Tuesday, January 25, 2011

လှုပ်ရှားရဲတပ်ဖွဲ့ ရွာသူကြီးထံ ငွေ၊ဆန်နှင့် ဘိန်းစိမ်းတောင်း ရွာစာရေးကိုပါရိုက်နှက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ (ယခင် တပ်မဟာ ၁) အရေးပေါ်အစည်းအဝေး ကာလက ဂျညီးဦးဆောင်သော မိုင်းကောင် လှုပ်ရှားရဲ (လားဟူ) တပ်ဖွဲ့ကဒေသခံများထံမှငွေ၊ဆန်နှင့် ဘိန်းစိမ်း အဓမ္မ ကောက်ခံသည့်အပြင်ရွာစာရေးကို ပါရိုက်နှက် သေးကြောင်းဝမ့်ဟိုင်းဌာနချုပ်မှလာသော သတင်းအရသိရသည်။

တန့်ယန်းမြို့နယ် နားခါအုပ်စု ပန်ဖယ်ရွာမှာသွားတောင်းတာ။ ငွေသား ၅ သောင်းကျပ်။ ဆန်နဲ့ကြက်လဲတောင်း တယ်။ သူတို့ တောင်းတာကို သူကြီးရဲ့အကူ ရွာစာရေးက ပြင်ဆင်ပေးနေတုန်း သူတို့ကိုမထေမဲ့မြင်ပြုတယ်။ နှောင့်နှေးကြန့်ကြာအောင်လုပ် တယ်ဆိုပြီး ဘိန်းစိမ်း ၃၀ ကျပ်သားဒဏ်တပ်ပြန်တယ်။ နောက်ပြီး စာရေးကိုလဲ ကိုယ်ထိလက်ရောက်ရိုက်နှက်သေးတယ်” ဟု ဆို၏။

ဒီဇင်ဘာလကတည်းကစတင်၍ ယခုလ ၁၅ ရက်၌ ပြီးစီးသွားသော သျှမ်းပြည်တပ်မတော် အရေးပေါ်အစည်း အဝေးမှ တပ်ဖွဲ့စည်းမှု ၊ စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည်ဖွဲ့စည်းမှု အပြင် ၁၉၉၅ ကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့သော SSPP သျှမ်းပြည်တိုးတက်ရေးပါတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

No comments: