Monday, January 24, 2011

နေတိုး အကယ်ဒမီ ရပြီ

ကိုစံလင်း

ရခိုင်အမျိုးသား ရုပ်ရှင်မင်းသား ကိုနေတိုး မနေ့က ပြုလုပ်သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲတွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိသွားကြာင်း သတင်း ရရှိသည်။

၂၀၀၉ ခုနှစ်အတွက် ရွေးချယ်ပေးအပ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအား နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင်ကဇာတ်ရုံတွင် ကျင်းပစဉ် ထိုသို့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

ကိုနေတိုး ရရှိသော အမျိုးသားဇာတ်ဆောင်ဆု ရရှိသော ဇာတ်ကားမှာ “ မိုးညအိပ်မက်မြူ” ဖြစ်သည်။

စစ်တွေအိုးတန်းရပ်ကွက်မှ ကိုရွှေကျော်အောင်မှ “ မနေ့က အကယ်ဒမီ ပေးပွဲမှာ ကိုနေတိုး အကယ်ဒမီ ရရှိသွားတော့ အားလုံး ၀မ်းသာကြပါတယ်။ သူရဲ့ တောက်ပြောင်တဲ့ သရုပ်ဆောင်မူတွေကြောင့် အကယ်ဒမီရတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

၂၀၀၉ ခုနှစ်အတွက် တခြား မြန်မာ့ရုပ်ရှင်ထူးချွန် အကယ်ဒမီဆုများကို အသံဆု ဆန်းဦးနှင့် အဖွဲ့ [အတိတ်ရဲ့အရိပ်]၊ ဓါတ်ပုံဆု ကိုကိုဌေးနှင့်အဖွဲ့ [အတိတ်ရဲ့အရိပ်] ၊ အမျိုးသမီး ဇာတ်ပို့ဆု စိုးပြည့်သဇင် [မိုးညအိပ်မက်မြူ] ၊ ဇတ်ညွှန်းဆု မြင့်ဦးဦးမြင့် [ကြိုးကြာတောင်ပံခတ်သံ]၊ တေးဂီတဆု ဓီရာမိုရ် [ဇော်က ကနေသည်]၊ တည်းဖြတ်ဆု ဇော်မင်း(ဟံသာမြေ) [ကျောက်စက်ရေဇာတ်ကား]၊ ဒါရိုက်တာဆု မီးပွား [ဇော်က ကနေသည်]နှင့် ဇာတ်ကားဆု ကို ကြိုးကြာတောင်ပံခတ်သံဇာတ်ကားမှ ရရှိသွားကြောင်း သိရသည်။

No comments: