အန်အယ်လ် ဒီပါတီ ပြန်လည် တည်ထောင်ခွင့်ရဖို့ အတွက် လျှောက်ထား ခဲ့တဲ့ ၂၁ ဦးပါ အဖွဲ့ဝင် တွေကို နယ်မြေခံ သတင်း တပ်ဖွဲ့နဲ့ စုံစမ်း စစ်ဆေးရေး (စစစ) အဖွဲ့ ဝင်တွေက စစ်ဆေး နေတယ်လို့ သိရ ပါတယ်။မကွေးတိုင်း သတင်း တပ်ဖွဲ့က လာရောက် စစ်ဆေး သွားတာနဲ့ ပတ်သက်ပြီး ပထမ ၂၁ ဦးထဲမှာ ပါဝင်တဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် မကွေး တိုင်းက ဒေါ်ခင်စောဌေးက အခုလို ပြောပါတယ်။
“အန်တီကို စစ်တာ တော့ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက် လောက်က။ မကွေး တိုင်းကကို ဆင်းလာတာ။ ရဲသတင်း အထူး တပ်ဖွဲ့လို့ ခေါ်မှာပေါ့။ နောက်ပြီးတော့ စသုံးလုံးက သပ်သပ်။ ပြည်ထဲရေး လက်အောက်က လို့ ပြောတယ်။ နှစ်ဖွဲ့ လာတယ်။ သူတို့က ရဲနဲ့ မဆိုင်ဘူးတဲ့။”
၂၁ ဦး အဖွဲ့ဝင်တွေရဲ့ နိုင်ငံခြားက အထောက်အပံ့ခံရတာ ရှိသလား ဆိုတာကိုလည်း အဓိက စစ်ဆေးတယ်လို့ အစစ်ဆေးခံရတဲ့ ဒေါ်ခင်စောဌေးက ပြောပါတယ်။
“အန်တီတို့ ကိုလည်း ကိုယ်ရေးရာဇဝင် လာစစ်တယ်လေ။ အဓိက သူတို့လိုချင်တဲ့ အချက်က မူးယစ်ဆေးဝါးနဲ့ ကင်းလွတ်သလား၊ နိုင်ငံခြားအဖွဲ့တွေက ထောက်ပံ့မှု ခံရသလား၊ အန်ဂျီအို (အစိုးရမဟုတ်တော့ အဖွဲ့အစည်း) တွေနဲ့ ဆက်သွယ်သလား၊ ဒါတွေ အဓိက ထားတာလေ။ နောက်ပြီး အန်တီတို့ကို ဘာသင်တန်းတွေ တက်သေးလဲ၊ ဘာလဲပေါ့။ သူတို့က နိုင်ငံခြားက အသင်းတွေကို တရားမဝင် အဖွဲ့အစည်းလို့ သတ်မှတ်တာကိုး။ သူတို့က ကိုယ်ရေးရာဇဝင်တွေကို ယူသွားတာပေါ့။ ယူပြီးတော့ အန်တီတို့ ဓာတ်ပုံနဲ့ ယူသွားတယ်။ အန်တီတို့ကလည်း ရိုးရိုးသားသား လုပ်တဲ့သူဆိုတော့ ပေးတယ်လေ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကနေ ပါတီပြန်လည်တည်ထောင်ခွင့်ရဖို့ လျှောက်ထားရမှာ တိုင်းနယ် ပြည်နယ်က လူငယ်နဲ့ အမျိုးသားသမီးတွေကို အဓိကထားပြီး စုစုပေါင်း ၂၁ ဦးနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီ ၂၁ ဦးကို ဥပဒအရ လွတ်ကင်းမှသာ နိုင်ငံရေးတည်ထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုမယ်လို့ သိရပါတယ်။
No comments:
Post a Comment