Friday, January 28, 2011

ချင်းပြည်နယ်တွင် စစ်မှုမထမ်းမနေရ အမိန့် စစ်အစိုးရ အကောင်အထည်ဖော်

khonumthung

စစ်အစိုးရက ချင်းပြည်နယ် တောင် ပိုင်း မတူပီမြို့ နယ်အတွင်း ယခုလ ဇန္န၀ါရီ မှစပြီး လူဦး ရေစာရင်းပြန်လည် ကောက်ခံ နေကြောင်း၊ စစ်အစိုးရ လုပ်ရပ်သည် စစ်မှုမထမ်မနေရ အမိန့်ကို အကောင် အထည် ဖော်ခြင်း ဖြစ်ကြောင်း ပြည်သူတွေက ပြောကြ သည်။

ဘာကြောင့် လူဦးရေစာရင်းကောက်တယ်ဆိုတာ ရပ်ကွက် အာဏာပိုင်တွေ မပြောချင်ကြဘူး၊ စစ်မှု ထမ်းကိစ္စက လွဲလို့ တခြားမရှိဘူး ” ဟု မတူပီမြို့ပေါ်နေ ဒေသခံ တဦးက ပြောသည်။

အာဏာပိုင်တွေလုပ်ရပ်အပေါ် ဒေသခံများစိုးရိမ်နေကြပြီးလူငယ်များ မကျေမနပ်ဖြစ်နေကြသည်ဟု လည်း ထပ်မံသိရသည်။

” အတင်းအဓမ္မ စစ်မှုထမ်းဖို့ဖြစ်လာယင် လက်နက်ကိုင်ရမည့်အတူတူ ချင်းလက်နက်ကိုင်ပဲ လုပ်မှာ ပေါ့၊ ဒါမှ မဟုတ် ရွာ မှာ မနေရုံပဲ၊ ” ဟု ဒေသခံလူငယ်တဦးက ပြောသည်။

ဒေသခံလူကြီးတဦးကမူ ” သားသမီးတွေကို တိမ်းရှောင်ခိုင်းရုံပဲရှိတယ်၊ ဒါမှမဟုတ်ယင် ထောင်ကျ ကြမှာပဲ၊ ဘယ်လိုဖြစ် လာ အုံးမယ်တော့ မသိဘူး” ဟု ပြော သည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်စွဲပါ စစ်အစိုးရ၏ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အကြား အမျိုးသမီးများ စစ်မှုမထမ်း မနေရ ဥပဒေပြန်တမ်း သတင်းလောက သို့ ပေါက်ကြားလာပြီးနောက် ယခုကဲ့သို့ လူဦးရေစာရင်း ကောက်ခြင်းဖြစ်သည်။

ယခုလက်ရှိ မိသားစု ဦးရေ၊ ကျား မ၊ အသက်ဆိုပြီး စာရင်းကောက်ခံကြခြင်းဖြစ်ကြောင်း မကြာခင် အတွင်း တခြားမြို့ နယ်များတွင်လည်းကောက်ခံဖွယ်ရှိကြောင်း ပြောကြသည်။

” အဲဒါတွေက လွှတ်တော်မှာ လုပ်သင့်တဲ့ကိစ္စပါ၊ တပ်မတော်အစိုးရလုပ်ရပ်က လွှတ်တော်ကို အလေး မထားရာ ရောက် တယ်” ဟု ချင်းတိုးတက်ရေးပါတီလူကြီးတဦးက ပြောသည်။

No comments: