Wednesday, January 19, 2011

တောတွင်းဥပဒေ။ မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ

ကွန်းအိန်

တောတွင်းဥပဒေသမှာရှင်းသည်၊ အင်အားကြီးသူက အင်အားငယ်သူအပေါ်အနိုင်ယူမည်၊ သတ်ဖြတ် စားသောက်မည်၊ အုပ်စုတောင့်တင်းသည့်အဖွဲ့က အုပ်စုငယ်များအပေါ် လုယက်တိုက်ခိုက်မည်၊ တရားစွဲစရာ တရားရုံးမရှိ၊ တိုင်တန်းစရာမရှိ၊ ကိုယ်ပျော့လျှင်ကိုယ်ခံ။ ကိုယ်မာလျှင် အနိုင်ယူစာတမ်း၊ လူအဖွဲ့အစည်းအတွင်း သမိုင်းမတင်မီကာလကဆိုလျှင်လည်း စားကျက်၊နယ်မြေများကိုလုယက်၍၄င်း။ အုပ်စုတောင့်တင်းသူက အုပ်စု ငယ်များအပေါ် အနိုင်ယူတတ်ကြသည်။

လူယဉ်ကျေးမူပေါ်ထွန်းချိန်၌လည်း ပဒေသရာဇ်မင်းတို့သည် ဘုန်းတန်ခိုးအာဏာ ပြိုင်ဆိုင်ချင်၍၄င်း နယ်ပယ်ချဲ့ထွင်လို၍၄င်း သာသနာပြုလို၍၄င်း စစ်ပွဲများဆင်နွဲနေကြသည်။ ယနေ့ခေတ်ကာလတွင်လည်း တပါး နိုင်ငံ၏ မြေပေါ်မြေအောက်သယံဇာတကို လောဘဇောတိုက်လိုချင်၍၄င်း၊ တပည့်မွေးလို၍၄င်း၊ ၀ါဒရေးရာအရ ၄င်း စစ်ပွဲများဆင်နွဲနေကြသည်။ ယခင်တောတွင်းဥပဒေသနှင့်ဘာများကွာခြားပါသနည်း။ အခြေအနေ ပစ္စည်း ကိရိယာ နည်းပရိယာယ်များသာကွာခြားမည်၊ အနှစ်သာရချင်းကအတူတူပင် မဟုတ်ပါလော။

ဒတ်ခ်ျပေါ်တူဂီတို့က နယ်ပယ်ဒေသသစ်ရှာယင်း ဟင်းခတ်အမွေးအကြိုင်ရလိုမူအတွက် အိန္ဒိယကို ကုန်စည် ကူးသန်းမူ အစပြုပြီး တိုက်ခိုက်ခဲ့သည်၊ အင်္ဂလိပ်တို့လည်း ရေကြောင်းသုံးသဘောင်္တည်ဆောက်ရန် ကျွန်းသစ်ရလိုမူအတွက် မြန်မာပြည်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အာဖရိကတိုက်ရှိ စိန်တွင်းများရလိုမှု အတွက် အင်္ဂလိပ် ပြင်သစ် ဒတ်ခ်ျများ အလုအယက်တိုက်သိမ်းပိုက်ခဲ့သည်၊ အဘယ်ကြောင့်နည်း။ လူသားတို့၏ အရိုင်းဆန်သော သဘာဝကြောင့်ပင် ဖြစ်သည်။

ခေတ်ကာလမည်မျှပင် ပြောင်းလဲပါစေ။ ကိုယ်ကျိုးစီးပွားဟူသော သဘာဝပူဆာမှုကိုမည်သူမျှ တွန်းလှန် နိုင်ခြင်းမရှိသေးပါ၊ ယနေ့ထက်တိုင် ယမ်းငွေ့ တဝေေ၀နှင့် သေနတ်သံများဆူညံနေသည်က သက်သေသာဓက တခုမဟုတ်ပါလား၊ အစ္စရေးဝန်ကြီးချုပ်ဟောင်းရှီမွန်ပီးရက်က မုဆိုးရာသီကုန်ခဲ့ပြီး လက်နက်လေးမြှားကို စွန့်လော့ဟု တာဝန်စယူချိန်တွင်မြွက်ကြားခဲ့သည်။ ယင်းစကားသည် လေထဲ၌သာလွင့်ပါးသွားသည်။ လက်တွေ့ ဘာမှဖြစ်မလာခဲ့ပါ။ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ခင်းနေကြသော အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်း တပ်ဖွဲ့ဝင်များကြား ယုံတမ်းစကားပမာဖြစ်ခဲ့သည်။ လေထဲတိုက်အိမ်ဆောက်သောစကားဟု ထင်ကောင်းထင် မြင်နေကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဆန္ဒနှင့် လက်တွေ့ဘ၀ကား မည်သို့သောအခါမှ ထပ်တူ မကျနိုင်ပါ။

အစဉ်အဆက်ဆက်ဖြစ်ပွားခဲ့သော စစ်ပွဲတိုင်းတွင် ကိုယ်ကျိုးစီးပွါးရယူလိုမှုနှင့် ကာကွယ်မှုအတွက်ဟု ဆိုလျှင် မှားမည်မထင်ပါ။ ဖြစ်ပွါးခဲ့သော ပထမကမ္ဘာစစ်။ ဒုတိယကမ္ဘာစစ်ကိုပြန်ကြည့်လျှင် ကိုလိုနီအပြိုင် ရှာဖွေ ချဲ့ထွင်ခြင်းဟူသော အဓိကအကြောင်းအရင်းကိုတွေ့ရပေမည်၊ တပါးသူ၏နယ်မြေဒေသတို့ကို အပြိုင်အဆိုင် လုယက် သိမ်းပိုက်ပြီး နယ်ချဲ့နိုင်ငံအချင်းချင်းယှဉ်ပြိုင် တိုက်ခိုက်ခဲ့သောစစ်ပွဲများပင်ဖြစ်ခဲ့သည်။ ကြားထဲ တွင် အသိမ်းပိုက်ခံကိုလိုနီနိုင်ငံငယ်များလည်း မြေဇာပင်ဖြစ်ခဲ့သည်။ ထိုစစ်ပွဲများ၏အကျိုးအဆက်ကြောင့် လူအများ အပြားသေကြေပျက်စီးခဲ့ရသည်၊ လင်သေ သားကွဲ မုဆိုးမများ မိတဆိုးဖတဆိုး ကလေးအများအပြား ပေါ်ထွက် ခဲ့သည်၊ စစ်ပွဲဦးစီးခဲ့သောနိုင်ငံကြီးများမှာ ဆောရီးတခွန်းထဲနှင့် နှစ်သိမ့်ခဲ့သော်လည်း ခံရသူနိုင်ငံများမှာ ဖွတ်ဖွတ် ကြေမွကာ အသဲထည်းတွင် စွဲမှတ်ကျန်ရစ်နေခဲ့သည်။
ကိုယ်ကျိုးစီးပွားကာကွယ်ရေးစံနစ်သည် ယနေ့ထက်တိုင် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်၊ ပြီးခဲ့သော ပင်လယ်ကွေ့စစ်ပွဲ အီရတ်စစ်ပွဲများကို ပြန်သုံးသပ်ကြည့်လျှင်တွေ့ရှိနိုင်ပါသေးသည်။ ယခင်ကဟင်းခတ် အမွှေး အကြိုင်။ ဆန်စပါး ကျွန်းသစ် စိန်များအစား ရေနံကအရေးတကြီး လိုအပ်ချက်ဖြစ်လာခဲ့သည်။ စက်မူ လုပ်ငန်းများ အတွက် လိုအပ်ချက်အရွေ့ပြောင်းလဲသွားခဲ့သည်။ ရေနံရယူလိုမူအတွက် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြသည်။ ရေနံကိုထိန်းချူပ်လိုသော အီရတ်နိုင်ငံနှင့် ရေနံကိုအရေးတကြီးလိုအပ်သော အမေရိကန်တို့ ဆက်ဆံရေး တင်းမာလာခဲ့သည်။ နောက်ဆုံးအနီးကပ်ဆုံးအခြေအနေအကြောင်းပြချက်ဖြင့် နှစ်နိုင်ငံစစ်ခင်းခဲ့သည်။ ဒီမိုကရေ စီရေး။ လူအခွင့်ရေး၏ အကာအကွယ်ယူ၍ ကိုယ်ကျိုးစီးပွားစစ်ပွဲကို ဆင်နွဲခဲ့သည်မှာ ယနေ့ တိုင်အကင်း မသေသေးပေ၊ နေရာတကာအကြမ်းဖက်မူများ။ ခြုံခိုပြောက်ကျားတိုက်ခိုက်မှုများရှိနေဆဲပင်။ လိုအပ်ချက်အရွေ့ အတွက် လူအသက်များကို စစ်ပလ္လင်တွင် စတေးခံယဇ်ပူဇော်နေဆဲဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲပြီးဆုံး၍ ဆိုဗီယက်ရုရှားနိုင်ငံသည် စူပါပါဝါအဆင့်မှ လျော့ကျခဲ့ သည်။ နိုင်ငံအများ အပြားခွဲထွက်၍ အင်အားအရသော်၎င်း။ စီးပွါးရေးအရသော်၎င်း ချိနဲ့ခဲ့သည်။ ဤဖြစ်စဉ်ကို ကွန်မြူနစ်ဟောင်းများ နိုင်ငံရေးသမားဟောင်းများ နာကျည်းကြသည်။ ယခင့်အဆင့်အတန်းပြန်မှီအောင် တဖန်ကြိုးပမ်းနေကြသည်ကိုတွေ့ရသည်၊ ကမ္ဘာအင်အားကြီးနိုင်ငံများက စစ်ပွဲများကိုဆန့်ကျင်ယင်းစစ်ပွဲကို ဆင်နွှဲ နေဆိုတာ မေ့ပျောက်ဘို့မသင့်ချေ။ အမေရိကန်နိုင်ငံကအစ လက်နက်ဖျက်သိမ်းရေး စကားပြောဆိုယင်း နိုင်ငံရေး။ စီးပွါးရေးအရ စစ်ပွဲများဆင်နွှဲနေဆဲပင်။ ဒစ်ပလိုမေစီနှင့် ပဲ့ပြားပင်လေယူတိမ်းပေါ်လစီကို ကျင့်သုံးနေဆဲ ဖြစ်သည်ကို အထင်အရှား တွေ့မြင်နိုင်သေးသည်။

ယခုအချိန်တွင် မြန်မာပြည်တွင် ရေပန်းစားနေသော စကားတစ်ခွန်းမှာ လက်နက်ကိုင် တိုက်ပွဲခေတ် မစားတော့။ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာ အဖြေရှာတာအကောင်းဆုံးဟု နေရာတကာအသံများ ကြားနေရသည်။ ဤသို့ဖြင့်လျှင်သာလွန်၍အကောင်ဆုံးပင်။ သို့သော်ဖြစ်နိုင်ခြေ အဘယ်မျှရှိမည်နည်း။ အာဏာရှင်တို့ မည်သည့် အဆိုးဝါးဆုံး အခြေအနေမရောက်မချင်း လက်ခံဆွေးနွေးမည်မဟုတ်ပါ။ နောက်ဆုံး အခြေအနေရောက်မှ ရာဇပလ္လင်တည်မြဲမူအတွက်စေ့စပ်ဆွေးနွေးမည်ဖြစ်သည်။ အာဏာရှင်တို့အတွက် အာဏာ ခွဲဝေမှုဟူသောစကားမှာ ဆေးခါးကြီးထက် ခါးသက်နေမည်ပင်။ နအဖအစိုးရအနေနှင့် အဘက်ဘက်မှ ချွတ်ခြံကျမူများရှိနေသည်ကို သိနေသော်လည်း ရာဇပလ္လင်ပေါ်မှဆင်းဘို့စဉ်စားမည်မဟုတ်ပါ။ မုန့်သာဝေ စားမည် အာဏာကို ဝေမျှသူများ မဟုတ်ပါ။ ဖြစ်တဲ့နည်းနဲ့ အသေဆုပ်ကိုင်ထားမည်ဖြစ်သည်။

အတိုက်အခံတွေဘက်ကရော စစ်အစိုးရပြုတ်ကျနိုင်စွမ်းရှိအောင် ဘာများထူးထူးခြားခြားလုပ်နိုင် ဘာသ လဲ။ အသင်းများဖွဲ့။ အစည်းအဝေးထိုင်။ ဆုံးဖြတ်ချက်ချ ကြောညာချက်ထုတ်ယုံနှင့် စစ်အစိုးရပြုတ်ကျ မည်မဟုတ်ပါ။ လက်တွေ့ကျသော ဘုံလုပ်ငန်းစဉ်များကို လုပ်ဆောင်ရာ၌ ထိရောက်မူအားနည်းသည်ကို တွေ့ရ သည်။ ဒီမိုကရေစီရေး။ လူ့အခွင့်ရေးနှင့် အမျိုးသားရေးအမြင်များ ရောထွေးပြီး အမြင်မတူညီမျှများရှိနေ သည်ကိုလည်းတွေ့ရသည်။ ဒီမိုကရေစီဘက်တော်သားများအနေနှင့် တိုင်းရင်းသားတို့၏ အမျိုးသား လွတ်မြောက် ရေးတိုက်ပွဲများအပေါ် အလေးထားမှုအားနည်းနေသလို အကယ်၍စစ်အစိုးရပြုတ်ကျပြီး ဒီမိုကရေစီအစိုးရ တက်ပါက တိုင်းရင်းသားအရေးများလည်း ပြေလည်သွားမည်ဟု အပေါ်ယံကြောသုံးသပ် ထင်မြင်ကြသည်။ တိုင်းရင်းသားများအဖွဲ့မှလည်း ပြည်တွင်းစစ်သည် ယခုမှတောက်လောင်လာသည်မဟုတ်။ ဒီမိုကရေစီအစိုးရ လက်ထက်တွင် တောက်လောင်ခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီအစိုးရ၏ လူမျိုးကြီးဝါဒဆုတ်ကိုင်ထားမူ တိုင်းရင်း သားများ အပေါ်ဖိနှိပ်မူကြောင့် တော်လှန်စစ်ဆင်နွှဲခဲ့သည်ဟုဆိုကြသည်။ ဤဖြစ်စဉ်ကိုသမိုင်းက သက်သေခံသွား မည်ဖြစ်သည်၊ လူသားတို့၏ သဘောသဘာဝမှာ အနာဂတ်တွင်တောက်ပသော မျှော်လင့်ချက် များရှိလာလျှင် အကျိုးတူပူးပေါင်းကြပြီး။ တဦးပေါ်တဦးသံသယ၀င်လာလျှင် အမျိုးသားရေးအမြင်များဆီသို့ ပြောင်းလဲဦးတည် သွားတတ်သည်၊ ထို့ကြောင့် ယုံကြည်မူတည်ဆောက်ရာတွင်တဦး၏ခံစားချက်ကို တစ်ဦး ဝေမျှနားလည်ရန် များစွာလိုအပ်နေပေသည်။ ငါပေးတာယူ။ငါခိုင်းယင်လုပ်။ စောဒကမတက်ကြနဲ့ ဟူသော အမြင်ဖြင့် ယုံကြည်မူ တည်ဆောက်၍ မရနိုင်ပါ။

စောက်ကြောင့်ထိုင်တတ်ယုံနှင့် ကေသရာဇခြသေ့င်္မင်း မဖြစ်နိုင်ပါ၊ ဘုံရန်သူကိုဖြုတ်ချနိုင်ရန် တူညီသော ရည်မှန်းချက်။ အတွေးအခေါ် အယူအဆ။ လုပ်ငန်းစဉ်များ ရှိရပေမည်၊ မျက်ကန်းဆင်စမ်းဝါဒအတိုင်း သွားလျှင် လိုရာခရီးပန်တိုင်ကိုရောက်မည်မဟုတ်ပါ၊ စက္ကူဖြူ အွန်လိုင်းကျေညာချက်လောက်နှင့် လွတ်မြောက်သွားသော နိုင်ငံမရှိသေးပါ။ ဆောင်းအိမ်မက် အတွေးအခေါ်ထက် လက်တွေ့ကျသော လုပ်ဟန်များက ပို၍အရေးကြီးသည်။ ကျွန်ုပ်တို့၏ အားနည်းချက်တခုမှာ ထွက်ပေါ်လာသော သီဝရီ များအပေါ်အထင်ကြီး ယုံလွယ်ခြင်းဖြစ်သည်။ အများယောင်တိုင်း ကိုယ်လိုက်မယောင်နိုင်ပါက ခေတ်မမီဟု ထင်မြင်တတ်သော သဘောသဘာဝရှိနေသည်။ အင်အားရှိသောနိုင်ငံများမှာ ဆန့်ကျင်ဘက်အင်အားစုကို ခြေမှုန်းရာတွင် စစ်ရေး နိုင်ငံရေးနှင့်သာမက စာပေ ဂီတ ရုပ်ရှင် အတွေးအခေါ်သီအိုရ်ီပိုင်းနှင့်ပါ ထိုးနှက်တိုက်ခိုက်လေ့ရှိသည်။ မှတ်မှတ် ရရအဖြစ်အပျက်တစ်ခုမှာ (၂၀၀၀) ပြည့်နှစ်တွင် ကမ္ဘာကျော်ဂျိမ်း(စ်)ဘွန်းမင်းသား။ စကော့လူမျိုး ရှောင်ကွန်နရီကို အမေရိကန် ဂုဏ်ထူး ဆောင်နိုင်ငံသားအဖြစ် ချီးမြင့်ပေးပြီး သမ္မတဘီလ်ကလင်တန်က ခင်ဗျားတို့သာမပါရင် ဒီကွန်မြူနစ်စံနစ် ကိုတိုက်ခိုက် အောင်မြင်ဘို့မလွယ်ဘူးဟု ပြောဆိုခဲ့သည်။

မြန်မာစစ်အစိုးရအနေနှင့် အပစ်အခတ်ရပ်ဆဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပေါ် တပ်အသွင်ပြောင်းလဲရေးကိုသာ ဖိအားပေးအကြပ်ကိုင်မှုအပေါ် တိုင်းရင်းသားများမှ လက်မခံသော အခြေအနေကြောင့် ဆက်ဆံရေးတင်းမာလာသလို အပြိုင်အဆိုင်စစ်ရေးပြင်နေကြသည်ကိုတွေ့ရသည်။ လတ်တ လောအခြေအနေအရ လွတ်လပ်ပြီးတရားမျှတမှုမရှိသည့်ရွေးကောက်ပွဲကိုဆန့်ကျင်သည့်အနေနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များမှ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီနှင့်ဘုရားသုံးဆူမြို့ကို ၀င်ရောက်စီးနင်းသိမ်းပိုက် ခဲ့သည်မှအစပြု၍ စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒီကေဘီအေတပ်ဖွဲ့တို့စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင် လာခဲ့သည်။ အခြားသောလက်နက်ကိုင်အဖွဲ့ဖြစ်သော ကေအာန်ယူခေါ်ကရင်အမျိုးသားအစည်းအရုံး၊ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်းဒေသ) စသည့်အဖွဲ့များသည်လည်း ဘုံလုပ်ငန်းစဉ်များချမှတ်ကာ အချင်းချင်း စစ်ရေးအရ အကူညီမှုပေးရန် သဘောတူညီချက်ချမှတ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏လက်ရှိအနေအထားမှာ ရွေးကောက်ပွဲတွင် မဲလိမ်မှု မဲမသမာမှု ဘက်လိုက်မှုများကြောင့် အတိုက်အခံပါတီများမှ ကန့်ကွက်မှုအသံတွေဆူညံနေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း စစ်ရေး တင်းမာမှုရှိလာနေပြီးဖြစ်ပါတယ်။ ပေါက်ကွဲလုလုအနေအထားကိုရောက်နေပြီးဖြစ်သည်။ စစ်အစိုးရအနေ နှင့် လုံးဝအလျော့ပေးမည့်အနေအထားမရှိသောကြောင့် ယခုလည်းလာမည့်(၂၀၁၁) ခုနှစ်အတွက် တောတွင်း အရိုင်း စစ်ချီဗုံသံ တုံးခေါက်သံကြားစပြုနေပြီး။ လေးမြှားစွန့်မည်လော၊ လာမည့်ဘေးကိုရဲရဲ ပြေးတွေ့မည်လော၊ အတိုက်အခံအဖွဲ့အပြိုင်တိုးချဲ့ပြီး လေလှိုင်းစစ်ပွဲဆင်နွဲမည်လော၊ ကျစ်လစ်ခိုင်မာသောအဖွဲ့ဖြင့် စည်းလုံးညီညွတ် သော အင်အားနှင့်ရင်ဆိုင်မည်လော။ ဤအဆုံးအဖြတ်မှာ ကိုယ့်အပေါ်တွင်သာမူတည်သည်၊ လူတို့သည် ကိုယ့်သမိုင်း ကိုယ်ရေး၍ ကိုယ့်အတွေးကို ကိုယ်သာလျှင်ပိုင်သည်၊ ကျောက်ဆစ်ရုပ်ကိုလည်း မိမိကိုယ်တိုင် ထုနိုင်သည်။ သို့မဟုတ်ရေပေါ်၌လည်း ရုပ်ပုံလှလှများဆွဲခွင့်ရှိသည်။ ဆောင်းတွင်းအိမ်မက်ကိုလည်း မက်ခွင့်ရှိ သည်။ ဤကားလူတို့၏မွေးရာပါရွေးချယ်မူ အခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလော။

No comments: