
အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့မှ သုံးလကြာ ပြန်ပြေး ဆွဲခံရပြီး နောက်ဆည် တည်ဆောက်မှုရပ်တန့် မည် ဟု သဘော တူညီ ချက်ဖြင့် ဩဂတ်စ် လဆန်း ပိုင်း က ပြန်ပေးဆွဲ အဖွဲ့က လွတ်ပေး လိုက်သည့် တရုတ် အင်္ဂျင်နီ ယာများ သျှမ်းပြည် တောင်ပိုင်း တာ့ဆန်း ရေကာတာ တည်ဆောက်မည့် နေရာ သို့ ပြန်လည် ရောက်ရှိ နေကြောင်း ဒေသခံ များပြောပြ ချက်အရ သိရှိရ ပါသည်။
“အခုမှ ရောက်တာမဟုတ်ဘူး။ နိုဝင်ဘာ လနှောင်းပိုင်းကတည်းက ပြန်ရောက်တာ။ ဆည်ပြန်စဖို့ ပြန်လာတာ ဘဲနေမှာပေါ့” ဟု လုံးခြုံရေး ယူပေးသည့် အစိုးရ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးကပြောပါသည်။
နိုဝင်ဘာ ၁၉ ရက် ထိုင်း သျှမ်းနယ်စပ်တနေရာ၌ မြန်မာအစိုးရ ကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်တို့ ကနဦးတွေ့ဆုံမှုပြုပြီးနောက်ပိုင်း တရုတ်အင်္ဂျင်နီယာ သုံးဦး လေ့လာရန်အတွက် တာ့ဆန်းဘက်လာရောက်လှုပ်ရှားခွင့်ပေးရန် တောင်းဆို လာသည်ဟု သျှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောင်ဆိုင်က ဤကဲ့သို့ ပြောပြပါသည်။
“ တရုတ်အမျိုးသား သုံးယောက်က တာ့ဆန်း ဘက် ၂၀၁၂ မေလ ထိ လေ့လာဖို့နဲ့ စစ်တမ်းကောက်ယူဖို့ အတွက် လှုပ်ရှားခွင့်ပေးဖို့ လာပြောတယ်။ သျှမ်းပြည်တပ်မတော်က ခွင့်ပြုလို့ သူတို့သွားတာပါ”
သျှမ်းပြည်သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာသည့် အဖွဲ့ခေါင်းဆောင် စိုင်းစိုင်းက ယခုကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ဝေဖန် ပြောဆိုမှုမပြုလိုသေးကြောင်း၊ မကြာခင် သံလွင် တာ့ဆန့်ရေကာတာ နှင့် ပတ်သက်သည့် အစီရင်ခံစာလည်း ထုတ်ပြန်ဖို့ ရှိနေကြောင်း၊ ယခင်က တရုတ်ကုမ္ပဏီ နှင့် အစိုးရတို့နှင့်သာ အတိုက်အခံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ အစိုးရနှင့်အပစ်ရပ်သွား သည့် သျှမ်းပြည် တပ်မတော်ကိုပါ မည်သို့ဆက်ဆံရမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောပါသည်။
သျှမ်းပြည်တပ်မတော်၏အတိုင်ပင်ခံစဝ်ပိုင်းမုန်းကမူ ပထမ ခြေလှမ်းအနေဖြင့် အပစ် ရပ်ခြင်းသည် မြန်မာ အစိုးရနှင့် မဟာ မိတ် ဖြစ်သွားပြီဟု သတ်မှတ်၍ မရသေးကြောင်း၊ ရန်သူအဖြစ်သာ ဆက်လက်ရှိနေသေး သည်ကို မမေ့ အပ် ကြောင်းပြောပါသည်။
တာ့ဆန်းရေကာတာ ဆောက်လုပ်ရေး စီမံကိန်းတွင် တရုတ်ကုမ္ပဏီ Changjiang Water Resources Commission (CWRC) Changjiang Survey, Planning Design & Research Co.,Ltd. မှ လူမောင်း လင်၊ လီစူး၊ ရန်ဟူးပင်း နှင့် လီကျန်းကျုံး (ဘာ သာပြန်) တို့ မေလဆန်းပိုင်းက စက်လှေတစီးဖြင့် သံလွင် မြစ်ညှာသို့ ဆန်တက်သွားစဉ် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဖမ်း ဆီးသွား ခဲ့သည်။ တရုတ်ကုမ္ပဏီက ၎င်းတို့၏လူများကို ကူညီရှာဖွေပေးရန် RCSS/SSA လွယ်တိုင်းလျဲန်းအား မေတ္တာရပ်ခံခဲ့သည်။ RCSS/SSA ကြားဝင် ကူညီပေးမှုဖြင့် ဩဂတ်စ် ၈ ရက် ၂၀၁၁ ၌ တရုတ်အင်္ဂျင်နီယာများ ဆည်ပြန်ဆောက်မှု ရပ်တန့်မည် ဟူသော ဝန်ခံချက်ဖြင့် စီမံကိန်းရုပ်သိမ်းက တရုတ်ပြည်သို့တပ်ခေါက်ပြန်သွားကြသည်။
တာ့ဆန်းရေကာတာ စီမံကိန်းသည် မိုင်းပန်မြို့နယ်(သံလွင်အနောက်ခြမ်း)နှင့် မိုင်းတုံမြို့နယ် (သံလွင် အရှေ့ခြမ်း) ကြားတွင် တည်ရှိသည်။ ၁၉၉၆ မှစ၍ ရွာပေါင်း ၁၅၀၀၊ လူဦးရေ ၃ သိန်း ကျော် နေရပ်မှ စွန့်ခွာရခြင်းသည် တာ့ဆန်းရေကာတာ စီမံကိန်း ကြောင့်ဟု လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့များက စွပ်စွဲခဲ့သည်။
No comments:
Post a Comment