ကျောင်းသား (၂) ဦးအား အရက်တိုက် ယစ်မူး စေပြီး အတင်း အဓမ္မ မြန်မာ စစ်သား စုဆောင်းမှုတစ်ခု ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်ထဲ လွန်ခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့ သည်ဟု ဒေသခံများ ပြောသည်။အထက်တန်း ကျောင်းသား နှစ်ယောက်မှာ ၁၄ နှစ် အရွယ်နှင့် ၁၅ နှစ်အရွယ် ၉တန်းနှင့် ၁၀တန်း တက်နေကြ သည့် ပူတာအိုခရိုင်၊ ဆာခွမ်ဒမ်း ကျေးရွာ သားဖြစ် သည်ဟု ၎င်းကျောင်းသား နှစ်ဦးနှင့် နီးစပ် သူများက ဆိုသည်။
“သူတို့လေး တွေခု ငိုနေကြတယ်။ အိမ်ပြန်ချင်နေကြတယ်။ ဒါမဲ့ မြန်မာ စစ်တပ်က ခွင့်မပြုဘူး။ မိဘတွေ ကလည်း ဘာမှ မတတ် နိုင်ဘူး။” ဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
နှစ်ယောက်လုံးကို စစ်တပ် ထဲမှပြန်ခေါ် ထုတ်နိုင်ရန် ကြိုးစားခဲ့ မိပြီးနောက် ကလေး မိဘများ ပို၍ဒုက္ခ ရောက်ရပြီး အတူနေ ဒေသခံ ရွာသား များမှာလည်း ကျောင်းသား မိဘများ၏ တောင်းဆို သည်ကို မလိုက်လျောသည့် ဒေသခံမြန်မာ စစ်တပ်အပေါ် ဒေါသထွက် နေကြဟု သိရသည်။
အဓမ္မစစ်သားစုဆောင်းခံနေရသည့်ကျောင်းသားနှစ်ဦးအား မြန်မာပြည်အလယ်ပိုင်း မြန်မာစစ်စခန်းသို့ ပို့လွှတ်သွားရန် သိရှိရကြောင်း ဒေသခံများပြောနေကြသည်။
“စစ်တပ်ကပြောတာကတော့ သူတို့က ကလေးတွေကို အတင်းတိုက်တွန်းတာမဟုတ်ဘူး။ ကလေးတွေဖာသာ ဆုံးဖြတ်ကြတာ။” ဟု ဒေသခံက ဆက်ပြောပြသည်။
ပူတာအိုဒေသသည် ဝေးလံခေါင်ဖျားသည့်အတွက် အခြားအဖွဲ့အစည်းများထံမှ အကူအညီများရရှိရန် ခက်ခဲပါသည်။
“ဘယ်ဌာနဆိုင်ရာ၊ ဘယ်ရဲဌာနကမှ ကူညီဖို့မရှိဘူး။” ဟု ဒေသခံတစ်ဦးပြောသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (SPDC) က နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)နှင့် လက်တွဲကာ ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်မည့်အစား ကလေးစစ်သားစုဆောင်းနေသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (International Human Rights Watch) ၏ ၂၀၁၁ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပဋ္ဋိပက္ခထဲပါဝင်ကြတဲ့ အဖွဲ့တွေအားလုံးဟာ ကလေးစစ်သားစုဆောင်းလေ့ကျင့်ပေးနေဆဲဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ILO အဖွဲ့နဲ့ ကလေးစစ်သားပပျောက်ရေးသဘောတူထားတာတောင်မှ ကလေးစစ်သားတွေသုံးနေဆဲဖြစ်တယ်။” ဟု လူအခွင့်အရေးစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
မြန်မာစစ်အစိုးရနှင့် ဂျင်နီဗာအခြေစိုက် အိုင်အလ်အိုအဖွဲ့ သဘောတူညီမှုရရှိပြီးနောက် ၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ILO ဆက်ဆံရေးအရာရှိတစ်ဦး ထားရှိခဲ့သည်။
“မြန်မာစစ်တပ်မတော်ကြည်းဟာအစီရင်ခံစာပြုစုတဲ့ကာလာအတွင်းမှာပဲ ကလေးစစ်သားစုဆောင်းနေတာတွေ ဆက်လက်ပြီးတိုးတက် နေပါတယ်ဆိုတဲ့သတင်း ILO ကရရှိထားပါတယ်။” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက လုံခြုံရေးကောင်စီသို့ ၂၀၁၀ ခုနှစ် ဧပြီ ၁၃ ကတင်ပြခဲ့သည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၉ ဧပြီအထိ ကလေးစစ်သား ၂၆၅ ဦးအား မြန်မာစစ်တပ်က မိဘထံပြန်လည်အပ်နှံခဲ့သည်ဟု ယင်းအစီရင်ခံစာတွေ ဖော်ပြထားသည်။
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတွင် စုစုပေါင်း ကလေးစစ်သား ၇၀၀၀၀ ခန့်ရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများကဆိုသည်။
No comments:
Post a Comment