
ပြည်သူ့ ကာကွယ်ရေး တပ် (PDF) ကို စတင် တည်ထောင် ခဲ့သည့် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်း ၁၈ နှစ်မြောက် အထိမ်း အမှတ် သံဃာ တော် များအား ဆွမ်းကပ် လှူဒါန်းပွဲကို ထိုင်း- မြန်မာ နယ်စပ် တောရ ကျောင်းတွင် ကျန်ရစ်သူ တပ် မိသားစု ဝင်များက ယနေ့ နံနက် ပိုင်းတွင် ပြုလုပ် ခဲ့သည်။
ဗိုလ်မှူးကြီး စိန်မြ ကျဆုံးသည့် နှစ်ပတ်လည် နေ့နှင့် ပတ်သက်၍ “ဗိုလ်မှူးကြီး စိန်မြဟာ မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ ထင်ရှားတဲ့ ၁၃၀၀ ပြည့် အရေး တော်ပုံနဲ့ စတင်ပြီး တော့ နယ်ချဲ့ ဆန်ကျင့်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး တွေကနေ (၈၈) အရေး တော်ပုံမှာလဲ ပါဝင်ခဲ့ပြီး ကျဆုံး သွားတဲ့ အချိန်အထိ ပြည်သူ လူထု ဘက်ကနေ ဒီမိုကရေစီ အရေးတွက် ပါဝင်ကြိုး ပမ်းခဲ့ တဲ့သူ ဖြစ်ပါတယ်၊ သူရဲ့ ဂုဏ် ကျေးဇူးကို သတိတရ ရှိတဲ့ အနေ နဲ့ရော နောင်လာ နောက်သား တွေအ နေနဲ့ ဒီသမိုင်း တွေကို သင်ခန်းစာ ရယူစေ နိုင်ဖို့ ရည်ရွယ်ပြီး အခုလို နှစ်စဉ် ပြုလုပ် နေတာ ဖြစ်ပါတယ်” ပြည်သူ့ ကာကွယ် ရေးတပ် နိုင်ငံရေး စစ်ရေးဦးဆောင် ကော်မတီ ဥက္ကဌ ဦးကျော်ထက်က ပြောသည်။
ဗိုလ်မှူးကြီး စိန်မြသည် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် မြန်မာ့ တပ်မတော် သမိုင်းတွင် ထိပ်ပိုင်း အရေးပါသည့် အခန်း ကဏ္ဍ များတွင် ပါဝင်ခဲ့ သူဖြစ်ပြီး စစ်တပ်ပြုပြင် ပြောင်းလဲရေး နှင့်ပတ်သက်၍ တစုံတရာ ပြောင်းလဲ မှုဖြစ်အောင် လုပ်ဆောင် နိုင်သည့် ပုဂ္ဂိုလ် တဦးဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ပြု လုပ်သည့် အခမ်း အနားတွင် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် တင့်ဆွေ (တင့်ဆွေ-ဖျာပုံ) ရေးသားသည့် “ကျောပိုး အိတ်ကလေး ကို ချီကာလွယ်” စာအုပ်မှ သမိုင်းအမှား များကို ပြင်ဆင် ပေးရန် တောင်းဆိုချက် ကိုလည်း ထုတ်ပြန် ခဲ့သည်။
“မဆလ ခေတ်က ဗိုလ်ချုပ် တဦးဖြစ်တဲ့ တင့်ဆွေ ဖျာပုံ ရေးထားတဲ့ စာအုပ် ထဲက ပြည်ပြေး ဌာနချုပ်ကို ဝင်ရောက် စီးနင်းခြင်းနှင့် သူသဂြိုင်္လ် ခဲ့သော အလောင်းများ ဆိုတဲ့ နေရာမှာ ဗိုလ်မှူးကြီး စိန်မြဟာ အရှေ့ ပိုင်းတိုင်းမှူး၊ ပြည်ထဲရေး ဝန်ကြီး အဲဒီကနေ အနား ယူသွား ပြီးတော့ သောင်းကျန်း သူနဲ့ ပေါင်းပြီး မွန်ပြည်သစ် ပါတီဝင်ဖြစ်သွားတယ်၊ နောက်တခါ ကေအန် ယူတွေ သေနတ်နဲ့ ပစ်သတ်ပြီး နတ်အိမ် ထောင်မှာ ပစ်ထား ခဲ့တယ်၊ အဲဒါကို သူရဲဘော် တွေက အကြောင်းကြားလို့ ကောင်းကောင်း သဂြိုင်္လ် လိုက်ပါ ကွာဆိုပြီး ပြောခဲ့ တယ်ဆို ပြီး ရေးထားတယ်၊ အဲဒီ အချက် အလက်တွေဟာ လုံးဝ အမှား တွေဖြစ်တယ်” ဟု ဦးကျော်ထက်က ဆက်ပြော သည်။
ဗိုလ်မှူးကြီး စိန်မြသည် မကွယ်လွန်မီ အချိန်ထိ မာနယ်ပလော ဌာချုပ်တွင် ရှိနေပြီး ပြည်သူ့ ကာကွယ်ရေး တပ် တပ်မှူးကြီး၊ ပြည်ထောင် စု မြန်မာ နိုင်ငံ အမျိုးသား ကောင်စီ နိုင်ငံရေး ဦးဆောင် ကော်မတီ အကြံပေး၊ စစ်ရေးကော် မတီဝင်၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ရဲ့ ဗဟို စည်းရုံးရေး ကော်မတီ ဝင်အဖြစ် ဆောင်ရွက် နေဆဲ ငှက်ဖျားပိုး ဦးနှောက် ထဲဝင်သည့် အတွက် ထိုင်းနိုင်ငံ၊ ဇင်းမယ် ဆေးရုံမှာ တက်ရောက် ကုသရင်း ကျဆုံး သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“သူ့ကို ဇင်းမယ်မြို့ မှာဘဲ သဂြိုင်္လ်ခဲ့ တာပါ၊ အဲဒီမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေလဲ ယနေ့အထိ သက်ရှိ ထင်ရှား ရှိနေ ပါတယ်၊ ကျနော်တို့ တုန့်ပြန် ချင်တာက ဗိုလ်မှူးကြီး စိန်မြ ကျဆုံး စဉ်မှာ စာရေးသူ ဗိုလ်ချုပ် တင့်ဆွေ ဆိုတာ တပ်မတော် ထဲမှာ မရှိတော့ ပါဘူး၊ ၈၈ အရေး တော်ပုံ ကာလ မှာဘဲ မဆလဟာ ချုပ်ငြိမ်း သွားပါပြီ၊ နောက်တခုက ဗိုလ်မှူးကြီး စိန်မြဟာ အသတ်ခံ ရတယ် ဆိုတာ မဟုတ်ဘူး၊ ငှက်ဖျားကြောင့် သေတယ်ဆိုတဲ့ ဆေးမှတ်တမ်း အထောက် အထား တွေလဲ ရှိပါတယ်” ဟု ပြောသည်။
စာရေးသူ ဗိုလ်ချုပ်တင့်ဆွေ (တင့်ဆွေ- ဖျာပုံ) အနေဖြင့် မြန်မာ့ သမိုင်းတွင် အစဉ်လာ ကြီးမားသည့် ပုဂ္ဂိုလ်အား ယခုကဲ့သို့ လွဲမှားစွာ သရုပ်ဖျတ်၍ ရေးသားခြင်း မှားယွင်းကြောင်း နောင်လာ နောက်သား များနှင့် ပြည်သူ လူထုကို သမိုင်းမှား အမှတ် မမှား ရအောင် စာရေး သူအ နေဖြင့် အမှား ပြင်ဆင်ချက် ရေးသားပြီး တောင်းပန်းဖို့ လိုကြောင်း PDF ဥက္ကဌ ဦးကျော်ထက်က ဆက်ပြောသည်။
No comments:
Post a Comment