မန္တလေး၊ မုံရွာ၊ ရွှေဘို စတဲ့မြို့နယ် တွေဘက်မှာ ဗိုလ်ချုပ် ပုံပါ တဆယ် တန်တွေ လိုက်ဝယ် နေပါတယ်။ဗိုလ်ချုပ် အောင်ဆန်း ပုံပါ တဆယ် တန်တရွက်ကို ကျပ်တသောင်း ပေးမယ်ဆိုပြီး လိုက်ဝယ် နေတယ်လို့ ရွှေဘိုမြို့က နည်းပညာ တက္ကသိုလ် ကျောင်းပြီး ထားတဲ့ လူငယ် တဦးက ပြောပါတယ်။
ရွှေဘိုမှာ အခု သုံးလေး ရက်အတော အတွင်း အိမ်တိုင် ရာရောက် လာရောက် မေးမြန်း လိုက်လံ ဝယ်ယူ နေတာ ဖြစ်ပြီး လာဝယ် တဲ့သူတွေက မြို့ခံမဟုတ် ဘူးလို့လည်း ဆိုပါတယ်။
“အရင်က ပိုက်ဆံ ငွေတ ဆယ်တန်တွေ လိုက်ဝယ် နေတာ၊ ဘာကိစ္စ မှန်းမသိဘူး။ ကျနော်ကြား နေတာ အဲဒီ ပိုက်ဆံ တွေနဲ့ နိုင်ငံခြားက ဘဏ် တခုမှာ ဗိုလ်ချုပ်က အပ်ထားတဲ့ ရွှေချောင်း တွေကို အဲဒီ ပိုက်ဆံနဲ့ ထုတ်ယူလို့ ရတယ် လို့ကြား နေတာ။ အဲဒါကြောင့် တဆယ်တန် တရွက် ဆိုရင် တသောင်း လောက်ပေးပြီး ဝယ်နေ ကြတာ။”
မန္တလေးနဲ့ မုံရွာမြို့တွေဘက်မှာလည်း အခုရက်ပိုင်း ဗိုလ်ချုပ်ပုံပါ တဆယ်တန်တွေ လိုက်ဝယ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လိုက်ဝယ်နေတယ်ဆိုတဲ့ တဆယ်တန်က ဗိုလ်ချုပ်ပုံပါပြီး ငွေစက္ကူပေါ်မှာ ဒီငွေစက္ကူကို ငွေစက္ကူထုတ်ရာ ဌာနတိုင်း၌ လဲလှယ်ခွင့်ရှိကြောင်း အာမခံပါသည်ဟု ရေးသားထားပြီး စံလင်းဆိုသူက လက်မှတ်ရေးထိုးထားတဲ့ တဆယ်တန်ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမှာနေတဲ့ စာရေးဆရာ သတင်းစာဆရာ ဆရာကျော်ရင်မြင့်က ငွေစက္ကူလိုက်ဝယ်နေတာ ဟုတ်မှန်ကြောင်း၊ အဲ့ဒီငွေစက္ကူတွေ အမြောက်အမြား လက်ဝယ်ရှိထားသူ တဦးဦးကသော်လည်းကောင်း၊ တဖွဲ့ဖွဲ့ကသော်လည်းကောင်း မဟုတ်မမှန် သတင်းလွှင့်ပြီး သူတို့လက်ထဲရှိတဲ့ အဲ့ဒီငွေစက္ကူကို ထုတ်ရောင်းတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။
No comments:
Post a Comment