ဖနိဒါ
တလလျှင် ကျွန်းနှင့် သစ်မာ တန်ချိန် နှစ်သောင်း ထုတ်ခွင့်နှင့် အစိုးရ ထိန်းချုပ် နယ်မြေသို့ ဝ တပ်များ ဖြတ်သန်း သွားလာ ခွင့်တို့ အပါ အဝင် အချက် ခြောက်ခု အပေါ် မြန်မာ အစိုးရနှင့် ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA တို့ သဘောတူ ညီမှု မရနိုင် သေးဘဲ ဖြစ်နေ ကြောင်း ဝ အရာရှိ တဦးက ပြောသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်း တလလျှင် ကျွန်းနှင့် သစ်မာ တန်ချိန် နှစ် သောင်းအထိ ထုတ်ပိုင်ခွင့်၊ စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်၊ အစိုးရ ထိန်းချုပ်နယ်မြေသို့ ဝ တပ်ဖွဲ့များ သွားလာခွင့်၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ရပ်ရေး၊ တလျှင် ဆန်အိတ် နှစ်ထောင်၊ ငွေကြေး ထောက်ပံ့ရေးနှင့် ကန့်သတ်နယ်မြေအတွက် ကားလိုင်စင်များ ထုတ်ပေးရေးတို့အပေါ် ဆွေးနွေး ဆဲဖြစ်သည်ဟု ဆိုသည်။
ကျိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်း၊ လားရှိုးမြို့များသို့ သွားလာနိုင်ရန် ကားလိုင်စင်များ ထုတ်ပေးရန် ဝ ဘက်မှတောင်းဆို ထားသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ၊ ကြံ့ဖွံ့အတွင်းရေးမှူး ၂ ဦးသိန်းဇော်တို့နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ်တို့ ဦးဆောင်သောအဖွဲ့များနှင့် UWSA ဒုဥက္ကဋ္ဌ ရှောင်မီလျံ ဦးဆောင်သော အဖွဲ့ဝင်တို့ အောက်တိုဘာ ၁ ရက်နေ့က လားရှိုးမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့သည်။
ရက်မသတ်မှတ်ရသေးသော်လည်း နောက်တကြိမ် တွေ့ဆုံမှုကို ဝ တပ်၏ ဗဟိုရုံးစိုက်ရာ ပန်ဆန်းမြို့တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီထားသည်ဟု သိရသည်။
ဗဟိုအစိုးရအဖွဲ့နှင့် ဝ ခေါင်ဆောင်များ သဘောတူညီချက်များကို ယခုတပတ် စနေနေ့တွင် အောက်ခြေတပ်များသို့ပြန်လည် ရှင်းလင်းသွားမည်ဟု အခြား ဝ အရာရှိ တဦးက ပြောသည်။
UWSA နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရယူချိန်မှာဘဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့်မြန်မာ အစိုးရ တပ်ဖွဲ့များအကြား ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။ KIO တပ်မဟာ ၄ နယ်မြေဖြစ်သော ရှမ်းပြည်နယ် မူဆယ်၊ ကွတ်ခိုင်၊ တာမိုးနဲ ဒေသများမှ စစ်ပြေးဒုက္ခသည် ၁,ဝဝဝ ကျော်သည် တရုတ်- မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနား- လိုင်ဇာနှင့် ဗန်မော်ကားလမ်းပေါ်ရှိ ဝိုင်းမော်၊ ရွှေညောင်ပင်ကျေးရွာ၊ ဗန်မော်မြို့မှ မိုးမောက် ကားလမ်း ကြောင်းနှင့် တာလောကြီးကျေးရွာ စသည့်ဒေသများအတွင်း တပ်မ ၃၃၊ ၆၆နှင့် ၉၉ တပ်ဖွဲ့ အပါအဝင် ၁,ဝဝဝ ကျော်ခန့် တပ်အင်အား တိုးချဲ့ချထားသည်
No comments:
Post a Comment