Wednesday, January 19, 2011

စိန်ကျော့ပြည်သူ့စစ်က ရမခစစ်တိုင်းရုံးထံ လယ်ထွန်ထော်လာဂျီလိုင်စင် ထပ်တောင်း

သျှမ်းသံတော်ဆင့်

ဦးလွယ်မောဝ်းနှင့် ဦးကိုင်ဖတို့ ဦးဆောင်သော စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ကလယ်ထွန်ထော်လာဂျီလိုင်စင် အတွက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ် (လားရှိုး) ထံ ထပ်မံတောင်းခံကြောင်း စုံစမ်းသိရှိရပါသည်။

လယ်ထွန်ထော်လာဂျီ ၁၀ စီးထက်မနည်း လိုင်စင်ချပေးဖို့အတွက် လားရှိုးတိုင်းစစ်ဌါနချုပ်ကို ထပ် တောင်းတယ်။ လိုင်စင်ချပေးရင် တရုတ်ပြည်ဖက် သွားဝယ်ရမယ်” ဟုစိန်ကျော့ပြည်သူ့စစ်မိသာစုဝင် တစ်ဦးက ပြောပါသည်။

စိန်ကျော့ပြည်သူ့စစ်၊ လွယ်ဖာကာလိပြည်သူ့စစ်နှင့် မိန်းခေးပြည်သူ့စစ်တို့အား ခွင့်ပြုပေးပြီးသား ကားအစီး ၃၀ အ တွက် လိုင်စင်ကို ဒီဇင်ဘာလနှောင်းပိုင်း စတင်အကောင်အထည်ဖော်လုပ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

“အခုရတဲ့ ကားလိုင်စင်အစီး ၃၀ ဟာ ဒုတိယအသုတ်ဘဲ။ ပထမအသုတ်က ရွေးကောက်ပွဲမတိုင်ခင်တုန်းက ၂၃ စီး ရပြီးပြီ။ ဒု-တပ်ရင်းမှူးနဲ့ အထက်အရာရှိတွေ ခပ်များများရကြတယ်” ဟု၎င်းကဆက်လက်ပြော ပါသည်။

တဖက်ကလည်း နအဖက စိန်ကျော့ပြည်သူ့စစ်နှင့် မိန်းခေးပြည်သူ့စစ်တို့အား လစဉ် ဓါတ်ဆီ ဂါလံပေါင်း ၁၂၀၀၀ ကို အစိုးရဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလနှောင်းပိုင်း၌ စိန်ကျော့ပြည်သူ့စစ်၊ လွယ်ဖာကာလိပြည်သူ့စစ်နှင့် မိုင်းခေးပြည်သူ့စစ်တို့အား ကားအစီး ၃၀၊ မူစယ်မြို့နယ် မိုင်းပေါ်ပြည်သူ့စစ် ၂ စီး၊ ကွတ်ခိုင်မြို့နယ် ဖောင်းဆိုင်ပြည်သူ့စစ် ၂ စီး၊ တာမိုးညဲပြည် သူ့စစ် ၂ စီး၊ နမ့်ခမ်းမြို့နယ် ပန်းဆေးပြည်သူ့စစ် ၂ စီးနှင့်နယ်ခြားစောင့်တပ်အသွင်ပြောင်း လိုက်သည့် (ယခင်ကေဒီအေ) ၁၅ စီး တို့ကို နအဖက ကားလိုင်စင်အသီးသီးချပေးခဲ့သည်။

No comments: