Friday, January 21, 2011

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်း ထုတ်ပြန်

သျှမ်းသံတော်ဆင့်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၃ ရပ်စလုံးတွင် အလိုအလျောက် ၂၅ ရာခိုင်နှုန်း ပါဝင်မည့်တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို နအဖပိုင် သတင်းစာက ယနေ့ထုတ်ပြန်လိုက်သည်။

ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး ၊ အမျိုးသားလွတ်တော်အတွက် ၅၆ ဦး နှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်လွတ်တော်အတွက် ၂၂၂ ဦးတို့၏ အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

၎င်းတပ်မတော်လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။

ယခုထုတ်ပြန်သည့် စာရင်းများအရ ဗိုလ်မှူးကြီးအဆင့်ရှိသူများ အများစုပါဝင်ပြီး ကြည်း ၊ ရေ ၊ လေ ၃ ခုအနက် ၈၀ ရာခိုင် နှုန်းခန့်သည့် တပ်မတော်ကြည်းမှ ကိုယ်စားလှယ်များ ဖြစ်သည်။

၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် လွတ်တော် ၃ ရပ်စလုံး အစည်းအဝေးကို နေပြည်တော်၌ ယခုလကုန်ခေါ်ယူကျင်း ပမည်ဖြစ်ရာ တပ်မတော်ကိုယ်စားလှယ်များ အပါအ၀င် နိုင်ငံရေးပါတီများမှ ရွေးကောက်ခံကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်သည်။

ထိုအချိန်မှစ၍ လွှတ်တော် ၃ ရပ် စတင်ဖွဲ့စည်းပြီး နအဖစိတ်ကြိုက် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ခေါ်ယူကျင်းပသည့် နေ့မှစ၍ တစ်နိုင်ငံလုံးတွင်အာဏာတည် မည် ဖြစ်သည်။

No comments: