မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သူနိုင်ငံ၏ လေတပ်ကို ခေတ်မှီသို့ လေတပ် တစ်ခု အဖြစ်သို့ တိုးချဲ့ တည်ဆောက် နေရာ များမကြာမှီက ကီလိုမီတာ ၅၀ အကွာအဝေးထိ ပစ်ခတ်နိုင်သော Missiles ဒုံးကျည်များကို တိုးချဲ့ တပ်ဆင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ Missile ဒုံးကျည် အမျိုး အစားမှာ မြေပြင်မှ ဝေဟင်ပစ် FM 90 ဖြစ်ပြီး ကီလိုမီတာ ၅၀ အထိ ပစ်ခတ် နိုင်သော စွမ်းရည် ရှိကြောင်း ဘင်္ဂလာဒေခ်ျ့ စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက် များက ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် FM 90 အမျိုး အစား ဒုံးကျည်များကို တရုတ်မှ ၀ယ်ယူပြီး လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များ အတွင်း အသုံးပြု သွားမည် ဖြစ်ကြောင်း ဆိုသည်။
တာတိုပစ် ဒုံးကျည်များကို လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက် ချထားမူကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေး ၀န်ကြီးဌာ၏ အကြီးအကဲ ဖြစ်သော ရှိတ်ဟာဆီးနာက မြန်မာသို့ မသွားမှီ တရက်အလို ဒီဇင်္ဘာလ (၄) ရက်နေ့က Missiles ဒုံးကျည်တပ်ဖွဲ့ ရာထူးခန့်အပ်လွှာ ပေးအပ်ပွဲတွင် တရားဝင် လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် အနေဖြင့် အခမ်းအနားတွင် ဒုံးကျည် တပ်ဖွဲ့၏ ချီတက် အလေးပြုခြင်းကို ခံယူခဲ့သလို လေတပ်အတွက် ၀ယ်ယူထားသော Missiles ဒုံးကျည်များကိုလည်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လေတပ် တပ်ဖွဲ့ဝင်များအား နိုင်ငံတော်အား မျိုးချစ်စိတ်ဓါတ် အပြည့်ဖြင့် ကာကွယ်ရန် ပြောဆိုခဲ့သည်။
ယခုကဲ့သို့ အခမ်းအနားမှာ လုပ်ရိုး လုပ်စဉ် ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ မသွားမှီ တရက်လိုတွင် ယခုကဲ့သို့ ထုတ်ဖေါ် ပြသခဲ့သဖြင့် စစ်ရေး လေ့လာ အကဲခတ်သူများကို အတွေးပိုစေခဲ့သည်ဟု သံတမန် အသိုင်းအ၀ိုင်းက ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ယခုအခါ အတော်အသင့် တိုးတက်ကောင်းမွန်လာသော်လည်း သူ့နိုင်ငံ၏ ရေပြင်နှင့် လေပြင်ကို ထိပါးနေသူများ ရှိသည်ဟု ဆိုကာ ကြည်းရေလေ တပ်မတော်ကို ခေတ်မှီ တိုးတက်အောင် ပြင်ဆင် မွန်းမံ လျက်ရှိသည်။
၎င်းပြင် ရေပြင်နယ်နမိတ်ကို စောင့်ရှောက်ရန်အတွက် ခေတ်မှီ ရဟတ်ယာဉ်များကိုလည်း ဘင်္ဂလာဒေခ်ျ့ ရေတပ်တွင် အသုံးပြု သွားတော့ မည်ဟု သိရသည်။
No comments:
Post a Comment