Thursday, October 13, 2011

ပန်ဆေး ပြည်သူ့စစ် စခန်းကို KIA စီးနင်းတိုက်ခိုက်

သျှမ်းသံတော်ဆင့်


သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ နယ် ၁၂ မိုင် အနီးရှိ ပန်ဆေး ပြည်သူ့စစ် တပ်စခန်း တစ်ခု အား ယခုလ ၁၂ ရက် နေ့ ညပိုင်း ၁ နာရီခန့်တွင် KIA အဖွဲ့က ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးခန့် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်သူ တစ်ဦးကို တရုတ် ပြည် မန်စီမြို့ဆေးရုံသို့ ယမန်နေ့ နေ့လည် ပိုင်းက ပို့ဆောင်လိုက်ကြောင်း မျက်မြင် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လူနာအား မူစယ် - ကျယ်ဂေါင် ဆင်ဖြူ အဝင် အထွက် ဂိတ်မှ တဆင့် တရုတ်ပြည် အတွင်းသို့ သယ်ဆောင်ရာ တွင် တရုတ် အာဏာပိုင် များက ဝင်ခွင့် မပြု သဖြင့် နှစ်ဘက် အချိန် အတန်ကြာ အောင် ညှိနှိုင်း ခဲ့ရကြောင်း သူက ဆိုသည်။

“ဒဏ်ရာရတာတော့ ၅ ယောက်လောက်ရှိတယ် ဒဏ်ရာပြင်းတဲ့ တစ်ယောက်ကို မန်စီဆေးရုံပို့လိုက်တယ် ဆင်ဖြူ ဂိတ်မှာ တရုတ်က ဝင်ခွင့်မပြုဘူး ပြဿနာအတော်တက်တယ် နောက်ပိုင်းမှ ဝင်ခွင့် ပေးလိုက်တာ အခုမန်စီဆေးရုံ မှာ တက်နေ တယ် ” ဟု သူက ဆိုသည်။

၎င်းအဖွဲ့သည် နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာ ဋ္ဌာနေပြည်သူ့စစ် အဖွဲ့ဖြစ်ပြီး မူစယ်မြို့ Royal ဟော်တယ်နှင့် နယ်စပ်တစ် လျှောက်တွင် လောင်းကစားဝိုင်းများဖွင့်ခြင်း တရားမဝင်ကယ်ရီကုန်များ သယ်ယူပို့ဆောင်ပေးခြင်း စသည့်လုပ်ငန်းများမှ ရရှိသည့်ဝင်ငွေဖြင့် ရပ်တည်နေကြောင်း သိရသည်

ယခုရက်ပိုင်းအတွင်း KIA အဖွဲ့မှတရုတ် - မြန်မာနယ်စပ်ရှိ မြန်မာအစိုးရ စစ်တပ်စခန်းများကို စီးနင်းတိုက် ခိုက် နေရာ လွယ်ဂျယ်မြို့အနီးရှိဂျန်မိုင်ကောင်စခန်းကိုယခုလ ၁၁ ရက်နေ့က စီးနင်းသိမ်းပိုက်ခဲ့သေးကြောင်း သိရသည်။

No comments: