Sunday, March 6, 2011

မြန်မာလေယာဉ်မှူး ၂ ဦး ရုရှတွင် လေယာဉ်ပျက်ကျသေဆုံး

မဇ္ဈိမသတင်းဌာန

ရုရှနိုင်ငံတောင်ပိုင်းတွင် စနေနေ့က လေယာဉ်တစီးပျက်ကျရာ မြန်မာလေယာဉ်မှူး ၂ ဦးအပါအဝင် လေယာဉ်ပေါ်ပါသူ ၆ ဦးလုံးသေဆုံးကြောင်း ရုရှသတင်းဌာန RIA Novosti သတင်းတရပ်တွင် ပါရှိသည်။

Belgorod မြို့မှ ၁၆၅ မိုင်အကွာ Garbuzovo ကျေးရွာနေအိမ်ပန်းခြံအတွင်း ပျက်ကျသွားသည်။


မြန်မာစစ်အစိုးရက ခရီးသည် ၁ဝဝ အထိစီးနင်းနိုင်သော An-148 အမျိုးအစား လေယာဉ်နှစ်စီး ရုရှားမှ မှာထားပြီး ပထမတစင်းကို ဤလအတွင်း မြန်မာနိုင်ငံ ပို့ရမည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti က ဆိုသည်။

လေယာဉ်ပျက်ကျခါနီး ရွာပေါ်သို့မကျအောင် မြန်မာလေယာဉ်မှူးတဦးက လမ်းကြောင်း ပြောင်းပေးသွားခဲ့သည်ဟု ရုရှသတင်းဌာန LifeNews မှ သတင်းစာဆရာတဦးက မဇ္ဈိမသို့ ပြောသည်။

လေယာဉ်ပျက်ကျစဉ်က မြေပြင်တွင် ပျက်ဆုံးဆုံးရှုံး သေဆုံးမှု မရှိကြောင်း သိရသည်။

No comments: