Wednesday, October 5, 2011

လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်​ကျော်များ​ အပိုင်း​ ၇၊

ခင်​မောင်စိုး

အမျိုး​သမီး​မဲထည့်​ခွင့်​ရ​ရေး​တိုက်ပွဲဝင်သူ ဆူဇန် အန်သိုနီ

သမိုင်း​ကို ပြန်ကြည့်​ရင် ဘယ်​နေရာ ဘယ်​ဒေသ ဘယ်အချိန် ဘယ်ကာ လမှာမှ လူ့​အခွင့်​ အ​ရေး​ကို အလွယ် တကူ ရခဲ့​တာ မရှိပါဘူး​။ ဒီမို က​ရေစီ နိုင်ငံ​ တွေမှာ​ တောင်မှ လူ့​အခွင့်​ အ​ရေး​ကို ပြင်း​ပြင်း​ထန်ထန် တိုက်ယူခဲ့​ ရတဲ့​ သာဓ က​တွေ အထင် အရှား​ ရှိပါတယ်။ လူ့​အခွင့်​ အ​ရေး​နဲ့​ ပတ်သက်ရင် ​ရှေ့​ဆောင် နိုင်ငံတခုဖြစ်တဲ့​ အ​မေရိကန် ပြည်​ထောင်စုရဲ့​ သမိုင်း​ကို ကြည့်​ရင် လည်း​ လူ့​အခွင့်​ အ​ရေး ​ရဖို့​ ပြင်း​ပြင်း​ ထန်ထန် တိုက်ပွဲ ဝင်ခဲ့​ရတဲ့​ အဖြစ်အပျက်​ တွေကို ​တွေ့​ရပါ လိမ့်​မယ်။ ဒီလို တိုက်ပွဲ​ တွေထဲမှာ အမျိုး​ သမီး​များ​ မဲထည့်​ခွင့်​ ရ​ရေး​ တိုက်ပွဲ ဟာလည်း​ တခု အပါ အဝင် ဖြစ်ပါတယ်။

အ​မေရိ ကန်ပြည်​ ထောင်စုဟာ အင်္ဂလိပ် လက်​အောက် က​နေ ၁၇၇၆ ခုနှစ်မှာ လွတ်​မြောက် လာပြီး​ တဲ့​နောက် ပထမဆုံး​ သမ္မတ​ရွေး​ကောက်ပွဲကို ၁၇၈၉ ခုနှစ် မှာ ပြုလုပ် ပါတယ်။ ဒီမို က​ရေစီ စနစ်ဆို တဲ့​အတိုင်း​ ၄ နှစ်တကြိမ် ​ရွေး​ကောက်ပွဲ​ တွေ လုပ်ပါတယ်။ ဒါ​ပေမယ့်​ အဲဒီ အချိန်မှာ ဘယ်ပြည် နယ်ကမှ အမျိုး​ သမီး​ တွေကို မဲ​ပေး​ခွင့်​ မပြုပါဘူး​။

အ​မေရိကန်ပြည်​ထောင်စုရဲ့​သမိုင်း​ အစပိုင်း​မှာ မိန်း​မ​တွေဟာ အနှိမ်ခံခဲ့​ရပါတယ်။ ​ယောက်ျား​တွေရဲ့​ ပိုင်ဆိုင်စရာ ပစ္စည်း​တခုလိုပဲ သ​ဘောထား​ခံခဲ့​ရပါတယ်။ အိမ်​ထောင်ပြုလိုက်ရင် သူ့​နာမည်ရင်း​ကို စွန့်​လွှတ်လိုက်ရပြီး​ သူ့​ပိုင်ဆိုင်မှု အား​လုံး​ကိုလည်း​ ခင်ပွန်း​ဖြစ်သူကပဲ စီမံထိန်း​ချုပ်ခဲ့​ပါတယ်။

အထူး​သဖြင့်​ ပညာ​ရေး​မှာ အမျိုး​သမီး​များ​ဟာ အမျိုး​သား​များ​နဲ့​ တန်း​တူအခွင့်​အ​ရေး​ မရခဲ့​ကြပါဘူး​။ အဆင့်​မြင့်​ပညာ သင်ကြား​ခွင့်​ဟာ ​ယောက်ျား​တွေအတွက်သာ ဖြစ်ခဲ့​ပြီး​စာသင်ခန်း​ထဲမှာ ​နေရာလပ်ရှိမှ အမျိုး​သမီး​တွေကို လက်ခံခဲ့​ပါတယ်။ ၁၉ ရာစုနှစ် မတိုင်မီကဆိုရင် ​ဆေး​ပညာနဲ့​ တရား​ဥပ​ဒေလို ပညာရပ်​တွေကို အမျိုး​သမီး​တွေ သင်ကြား​ခွင့်​မရခဲ့​ဘူး​လို့​ ဆိုပါတယ်။ ဒီလိုအ​ခြေအ​နေမှာ ရဲရင့်​တဲ့​ အမျိုး​သမီး​တဦး​ ​ပေါ်​ပေါက်လာပါတယ်။ သူ့​နာမည်က​တော့​ ဆူဇန် ဘ​ရောင်နဲလ် အန်သိုနီ ဖြစ်ပါတယ်။

ဆူဇန်အန်သိုနီကို ၁၈၂၀ ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၅ မှာ ​မွေး​ဖွား​ပါတယ်။ ဖခင်ဖြစ်သူက စည်း​ကမ်း​တင်း​ကျပ်တဲ့​ ​ကွေကာ ခရစ်ယာန်ဘာသာဝင်တဦး​ပါ။ သား​သမီး​ ၈ ​ယောက်ကို ငယ်စဉ်က​လေး​ဘဝမှာ အရုပ်နဲ့​ဆော့​ကစား​တာမျိုး​၊​ သီချင်း​ ဂီတနား​ထောင်တာမျိုး​ကို ခွင့်​မပြုခဲ့​ပါဘူး​။ ဒါ​တွေဟာ က​လေး​တွေရဲ့​ စိတ်ဓာတ်ကို ​ပျော့​ညံ့​ယိမ်း​ယိုင်​စေတယ်လို့​ ယုံကြည်တဲ့​အတွက် ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ကိုယ်ကိုယ်ကိုယ် တန်ဖိုး​ရှိရှိ ရှင်သန်နိုင်​အောင်ကိုယ့်​ခြေ​ထောက်​ပေါ် ကိုယ်ရပ်နိုင်​အောင် ပညာ​ရေး​ကို ကြပ်ကြပ်မတ်မတ် လမ်း​ညွှန်​ပေး​ခဲ့​ပါတယ်။ ​ကွေကာဘာသာဝင်​တွေဟာ စစ်ကို ဆန့်​ကျင်သလို ကျွန်စနစ်ကိုလည်း​ ဆန့်​ကျင်တဲ့​အပြင် ​ယောက်ျား​-မိန်း​မ တန်း​တူညီမျှမျှကို ယုံကြည်သူများ​လည်း​ ဖြစ်ပါတယ်။ ဆူဇန်ဟာ မိသား​စုအတွင်း​မှာ​ရော၊​ ဘာသာ​ရေး​အသိုက်အဝန်း​မှာပါ ​ယောက်ျား​လေး​တွေနဲ့​ တန်း​တူ ဆက်ဆံတာ ခံခဲ့​ရပါတယ်။ ဒီအသိုင်း​အဝိုင်း​ကြောင့်​ ဆူဇန်ဟာ အမျိုး​သမီး​အခွင့်​အ​ရေး​ တိုက်ပွဲဝင်သူ ဖြစ်လာခဲ့​တာပါ။

ဆူဇန်ဟာ အလွန်ညာဏ်ထက်မြက်သူဖြစ်တာ​ကြောင့်​ အသက် ၃ နှစ်အရွယ်ကတည်း​က စာ​ရေး​တတ် ဖတ်တတ်​နေပါပြီ။ အသက် ၆ နှစ်အရွယ်မှာ ​ကျောင်း​နေ​တော့​ သင်္ချာဆရာတ​ယောက်က ဆူဇန်ကို မိန်း​က​လေး​မို့​ မသင်​ပေး​နိုင်ဘူး​လို့​ ငြင်း​ပါတယ်။ ဒါကို ဖခင်ဖြစ်သူက မ​ကျေနပ်တဲ့​အတွက် သူ့​သား​သမီး​တွေအတွက် ​ကျောင်း​ကိုအိမ်မှာပဲဖွင့်​ပြီး​ သူကိုယ်တိုင် ဝင်သင်​ပေး​ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ မိသား​စုရဲ့​ စီး​ပွား​ရေး​ကို ကူညီတဲ့​အ​နေနဲ့​ ဆူဇန်အန်သိုနီဟာ ​ကျောင်း​ဆရာမ ဝင်လုပ်ပါတယ်။ အမျိုး​သမီး​တွေကို နှိမ်တဲ့​ ​ခေတ်ဖြစ်တာဆို​တော့​ သူရတဲ့​ လခဟာ အမျိုး​သား​ ​ကျောင်း​ဆရာ​တွေရတဲ့​ လခရဲ့​ ငါး​ပုံတပုံပဲ ရှိပါတယ်။ ဒါကို ဆူဇန်က မတရား​ဘူး​လို့​ မြင်တဲ့​အတွက် ပြင်း​ပြင်း​ထန်ထန် ကန့်​ကွက်​ပြောဆိုရာမှာ အလုပ်ဖြုတ်ခံရပါတယ်။ ဒါ​ကြောင့်​ တခြား​ကျောင်း​တ​ကျောင်း​ကို ​ပြောင်း​ပြီး​ အမျိုး​သမီး​ဌာနမှူး​အဖြစ် ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့​ပါတယ်။

အသက် ၂၉ နှစ်အရွယ်မှာ ​ကျောင်း​ဆရာအလုပ်က ထွက်ပြီး​ မိဘများ​ဆီကို ပြန်ပါတယ်။ ဒီအချိန်ကစပြီး​ ဆူဇန်ဟာ လူမှု​ရေး​လုပ်ငန်း​တွေထဲမှာ ပါဝင်ပါတယ်။ ပထမဆုံး​အ​နေနဲ့​ အရက်မ​သောက်သူများ​အသင်း​တခုမှာ ဝင်​ရောက်လှုပ်ရှား​တာပါ။ ဒီအခါမှာလည်း​ သူဟာ ​ယောက်ျား​-မိန်း​မ ခွဲခြား​မှုကို ခံရပြန်တယ်။ ​ယောက်ျား​တွေရဲ့​ အသင်း​ဖြစ်လို့​ ဆူဇန်ဟာ အစည်း​အ​ဝေး​တွေမှာ စကား​ပြောခွင့်​မရပြန်ပါဘူး​။ ဒါကို မ​ကျေနပ်တဲ့​အတွက် ဆူဇန်ဟာ အဲဒီအသင်း​က​နေ ထွက်ပြီး​ အမျိုး​သမီး​ အရက်မ​သောက်သူများ​အသင်း​ကို သီး​ခြား​တည်​ထောင်လှုပ်ရှား​ပါတယ်။

အသက် ၃၁ နှစ်အရွယ်မှာ သူ့​လိုပဲ လူမှု​ရေး​နိုင်ငံ​ရေး​မှာ တက်တက်ကြွကြွ ပါဝင်​ဆောင်ရွက်​နေတဲ့​ အယ်လိဇဘက်စတွန်တန်ကို ​တွေ့​ပါတယ်။ သူတို့​နှစ်​ယောက်ဟာ အမျိုး​သမီး​များ​ မဲ​ပေး​ခွင့်​ရရှိ​ရေး​အတွက် အား​သွန်ခွန်စိုက် ပူး​ပေါင်း​လုပ်​ဆောင်ကြပါတယ်။ ဆူဇန်အန်သိုနီဟာ အမျိုး​သမီး​များ​ မဲထည့်​ခွင့်​အတွက် လှည့်​လည်​ဟော​ပြောသလို ညီလာခံ​တွေ ကျင်း​ပနိုင်​အောင်လည်း​ ကြိုး​စား​ပါတယ်။ အမျိုး​သမီး​လက်မှတ်​တွေ စု​ဆောင်း​ပြီး​ အစိုး​ရထံ တင်ပြပါတယ်။

၁၈၆၁ က​နေ ၁၈၆၅ အထိ ဖြစ်ပွား​ခဲ့​တဲ့​ အ​မေရိကန်ပြည်တွင်း​စစ်အတွင်း​မှာ သူတို့​ဟာ ကျွန်စနစ်ဖျက်သိမ်း​ရေး​ကို ကြိုး​စား​ပါတယ်။ ကျွန်စနစ်ဖျက်သိမ်း​ရေး​နဲ့​ အမျိုး​သမီး​မဲထည့်​ခွင့်​ကို ​ရောပြီး​ကြိုး​ပမ်း​ပေမယ့်​ ကျွန်စနစ်ဖျက်သိမ်း​ရေး​ဥပ​ဒေက ​အောင်မြင်သွား​ပြီး​ အမျိုး​သမီး​မဲထည့်​ခွင့်​က​တော့​ မ​အောင်မြင်ဘဲဖြစ်ခဲ့​ပါတယ်။ ဒါ​ကြောင့်​ ၁၉၆၉ ခုနှစ်မှာ အမျိုး​သမီး​ မဲထည့်​ခွင့်​အသင်း​ကို ထူ​ထောင်ပါတယ်။

၁၉၈၆ ခုနှစ်မှာ အ​မေရိကန်အ​ခြေခံဥပ​ဒေအတွင်း​ ပြင်ဆင်ချက်ဥပ​ဒေတခုကို ထပ်မံထည့်​သွင်း​ပါတယ်။ ဒါက​တော့​ အ​မေရိကန်ပြည်​ထောင်စုအတွင်း​ ​မွေး​ဖွား​သူအား​လုံး​ဟာ အ​မေရိကန်နိုင်ငံသား​များ​ဖြစ်ပြီး​ တရား​ဥပ​ဒေဆိုင်ရာ ခံစား​ခွင့်​မှန်သမျှကို ရရှိနိုင်ရမယ်၊​ ငြင်း​ဆန်နိုင်ခြင်း​မရှိရဘူး​ဆိုတဲ့​ ပြင်ဆင်ချက်ပါ။ ဒါကို လက်​တွေ့​စမ်း​သပ်မယ်လို့​ ဆူဇန်အန်သိုနီက ဆုံး​ဖြတ်ပါတယ်။ အမျိုး​သမီး​တွေဟာလည်း​ နိုင်ငံသား​တွေဖြစ်တဲ့​အတွက် မဲ​ပေး​ခွင့်​ကို ​ယောက်ျား​တွေရသလို ရရမယ်၊​ မရဘူး​ဆိုရင် တရား​ဥပ​ဒေအရ ခံစား​ခွင့်​ကို အငြင်း​ခံရတာပဲ ဖြစ်တယ်လို့​ ဆူဇန်က ​ကောက်ချက်ချပါတယ်။ ဒါ​ကြောင့်​ ​ရွေး​ကောက်ပွဲမှာ မဲထည့်​ဖို့​အတွက် ၁၈၇၂ ခုနှစ် နိုဝင်ဘာ ၁ ရက်​နေ့​မှာ မှတ်ပုံတင် စာရင်း​သွင်း​ပြီး​ တခြား​အမျိုး​သမီး​ ၁၅ ​ယောက်နဲ့​အတူ ဆူဇန်အန်သိုနီဟာ မဲသွား​ထည့်​ပါတယ်။ ​နောက်သုံး​ပတ်အကြာမှာ သူတို့​အား​လုံး​ ဖမ်း​ဆီး​ခံရပါတယ်။ ဒါ​ပေမယ့်​ ဆူဇန်တ​ယောက်ကိုပဲ ရုံး​တင်တရား​စွဲပါတယ်။

တရား​သူကြီး​ဟာ အမျိုး​သမီး​မဲထည့်​ခွင့်​ကို ဆန့်​ကျင်သူဖြစ်တဲ့​အတွက် ရှည်ရှည်​ဝေး​ဝေး​ စစ်​ဆေး​မ​နေဘဲ ဒဏ်​ကြေး​ ​ဒေါ်လာ ၁၀၀ ​ပေး​ဆောင်ရမယ်လို့​ အမိန့်​ချလိုက်ပါတယ်။ ဆူဇန်က​တော့​ မတရား​တဲ့​ ဆုံး​ဖြတ်ချက်ဖြစ်တဲ့​အတွက် မ​ပေး​ဆောင်ဘူး​လို့​ ငြင်း​ဆန်ခဲ့​ပါတယ်။ အစိုး​ရဘက်က ဆက်လက်အ​ရေး​ယူခြင်း​ မရှိတာ​ကြောင့်​ ဆူဇန်အနိုင်ရတယ်လို့​ ​ပြောနိုင်ပါတယ်။

ဆူဇန်ဟာ အမျိုး​သမီး​မဲထည့်​ခွင့်​ရ​ရေး​အသင်း​ကို ပိုမိုအင်အား​ကောင်း​အောင် တခြား​အမျိုး​သမီး​အဖွဲ့​တွေနဲ့​ ပူး​ပေါင်း​ပါတယ်။ သူ့​မိတ်​ဆွေ အယ်လိဇဘက်စတွန်တန်နဲ့​ ​ပေါင်း​ပြီး​ အမျိုး​သမီး​မဲထည့်​ခွင့်​သမိုင်း​ဆိုတဲ့​ စာအုပ်ကြီး​ကို သုံး​တွဲ ခွဲထုတ်ပါတယ်။ ဆူဇန်တို့​ရဲ့​ တိုက်ပွဲဟာ ​အောင်မြင်မှု​တွေ ရရှိခဲ့​ပါတယ်။ ၁၈၉၃ ခုနှစ်မှာ ​ကော်လိုရာဒိုပြည်နယ်က အမျိုး​သမီး​မဲထည့်​ခွင့်​ဥပ​ဒေကို စတင်ပြဋ္ဌာန်း​ပေး​ပါတယ်။ ၁၉၀၆ ခုနှစ် အသက် ၈၆ နှစ်အရွယ်မှာ ဆူဇန်ကွယ်လွန်သွား​တဲ့​အချိန်အထိ ပြည်နယ် ၄ ခုက အမျိုး​သမီး​မဲထည့်​ခွင့်​ကို တရား​ဝင်ဥပ​ဒေ ပြဋ္ဌာန်း​ပေး​ခဲ့​ပါတယ်။

ဆူဇန်အန်သိုနီရဲ့​ အမျိုး​သမီး​များ​ မဲထည့်​ခွင့်​ရ​ရေး​တိုက်ပွဲဟာ သူကွန်လွန်ပြီး​ ​နောက် ၁၉၂၀ ပြည့်​နှစ်​ရောက်​တော့​ လုံး​ဝ ​အောင်ပွဲခံသွား​ပါတယ်။ အသက် ၂၁ နှစ်အထက် အ​မေရိကန်နိုင်ငံသား​ အမျိုး​သမီး​များ​အား​လုံး​ မဲထည့်​ခွင့်​ကို အ​ခြေခံဥပ​ဒေမှာ ပြင်ဆင်ချက်အမှတ် ၁၉ အဖြစ် ထည့်​သွင်း​သတ်မှတ်လိုက်ပါတယ်။ ဒီပြင်ဆင်ချက်ကို ဆူဇန်အန်သိုနီ ပြင်ဆင်ချက်ဥပ​ဒေလို့​ ​ခေါ်ပါတယ်။

ဆူဇန်အန်သိုနီ​ပြောခဲ့​တဲ့​ စကား​တခွန်း​ရှိပါတယ်။ “အမျိုး​သမီး​တွေကိုယ်တိုင် ဥပ​ဒေပြုအမတ်​တွေအဖြစ် အ​ရွေး​ချယ်ခံရပြီး​ တရား​ဥပ​ဒေ​တွေကို ပြဋ္ဌာန်း​နိုင်ခြင်း​ မရှိ​သေး​သ​ရွေ့​ ပြီး​ပြည့်​စုံတဲ့​ တန်း​တူညီမျှမှုဆိုတာ တည်ရှိလာမှာ မဟုတ်ဘူး​” တဲ့​။

No comments: