Tuesday, October 11, 2011

မဲခေါင်မြစ်အတွင်း တရုတ်လူမျိုးများ အသတ်ခံရ

ဧရာဝတီ

ရွှေတြိဂံ ဒေသ မဲခေါင်မြစ် အတွင်း မကြာသေး ခင်က ဖြစ်ပွား ခဲ့သော တရုတ် နိုင်ငံ အလံ တပ်ဆင် ထားသည့် သင်္ဘော ၂ စီးမှ လူများ သတ်ဖြတ် ခံရမှု သည် ရှမ်း မူးယစ်ရာဇာ နော်ခမ်း နှင့် အဖွဲ့၏ လက်ချက်ဖြစ် နိုင်ကြောင်း ထိုင်း အာဏာ ပိုင်များက ယူဆ နေကြ သည်။

ထို သဘောင်္ များမှ အသတ်ခံ ထားရသော တရုတ် လူမျိုး ၁၂ ဦး၏ ရုပ်အလောင်း များကို မဲခေါင်မြစ် အတွင်း တွေ့ရှိ ရကြောင်း၊ မူးယစ် ရာဇာ နော်ခမ်း၏ လက်ချက်ဟု ထင်မြင်ကြောင်း ထိုင်း စစ်တပ် ဗိုလ်ချုပ် Prakarn Chonlayuth ၏ ပြောကြား ချက်ကို ယမန် နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း စာ၌ ဖော်ပြ ထားသည်။

ယင်း ၁၂ ဦး၏ ရုပ်အလောင်း များကို ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင် ချင်းစန် မြို့နယ် အတွင်း၌ ဗုဒ္ဓဟူးနှင့် စနေ့နေ့က တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၉ ဦး၏ ရုပ် အလောင်း များတွင် လက်ကိုကြိုး တုပ်၍ မျက်စိကို ပိတ်စည်း ထားသည် များကို တွေ့ရှိရ သည်ဟု ထိုင်း စစ်တပ်က ပြော ကြောင်း ၊ အားလုံး ၁၃ ဦး ဖြစ်ပြီး ကျန်တဦးမှာ ပျောက်ဆုံး လျက်ရှိ ကြောင်းလည်း ဘန်ကောက် ပို့စ်က ဆိုသည်။

နော်ခမ်း အဖွဲ့က ထိုသင်္ဘောများကို အပိုင်စီး၍ ဆက်ကြေးတောင်းသည်ကို ငြင်းဆန်မှုကြောင့် သင်္ဘောသားများ အသတ်ခံရခြင်း ဖြစ်နိုင်သည်ဟုလည်း ဗိုလ်ချုပ် Prakarn Chonlayuth က ပြောသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်တွင်လည်း Hua Ping နှင့် Yu Xing 8 Hao အမည်ရှိ ထိုကုန်တင်သဘောင်္များမှ စုစုပေါင်း သဘောင်္သား ၁၃ ဦးခန့်သည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

ထိုသဘောင်္၂ စီးကို ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ထိုင်းစစ်တပ်ကတားဆီးရာ မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း၊ Hua Ping သင်္ဘောပေါ်မှ စိတ်ကြွဆေးပြား ၅ သိန်း ၂ သောင်း နှင့် Yu Xing 8 Hao မှ ၄ သိန်း ကို ထိုင်း စစ်တပ်က သိမ်းဆီး ရမိကြောင်း၊ မူးယစ်မှောင်ခိုအဖွဲ့က သဘောင်္သားများကိုသတ်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း လည်း သတင်းစာ၌ ပါရှိသည်။

ယခုအခါ ယင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ထိုင်းနိုင်ငံ၊ ချင်းရိုင် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ချင်းစန်မြို့နယ် ရဲစခန်းမှ ရဲဗိုလ်မှူးကြီး (Pol Col Popkorn Khuncharoensuk ) က ဧရာဝတီသို့ ပြောသည်။

“အလောင်းတွေကို ၇ ရက်နဲ့ ၈ ရက်နေ့မှာ တွေ့တယ်၊ သေဆုံးသွားတဲ့ လူတွေကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ မိသား စုဝင်တွေကိုလည်း အကြောင်းကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။

သင်္ဘောသည် တရုတ် နိုင်ငံမှဖြစ်ပြီး တိုက်ခိုက်ခံရသည့် အကြောင်းနှင့် ပတ်သက်၍ စုံစမ်းနေဆဲ ဖြစ်ကြောင်း ရဲဗိုလ်မှူးကြီး Popkorn Khuncharoensuk က ဆက်ပြောသည်။

ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက ယင်း တိုက်ခိုက်မှုသည် နော်ခမ်းအဖွဲ့ဖြစ်သည်ဟု နီးစပ်သူများက ပြောပြ ကြောင်း၊ တရုတ်သဘောင်္များက ယင်းအဖွဲ့ကို ငွေပေးထားဖွယ် ရှိသော်လည်း သတ်ရသည့် အကြောင်းကို သေချာ မသိရှိရကြောင်း ဧရာဝတီသို့ ပြောသည်။

လာမည့် သီတင်းပတ်တွင် ချင်းမိုင်၌ ထိုင်းနှင့် တရုတ်အာဏာပိုင်များတွေ့ဆုံ၍ ယင်းကိစ္စကို ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။

အင်အား ၄၀၀ ခန့်ရှိ နော်ခမ်း အဖွဲ့သည် မဲခေါင်မြစ် တလျှောက် သွားလာနေသည့် ကုန်သဘောင်္များထံမှ ဆက်ကြေးကောက် ခံလေ့ရှိပြီး ထိုင်း နှင့် မြန်မာ အာဏာပိုင်များက အလိုရှိနေကြောင်း ဘန်ကောက်ပို့စ် ၌ ဖော်ပြသည်။

၂၀၁၀ ဖေဖော်ဝါရီလကလည်း မဲခေါင်မြစ်အတွင်း နော်ခမ်း၏ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံးခဲ့သည်။

နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင်လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်းဖြစ် သည်။

၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း၊ တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများ နှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

No comments: