Monday, January 24, 2011

ထွက်ပြေးသွားသည့် ကလေးစစ်သားနှစ်ဦး မိဘထံဆက်သွယ်ပေးဖို့ တောင်းဆို

ခိုနူမ်းထုန်သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခလရ ၂၆၆၊ Fartlang တပ်စခန်းမှထွက်ပြေးသွားသည့် ကလေးစစ်သားနှစ်ဦးသည် ကျန်းမာစွာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အလုပ်လုပ် နေကြကြောင်း မိဘထံ အကြောင်းကြား ပေးဖို့ တောင်းဆိုကြ သည်ဟု သိရသည်။

” စစ်သားကို မလုပ်ချင်ကြလို့ထွက်ပြေးလာကြတယ်၊ မိဘကို ဘယ်လိုဆက်သွယ်ရမလဲမသိဘူး၊ မိဘကို ဆက်သွယ် ပေးကြဖို့ ကျတော်တို့နေကောင်းကြောင်းပြောပေးကြပါလို့ မှာကြတယ် ” ဟု မီဇိုရမ်ပြည်နယ်ရှိချင်းလူ့အခွင့် အရေး လှုပ်ရှားသူ တဦးက ပြောသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကျွဲတင်ရောင်း ကျေးရွာနေ အဘဦးကြည်သိန်း နှင့် အမိ ဒေါ် ရှမ်းမ တို့၏ သား ဦး ဖြစ်သူ
မောင်ပြည့်စုံဦး နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Lamtuk ကျေးရွာနေအဘ ဦးတင်ကျုံး နှင့် အမိ ဒေါ် Kaimang တို့၏ တဦးတည်းသော သား တပ်သား KhupHlei Mang တို့သည် ယခုလ ဇန္န၀ါရီလ ၁၅ ရက်နေ့ည ၇ နာရီခန့်တွင် စခန်းမှ
ထွက်ပြေးသွားကြခြင်းဖြစ်သည်။

” ကျတော် ရန်ကုန်မှာနေတဲ့ အမထံသွားဖို့ ပဲခူးဘူတာမှ စောင့်နေချိန်မှာ ခလရ၈၄ က တပ်ကြပ်ကြီး တယောက်က စ ခန်းကို ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားပြီးမန္တလေးစုဆောင်းရေးတပ်ကို ပို့တယ်၊ ပြီးမှ အပတ်စဉ် ၃၊ ၂၀၁၀ သင်တန်းကို တက်တယ်၊ မိဘ နဲ့လည်း တခါမှ မတွေ့ရတော့ဘူး ဟု တက်ခိုင်းတော့တာပဲ” ဟုကိုယ်ပိုင်အမှတ် တ၊ ၄၃၆၉၇၉ ကိုင် ဆောင် သူ တပ်သား ပြည့်စုံဦးက ပြောသည်။

တပ်သားပြည့်စုံဦးသည် စုဆောင်းရေးမ၀င်ခင် အသက် ၁၇ နှစ် ၅ လသာ ရှိပြီး၂၀၁၀ ခုနှစ် ဧပြီလ တွင် အဖမ်းခံရ ခြင်း ဖြစ်ပြီး
အခြေခံစစ်သင်တန်းဆင်းပြီးနောက် ခလရ ၂၉၉၊ ဟားခါးတပ်စခန်းသို့တာဝန်ချထားခံရကြောင်း၊ ၄င်း၏ နိုင်ငံသား မှတ်ပုံတင်ကိုလည်း ခလရ ၂၆၆ ၊ဟားခါးတပ်ရင်းမှ တပ်ကြပ်ကြီး တင်ထွန်းနိုင်မှ သိမ်းဆည်း ပေးထားကြောင်းသိရ သည်။

အလားတူ တပ်သား ခုပ်လှေမန်သည်လည်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်ခလရ ၂၆၆ ၊ ဟားခါး တပ်ရင်းမှ ဒုတပ်ကြပ် ၀င်းဇော် နှင့် အဖွဲ့ ၃ ဦးတို့ကLamtuk ရွာသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အဖမ်း ခံရခြင်းဖြစ် သည်ဟုသိရသည်။

“ကျတော်ရွာထဲမှာ ဆီ နှင့် ဆားဝယ်ဖို့ သွားတဲ့အချိန်မှာ စစ်သားတွေကဖမ်းတယ်၊ ကျတော့် ခြေ၊လက်တွေတုပ်ပြီး ဆိုင် ကယ်နဲ့ ခေါ်သွားကြတယ်၊ အမေကလာတောင်းပန်ပေမဲ့မရဘူး၊ အခု ကျတော့် မှတ်ပုံတင်လည်း တပ်ကြပ်ကြီးတဦးကသိမ်းဆည်းသွားတယ်၊ ပြည်တွင်း ၀င်လို့မရတော့ဘူး” ဟု အသက် ၁၈ နှစ်အရွယ်ရှိခုပ်လှေမန်းက ပြောသည်။

ကလေးစစ်သားနှစ်ဦး ထွက်ပြေးသည့် ကိစ္စနှင့် ပါတ်သက်ပြီး အဆိုပါ စခန်းမှူးတပ်ကြပ်ကြီးကို ချက်ချင်း နောက်တန်းသို့ ပို့လိုက်ကြောင်း၊ဒေသခံများကိုလည်း တဖက်နိုင်ငံသို့ အဆိုပါ စစ်သားငယ်နှစ်ဦးအားရှာဖွေခိုင်းကြောင်း သိရသည်။

No comments: