Friday, October 7, 2011

သတင်း​ထောက်များ​၏အ​ကြောင်း​ အထူး​စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့​က လိုက်လံ​မေး​မြန်း

ရွှေအောင်

ရန်ကုန်က ဂျာနယ်သတင်း​ထောက်တချို့​နဲ့​ မြန်မာနိုင်ငံ အ​ခြေစိုက် ပြည်ပသတင်း​ဌာန​တွေက သတင်း​ထောက်တချို့​ကို အထူး​စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့​က လိုက်လံစုံစမ်း​မေး​မြန်း​နေပါတယ်။

ကာယကံရှင်သတင်း​ထောက်​တွေကို ​မေး​မြန်း​စုံစမ်း​တာမဟုတ်ဘဲ သူတို့​ ​နေအိမ်နဲ့​ ​နေထိုင်တဲ့​ ရပ်ကွက်ရုံး​တွေကို သွား​ရောက်ပြီး​ ဗုဒ္ဓဟူး​နေ့​က ​မေး​မြန်း​စုံစမ်း​ခဲ့​တာပါ။

ရပ်ကွက်ထဲ ​နေထိုင်ခြင်း​ရှိမရှိ၊​ သတင်း​ထောက်လုပ်တာ ဟုတ်မဟုတ် စတာ​တွေ ​မေး​မြန်း​စုံစမ်း​ကြတာလို့​ အယ်ဒီတာတဦး​က ​ပြောပါတယ်။

အခုလို ​မေး​မြန်း​စုံစမ်း​တာ​တွေ မလုပ်ခင်ကတည်း​က သတင်း​ယူတဲ့​နောက် တ​ကောက်​ကောက်လိုက်တာမျိုး​တွေ မကြာခဏကြုံရတယ်လို့​ သတင်း​ဂျာနယ်အယ်ဒီတာတဦး​က ​ပြောပါတယ်။

အထူး​သဖြင့်​ ​နေပြည်​တော် လွှတ်​တော် သတင်း​သွား​ယူအခါမျိုး​တွေမှာ သန့်​စင်ခန်း​ဝင်တာကအစ ​နောက်က​နေ ​နောက်​ယောင်ခံ လိုက်ကြည့်​နေတာမျိုး​ထိ ကြုံကြရတာလို့​လည်း​ ဆိုပါတယ်။

သတင်း​ရေး​သား​ဖော်ပြခွင့်​ကို အရင်ကထက်ပိုပြီး​ ​ဖော်ပြခွင့်​ပေး​နေချိန်မှာ အခုလိုမျိုး​ သတင်း​ထောက်​တွေကို လိုက်လံစုံစမ်း​မေး​မြန်း​တာ၊​ တ​ကောက်​ကောက် ​နောက်​ယောင်ခံ လိုက်​နေတာမျိုး​တွေကို လုပ်​နေတာနဲ့​ပတ်သက်လို့​ ရန်ကုန်တိုင်မ်း​ မီဒီယာဂရုပ်ဖ်ရဲ့​ အမှု​ဆောင်အရာရှိချုပ် ဦး​ကိုကို (စက်မှု) က ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ သတင်း​အဖွဲ့​တွေက ဒီအတိုင်း​ မှတ်ပုံတင်ပြပြီး​ ဝင်ကြရတာ မဟုတ်ဘူး​။ ရုပ်ရှင်ရုံမှာလို လက်မှတ်ဖြတ်ပြီး​ ဝင်လို့​ရတာမျိုး​မှ မဟုတ်တာ။ ကျ​နော်တို့​ အကုန်လုံး​က ကြိုတင်ပြီး​တော့​ အသိမှတ်ပြုထား​ရတယ်။ နိုင်ငံခြား​သတင်း​ထောက်​တွေဆိုရင်လည်း​ အသိအမှတ်ပြုပြီး​တော့​မှ တရား​ဝင် ဖြတ်သန်း​ပြီး​တော့​မှ စိစစ်ပြီး​တော့​မှ ခွင့်​ပြုထား​တဲ့​ လူ​တွေပဲ ဖြစ်တယ်။ လွှတ်​တော် သတင်း​ယူတယ်ဆိုရာမှာလည်း​ သတင်း​ယူမှာကို ကျ​နော်တို့​က တန်း​ပြီး​တော့​ မင်း​သွား​ဆိုပြီး​ သတင်း​ယူရတာမျိုး​လည်း​ မဟုတ်ဘူး​။ ကြိုတင်ပြီး​တော့​ လိုအပ်တဲ့​ ကိုယ်​ရေး​အချက်အလက်​တွေ ဘာ​တွေနဲ့​ ဖြည့်​စွက်ပြီး​တော့​မှ ယူရတဲ့​ လူ​တွေဖြစ်ပါတယ်။ ဆိုလိုတာက​တော့​ စိစစ်ခံပြီး​မှ ခွင့်​ပြုထား​တဲ့​ လူ​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဒီလူ​တွေကို​တော့​ ကျ​နော်က​တော့​ သတင်း​ယူတဲ့​အချိန်မှာ လွတ်လွတ်လပ်လပ် သတင်း​ယူခွင့်​ ​ပြော​စေချင်တယ်။

“လွှတ်​တော်လိုဟာ မျိုး​ကို​တောင်မှ လွတ်လွတ်လပ်လပ် ​ပြောဆို​ဆွေး​နွေး​ခွင့်​ ရ​နေပြီး​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်တာ အရင်တုန်း​က​တော့​ နိုင်ငံ​ရေး​အရ အစိုး​ရကို ​ဝေဖန်တာ​တွေ ​ပြောလို့​ မရဘူး​ဗျာ။ ​ဝေဖန်တာ​ပြောမိရင် ဒုက္ခ​ရောက်တယ်။ အခု ​ဝေဖန်​ပြောဆိုမှု​တွေကို​တောင်မှ တရား​ဝင်ခွင့်​ပြု​နေပြီ အခုဆိုရင် ငြိမ်း​ချမ်း​စွာ ဆန္ဒပြခွင့်​လို ဟာမျိုး​ကို​တောင်မှ ဥပ​ဒေကြမ်း​တွေ ထွက်​နေတဲ့​အချိန်မှာ ဒီလိုမျိုး​ သတင်း​အဖွဲ့​တွေ ​နောက်က​နေ ​နောက်​ယောင်ခံလိုက်တာတို့​ တခုခု လုပ်တာမျိုး​က​တော့​ စိတ်အ​နှောင့်​အယှက် ​ပေး​ရုံကလွဲလို့​ ဘာမှ အကျိုး​မရှိဘူး​လို့​ ကျ​နော် မြင်တယ်ခင်ဗျ။”

No comments: