
သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲနှင့် ရခိုင်မျိုးချစ် အဆိုတော် ၀င်းကိုခိုင်အား ဂုဏ်ပြုပွဲ အခမ်း အ နားကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
အခမ်းအနားကို မဟာချိုင်မြို့၊ ဝပ်ထစ်ကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့(မဟာ ချိုင်) မှ စည်တော်နှင့် ဗုဒ္ဓပူဇနိယအကတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ် ခဲ့ကြသည်။
သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာရှင်းလင်းပွဲနှင့် ကိုဝင်းကိုခိုင်အား ဂုဏ်ပြုဆု ချီးမြှင့် ပေးအပ်ပွဲ ပြုလုပ် ရခြင်း နှင့် ပတ်သက်ပြီး အခမ်းအနား စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာ ကိုဌေးဝင်းက ယခုလို ပြောကြား သည်။
" ပြည်တွင်းမှာ ပြည်ပမှာပါ ရခိုင်လူငယ်တွေဟာ အသောက်အစား အပျော်အပါးဘက်ကို ပိုလိုက်လာပြီး မိမိရေး အမျိုးသားရေး အပိုင်း တွေမှာ အားနည်းမူတွေ ရှိလာတယ်။ တဘက်မှာလည်း မိမိတို့ရဲ့ တောက်ပြောင်တဲ့ သမိုင်းတွေကို မသိတော့ ပိုပြီး ဖရိုဖရဲ ဖြစ်လာတဲ့ အနေအထားမျိုးတွေ ဖြစ်လာတာကို တွေ့ရတယ်။ ဒါကြောင့် ရခိုင်တစ်မျိုးသားလုံးက လေးစားကြည်ညိုတဲ့ ဆရာကြီး ဒေါက်တာ အေး ချမ်းတို့လို့ ပုဂ္ဂိုလ်တွေကို ခေါ်ပြီး ဟောပြောရင် ရခိုင်လူငယ်တွေ မိမိတို့ရဲ့ သမိုင်းတွေကို သိရမယ်။ အမြင်မှန်တွေကို ရလာမယ်။ ပိုပြီး တော့ မိမိတို့ အမျိုးသားအတွက် ဆောင်ရွက် လုပ်ကိုင်ချင်တဲ့ စိတ်ဓါတ်တွေ ၀င်လာမယ်။ နောက်တဘက်မှာ ကိုဝင်းကိုခိုင်ကို ခုလို ဆု ပေး ဖို့ စီစဉ်ရတာက သူဟာ နှစ်ပေါင်း ၂၀ ကျော် ရခိုင် ဂီတ အနုပညာ လမ်းကြောင်း အမျိုးသားရေး သီချင်းတွေကို ဆိုပြီး လျှောက် လှမ်း လာခဲ့တယ်။ သူက ရခိုင်အမျိုးသားတွေ ၉၉ ရာနုန်းက လေးစားချစ်ခင်တဲ့ အဆိုတော် တစ်ဦးဖြစ်တော့ သူလို လူတွေဒီပွဲမှာ လာရင် ဒီမှာရှိတဲ့ ရခိုင်လူငယ်တွေက အတုမြင် အတတ်သင်ွ ဖြစ်လာနိုင်တယ်။ ငါတို့ ရခိုင်ထဲမှာလည်း ဒီလို ပညာတတ်ကြီးတွေ အမျိုးသားရေး အတွက် လုပ်ဆောင်ပေးနေတဲ့ ဂီတသမားတွေ ရှိပါလားဆိုပြီး အားကျ အတုယူလိုတဲ့ စိတ်တွေ ရရှိစေလိုတဲ့ အတွက် ခုလို အခမ်း အနား ကို ကျင်းပရတာ ဖြစ်ပါတယ်" ဟု ပြောသည်။
အခမ်းအနားသို့ လူပေါင်း ၂၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ အကြား ပြုလုပ်သောပွဲတွင် အစည်ကားဆုံး အ ခမ်းအနား တစ်ခု ဖြစ်ကြောင်း ကိုဌေးဝင်းက ပြောသည်။
အခမ်းအနားတွင် ရခိုင်သမိုင်းကို လာရောက် ဟောပြောခဲ့သူ ဆရာကြီး ဒေါက်တာ အေးချမ်းကလည်း ယခုလို နိရဉ္စရာသို့ ပြောသည်။
No comments:
Post a Comment