင်တယောက် ကို ယခုလ ၁၇ ရက်က ဖမ်းဆီးရမိကာ ကျန် ၁၆ ယောက်ထွက်ပြေးလွတ်မြောက် နေကြောင်း တာချီလိတ်မှပေး ပို့သော သတင်းအရသိရသည်။

“မိုင်းယောင်းမြို့ အရှေ့တောင်ဘက် ၅ မိုင်လောက်ဝေးတဲ့ ဝမ့်မိုင်ရွာသားပေါ့။ အသက် ၄၀ လောက်ရှိတယ်။ ဗမာအာဏာပိုင် တွေနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး လုပ်တာဘဲနေမှာ။ လူ ၁၆ ယောက်မှာ ၁ ယောက်ဘဲဖမ်းမိတာ ယုတ္တိမရှိဘူးလေ ” ဟု ဒေသခံ အမျိုးသားတဦးကပြောသည်။

အဘယ်ကြောင့်ဆိုသော်၂ဝ၁ဝ ဒီဇင်ဘာ ၂၆ ရက်က အဆိုပါ မီးခိုးရောင် ပြောက်ကျားစစ်ဝတ်စုံဝတ်သည့် နအဖစစ်သား ၄-၅ ယောက် (တပ်ရင်းနံပါတ်တံဆိပ်မပါ) မိုင်းယောင်းအရှေ့မြောက်ဘက် ၅ မိုင်အကွာမိုင်းယု သွားလမ်း ဝမ့်တပ်ကျေးရွာအုပ်စု ဝမ့်လျဲန့် နှင့် ဝမ့်အန်ကြား၌ စပါးခွန်၊ ဘီးခွန်ကောက်နေသဖြင့် ထိုသို့ ပြောရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

သျှမ်း/ဝ/ပြည်သူ့စစ်တပ်သားသစ်ကောက်ယူမှုကြောင့်ရှောင်တိမ်းသည်ဟုဆိုကာ မကြာသေးခင်က တာချီလိတ်မြို့ ပေါ်သို့ ပြောင်း ရွှေ့လာသည့်အိမ်ထောင်စု ၂၀ ကျော်လည်း အဆိုပါပျောက်ကျားဝတ် ဓါးပြအားဖမ်းမိသည့် ဝမ့်မိုင်ရွာ နှင့်အနီးအနားရွာ ဝမ့်ဇူးရွာ၊ ဝမ့်ဆလီခမ်းရွာတို့မှ ရွာသားများဖြစ်ကြသည်ဟု သိရသည်။

မိုင်းယောင်းမြို့အနီးတဝိုက် တောလည်ထွက်ကျေးလက်သားများအား မျက်နှာဖုံးအုပ်ထားသောမီးခိုးရောင်ပြောက် ကျား စစ်ဝတ် လက်နက်ကိုင်လူတစ်စုက ပြီးခဲ့သည့်လက ပြန်ပေးဆွဲရာ ကျပ် လေး-ငါးသောင်းမှ ကျပ် ၁၀ သိန်းအထိ မိဘ ဆွေမျိုးများအား ပြန်လည်ရွေးခိုင်းသဖြင့် နောက်ပိုင်း လယ်တောသို့ညအိပ်ညနေသွားသည့်မည်သည့်ရွာသား မဆို ပစ်သတ်ခံရမည်ဟု နအဖ အာဏာပိုင်များ အမိန့်ထုတ်ခဲ့သည်။

No comments: