ဒီကနေ့ည မန္တလေးတောင် အားကစား ကွင်းမှာ ဖျော်ဖြေမယ့် အိုင်းယွန်း ခရော့ခ် ရှိုးပွဲ ကိုနေရာ ပြောင်းရွှေ့ လိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။နိုဘိုတယ် ဟိုတယ်ကို ပြောင်းရွှေ့ လိုက်ရတာ ဖြစ်ပြီး အဲဒီ အားကစား ကွင်းကို အသုံး ပြုခွှင့် မရတော့ တာလို့ ဒေသခံ တွေဆီက သိရ ပါ တယ်။
အဲဒီ အတွက် အသေးစိတ် သိရဖို့ အိုင်စီ အဖွဲ့က ကိုခင်မောင်သန်းကို ဆက်သွယ် မေးကြည့် ရာမှာတော့ “အဲဒါက ပွဲစီစဉ်သူ တွေပဲ သိမှာ ဗျ။ ကျနော်တို့ နေရာ ပြောင်းသွား တယ်တဲ့၊ နိုဘိုတယ် ဟိုတယ်ကို ပြောင်းလုပ် တယ်တဲ့ ကျနော် အဲဒါပဲ သိတယ်။”လို့ ဖြေဆို ပါတယ်။
မြန်မာ နိုင်ငံရဲ့ နာမည် အကြီးဆုံး အဖွဲ့လို့ ပြောလို့ ရတဲ့ iron cross (အိုင်စီ) တေးဂီတ အဖွဲ့မှာ လေးဖြူ၊ အငဲ၊ ၀ိုင်းဝိုင်း၊ မျိုးကြီး စတဲ့ နာမည် ကြီး အဆို တော်တွေ ပါဝင် ပါတယ်။
မန္တလေးတောင် အားကစားကွင်းကို လာမယ့်မတ်လပိုင်းမှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်းမှာ ဟောပြောခွင့် လျှောက်ထားပြီးနောက်ပိုင်း ဒီကနေ့ည ပြုလုပ်မယ့် အိုင်စီရှိုးပွဲ အစီအစဉ်လည်း နဂိုခွင့်ပြုပြီးမှ နေရာ ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပါတယ်။
အလားတူ ဒီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်ဟာ နေရာ အခက်အခဲကြောင့် ပျက်ခဲ့ရ ပါတယ်။ ဒီခရီးစဉ်အတွင်း ဗထူးအားကစားကွင်းမှာ ဟောပြောခွင့် မရခဲ့တာပါ။ မြန်မာ့ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုး ကျော် က ဗထူးကွင်းကို အားကစားဖွံ့ဖြိုးရေး လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပဲ အသုံးပြုလို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကြောင့် လက် မ ခံရခြင်း ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီစည်းရုံးရေးခရီးစဉ် မတိုင်ခင် ရက် ၂၀ ကျော်လောက်က အဆို တော် ၀ိုင်းစု ခိုင်သိန်းရဲ့ ရှိုးပွဲကို ဗထူး ကွင်းမှာ ကျင်းပ ခဲ့ပါတယ်။
No comments:
Post a Comment