Tuesday, October 18, 2011

KIA ဋ္ဌာနချုပ်အနီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ

သျှမ်းသံတော်ဆင့်


KIA ဋ္ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့ အနီးသို့ အစိုးရစစ်ကြောင်းများ အလုံးအရင်းဖြင့် ချဉ်းကပ်လာရာ နှစ်ဘက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း KIA စစ်ဘက်သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယမန်နေ့ ညနေပိုင်းမှ ယနေ့အထိ လိုင်ဇာမြို့မှ ၁၀ မိုင်ကျော်ခန့် ကွာဝေးသော မြစ်ကြီးနား - ဗန်းမော်ကား လမ်းဘေးရှိ နမ်ဆန်ယန်ရွာအနီးတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

“နမ်ဆန်ယန်ရွာနားမှာ မနေ့ညနေပိုင်း ၃ နာရီလောက်ကနေ စဖြစ်တယ် ဒီနေ့အထိ ကြိုကြားကြိုကြား ဖြစ်နေ တုန်း ပဲ တပ် မ ၃၃ ၊ ၆၆ အဲဒီတပ်တွေပါတယ် မန္တလေး၊ စစ်ကိုင်းဘက်ကတပ်တွေလည်းညှပ်ပြီးထည့်ထား တာပေါ့” ဟု KIA ရှေ့တန်းသတင်းရပ်ကွက်မှ ပြောသည်။

ဗန်းမော်ဘက်မှ လိုင်ဇာအနီးသို့ ချဉ်းကပ်လာသော အစိုးရတပ် အင်အား ၄၀၀ ကျော်ခန့်ရှိပြီး အဆိုပါ စစ်ကြောင်း နှင့် KIAတို့ လိုင်ဇာမှ ၁၀ မိုင်ခန့်ဝေးသော မန်မော်ရွာအနီးတွင် ယခုလ ၁၄ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သေး ကြောင်းသိရ သည်။

အလားတူ မြစ်ကြီးနား - လိုင်ဇာကားလမ်း ရွေညောင်ပင်အနီးတွင် KIAနှင့် အစိုးရတပ်တို့ ယမန်နေ့က အထိ ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး အစိုးရတပ်ဘက်မှ အထိအခိုက် အကျအဆုံးများပြားကြောင်း သိရသည်။

တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက - “တပ်တွေအလုံးအရင်းနဲ့ပို့နေတာ လိုင်ဇာကို ထိုးဖို့အစီ အစဉ် ရှိပုံရတယ် လက်နက်ကြီးတွေကို လားနဲ့တင်တယ် ၁၂၀ မမပေါ့ ၁၅၅ တို့ ၁၀၅ တို့ကျတော့ လားနဲ့တင်ဖို့မဖြစ် နိုင်ဘူးလား၊ အကောင်ရေ ၃၀၀ လောက်ရှိတယ် တချို့ကအရပ်ဝတ်တွေနဲ့လာတာ” - ဟု ဆိုသည်။

တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ လူ့အခွင့်အရေးချိုးဖေါက်နေပြီး ယခုလ ၁၆ ရက်နေ့က နမ်ဆန်ယန်ရွာ ကစ်သလစ် ဓမ္မဆရာ ဦးအောင်လီကို အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIA သတင်းရပ်ကွက်အဆိုအရသိရ သည်။

No comments: