Wednesday, October 5, 2011

အစိုး​ရတပ် စစ်​ကြောင်း​ ​ပေါ်တာဆွဲ၊​ မလိုက်သူများ​ ​ငွေ​ပေး​ကြရ

ဒီဗွီဘီ

မြစ်ကြီး​နား​မြို့​က​နေ ဧရာဝတီမြစ် အ​ရှေ့​ဘက်ကမ်း​ကို ချီတက်​နေတဲ့​ အစိုး​ရစစ်တပ် စစ်​ကြောင်း​တွေက လမ်း​တ​လျှောက်မှာရှိတဲ့​ ​ကျေး​ရွာသား​တွေကို ​ပေါ်တာဆွဲ​နေပြီး​ ​ပေါ်တာမလိုက်ချင်တဲ့​သူ​တွေက ​ငွေ​ကြေး​ပေး​နေရပါတယ်။

ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က မြစ်ကြီး​နား​က​နေ တာ​လောကြီး​ဘက်ကို ချီတက် သွား​တဲ့​ စစ်​ကြောင်း​တွေက ​ကျေး​ရွာသား​တွေကို ​ပေါ်တာအဖြစ် ဖမ်း​ဆီး​နေပြီး​ ​ပေါ်တာ အဖမ်း​ခံထား​ရတဲ့​သူ​တွေကို အိမ်က​နေ ​ငွေနဲ့​ လိုက်​ရွေး​နေကြရတယ်လို့​ မြစ်ကြီး​နား​ ​ဒေသခံတဦး​က အခုလို ​ပြောပါတယ်။

“တာ​လောကြီး​ကိုသွား​တဲ့​ စစ်​ကြောင်း​တွေက ဧရာဝတီမြစ်တ​လျှောက်မှာရှိတဲ့​ ရွာ​တွေကို တရွာပြီး​တရွာ ဖြတ်သန်း​သွား​တဲ့​အခါမှာ ​ပေါ်တာ​တွေ ဆွဲတယ်။ ​ပေါ်တာဆွဲတဲ့​ထဲမှာ တချို့​က ​ငွေ​ကြေး​တတ်နိုင်တဲ့​သူ​တွေ ပါလာ​တော့​ အိမ်ကိုမှာပြီး​ တ​ယောက် ငါး​သိန်း​နဲ့​ ​ရွေး​ခိုင်း​တယ်လို့​ပြောတယ်။ အဲဒီက လွတ်လာတဲ့​သူ​တွေက ကျ​နော့်​ကို ​ပြောပြတာ။ ​ငွေ​ကြေး​မတတ်နိုင်တဲ့​သူ​တွေက ​ပေါ်တာလိုက်ရတာ​ပေါ့​။ ဟိုး​ကပ်၊​ တာပ​ဒေါင်မှာ အခုက ရွာသား​တွေ ဘယ်သူမှ မရှိ​တော့​ဘူး​။”

ပြီး​ခဲ့​တဲ့​ရက်ပိုင်း​တွေကစလို့​ ​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ် (မပခ)၊​ မိုး​ကောင်း​အ​ခြေစိုက် အမှတ် ၃ စစ်ဆင်​ရေး​ကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) လက်​အောက်ခံတပ်​တွေအပါအဝင် ​အောက်ပိုင်း​မှ မီး​ရထား​နဲ့​ ​ရောက်လာတဲ့​ တပ်မ လက်​အောက်ခံတပ်​တွေက ဧရာဝတီမြစ်အ​ရှေ့​ဘက်ဘက်ကမ်း​ရှိ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်(​ကေအိုင်​အေ) တပ်စခန်း​တွေကို ထိုး​စစ်ဆင်တိုက်ခိုက်ဖို့​အတွက် ချီတက်​နေရာမှာ အခုလို ​ကျေး​ရွာသား​တွေကို ​ပေါ်တာဆွဲ​နေတာပါ။

မြစ်ကြီး​နား​မြို့​၊​ ​ခေမာသီရိရပ်ကွက်​နေ (၂)ဦး​ တာ​လောကြီး​အနီး​က ဟိုး​ကပ်တာပ​ဒေါင်း​ နယ်အတွင်း​ ​ပြောင်း​သွား​ကောက်စဉ် စစ်​ကြောင်း​နဲ့​ ​တွေ့​ပြီး​ ​ပေါ်တာအဖမ်း​ခံခဲ့​ရလို့​ ​ငွေ​ပေး​ ​ရွေး​ခဲ့​ရတယ်လို့​ မြစ်ကြီး​နား​မြို့​ခံတဦး​က ​ပြောပါတယ်။

“အဲဒီလူနှစ်​ယောက်က တ​ယောက်က ကိုညီ၊​ တ​ယောက်က ဦး​ဂမ်​အောင်၊​ မြစ်ကြီး​နား​မြို့​ ​ခေမာသီရိရပ်ကွက်မှာ​နေတယ်။ ဟိုး​ကပ်တာပ​ဒေါင်း​မှာ ဖမ်း​မိတယ်​ပြောတယ်။ အသက်က(၃ဝ)ရှိမှာ​ပေါ့​။ သူတို့​က ​ပြောင်း​ကုန်သည် ​တွေ​ပေါ့​။ ​ပြောင်း​စိုက်တဲ့​အချိန်မှာ ​ငွေကြို​ပေး​တယ်။ ခု ​ပြောင်း​ပေါ်တဲ့​အခါ ​ပြောင်း​သွား​ကောက်ရင်း​နဲ့​။ ​ပြောင်း​ကို စက်​လှေနဲ့​ တင်လိုက်ပြီး​မှ ဆိုင်ကယ်နဲ့​ ပြန်ခဲ့​တယ်​ပြောတယ်။ ဆိုင်ကယ်နှစ်စီး​လည်း​ သူတို့​ သိမ်း​သွား​တယ်တဲ့​။ ဆိုင်ကယ်လည်း​ မရ​တော့​တဲ့​အပြင် အိမ်ကို ပိုက်ဆံလှမ်း​မှာပြီး​ အိမ်က ပိုက်ဆံလာပို့​တဲ့​ခါမှ လွှတ်​ပေး​ခဲ့​တယ်​ပြောတယ်။ တ​ယောက် ငါး​သိန်း​ ​ပေး​လိုက်ရတယ်။

မြစ်ကြီး​နား​မြို့​က​နေ ထွက်ခွာ​နေတဲ့​ စစ်​ကြောင်း​တွေနဲ့​အတူ လား​ အ​ကောင်​ရေ ရာနဲ့​ချီ ယူ​ဆောင်သွား​နေတဲ့​ကြား​ကပဲ အခုလို ​ကျေး​ရွာသား​တွေနဲ့​ ​ဒေသခံ​တွေကို ​ပေါ်တာဆွဲ​နေတာပါ။

No comments: