Thursday, October 6, 2011

ရဲသတင်းတပ်ဖွဲ့ အရာရှိနေရာ စရဖဖြင့် အစားထိုး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) လားရိုးနှင့် မူစယ်မြို့နယ် အတွင်း တာဝန်ထမ်းဆောင်နေသော ရဲသတင်း အထူး တပ်ဖွဲ့ SB အရာရှိ နေရာများတွင်တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)မှ အရာ ရှိများဖြင့် အစားထိုးခန့် အပ်နေကြောင်း ခိုင်လုံ သည့် ရဲသတင်းရပ်ကွက် အဆိုအရ သိရသည်။

နေပြည်တော်မှ တိုက်ရိုက်ခန့်အပ်ခြင်း ဖြစ်ပြီး စရဖမှ ဗိုလ်မှူးဇော်လင်းနှင့် ဗိုလ်မှူးကောင်းဇေယျာတို့နှစ်ဦး သည် လားရိုး နှင့်မူစယ် ရဲသတင်းအထူးတပ်ဖွဲ့အရာရှိများအြဖစ် လွန်ခဲ့သည်လပိုင်းက ပြောင်းရွေ့ခန့်အပ် ထားကြောင်း သိရသည်။

၎င်း စရဖ အရာ ရှိများ ၀င်ရောက် လာမှု ကြောင့် ရဲသတင်း တပ်ဖွဲ့မှ အရာရှိများမှာ ရာထူးမတက်ပဲ အခြားနေရာ များသို့ ပြောင်း ရွေ့ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“အခု SB နေရာတွေကို စရဖတွေနဲ့အစားထိုးနေပြီ ဗိုလ်မှူးဇော်လင်းရော ဗိုလ်မှူးကောင်းဇေယျာရော စရဖ ကပဲ နေပြည် တော် ကနေတိုက်ရိုက်လာတာ ဒီက SB အရာရှိဆို ၃ ပွင့်ပဲ ရာထူးတက်ရတော့မယ်လေအခုရာထူး မတက်ပဲ ရဲတပ်ရင်းပို့ လိုက်တယ် ” ဟု သူက ဆိုသည်။

ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် နအဖစစ်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးလက်အောက်ရှိ ရဲတပ်ဖွဲ့ အရာရှိနေရာအားလုံးနီးပါးတွင် စစ်အရာရှိများဖြင့် အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။

No comments: