၂၀၁၁ ခုနှစ်အတွက် နိုဘဲငြိမ်းချမ်းရေးဆုကို မတရားမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ ယီမင်နိုင်ငံက အမျိုးသမီးတဦးနဲ့ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးနှစ်ဦးကို ချီးမြှင့်လိုက်ပါတယ်။လိုက်ဘေးရီးယားသမ္မတ အယ်လင် ဂျွန်ဆန် ဆာလိ(ဖ်)၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေး လှုပ်ရှားသူ လေမာ ဂဘိုဝီးနဲ့ ယီမင် လူ့အခွင့် အရေး လှုပ်ရှားသူ တ၀ါကို ကာမင်တို့ကို နော်ဝေနိုင်ငံ အော်စလိုမြို့တော် ခန်းမမှာ စနေနေ့ ညနေက ဆုချီးမြှင့် သွားပါတယ်။
မစ္စစ်ဆာလိဖ်ဟာ အာဖရိကတိုက်မှာ ၂၀၀၅ ခုနှစ်တုန်းက ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ အမျိုးသမီးသမ္မတပါ။ လိုက်ဘေး ရီးယား အမျိုးသမီးတွေဘ၀ လုံခြုံမြင့်မားရေးနဲ့၊ ငြိမ်းချမ်းရေးအတွက် မစ္စစ်ဆာလိဖ်ရဲ့ ဆောင်ရွက်မှုတွေကို လူအများက ချီးကျူးကြ ပါတယ်။
လေမာ ဂဘိုဝီးကတော့ ၁၄ နှစ်ကြာ လိုက်ဘေးရီး ယား ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အကြမ်းမဖက် ဆန္ဒပြရာမှာ အမျိုးသမီးတွေ ပါဝင် လာအောင် ဆောင်ရွက်ခဲ့သူပါ။
သတင်းသမားတဦးဖြစ်တဲ့ တ၀ါကို ကာမင်ကတော့ ယီမင် လူ့အခွင့်အရေး လှုပ်ရှားသူပါ။ သူက အသက် ၃၂ နှစ်ပဲ ရှိသေးတာမို့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေထဲမှာ အသက်အငယ်ဆုံး ဖြစ်သလို ပထမဆုံး အာရပ်အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်ပါတယ်။
သတင်းသမားတဦးဖြစ်တဲ့ တ၀ါကို ကာမင်ဟာ ယီမင် နိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေမှာ ခေါင်းဆောင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဆုရ အမျိုးသမီးသုံးဦးဟာ အမေရိကန် ဒေါ်လာ တသန်းခွဲလောက်တန်တဲ့ ဆုချီးမြှင့်ငွေကို ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment