Thursday, October 20, 2011

မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ပြောင်းရွေ့

သျှမ်းသံတော်ဆင့်


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မပခတိုင်း မှူးဗိုလ်ချုပ်ဇေယျာအောင်အားတပ်မတော် လေ့ကျင့် ရေး အရာရှိ ချုပ် အဖြစ် အောက်တိုဘာ ၁၈ ရက်နေ့ တွင် နေရာပြောင်းရွေ့လိုက်ပြီး ၎င်းနေရာတွင် မပခ စစ်ဦးစီးမှူး G1 ဗိုလ်မှူးချုပ် ကိုကိုနိုင်ဖြင့် အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။

အလားတူ မပခ ဒုတိုင်းမှူးနေရာတွင် တနိုင်း ဒကစမှူးဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (မပခ) စစ်ဘက်သတင်းရပ်ကွက်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လတ်တလော KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး အစိုးရဘက်မှစစ်အရာရှိ များ ကျဆုံး နေချိန်တွင် ယခုရာထူးပြောင်းရွေ့မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယမန်နေ့က ဝိုင်းမော်မြို့နယ် ဂါးရာယန်တိုက်ပွဲတွင် ခမရ ၃၉၀ မှ တပ်ရင်းမှူး ကျဆုံးသွားပြီး မိုးမောက်မြို့နယ် ကျောက်စခန်းအနီး တိုက်ပွဲအတွင်း၌လည်း အစိုးရတပ်အရာရှိများ ကျဆုံးမှုရှိကြောင်း KIA သတင်းရပ်ကွက်မှ တဆင့် သိရသည်။

No comments: