Monday, February 20, 2012

ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်၊ မြို့နယ်ခွဲများ တိုးချဲ့ ဖွဲ့စည်းသင့်ဟု ENDP ပြော

တိုင်းရင်းသား လူမျိုး စုများ ဖွံ့ဖြိုး ရေးပါတီ ( ENDP) က ချင်းပြည် နယ်ဖွံ့ဖြိုးတိုး တက်ရေး အတွက် လက်ရှိ ချင်းပြည်နယ် အုပ်ချုပ် ရေးဖွဲ့စည်းမှုအား မြို့နယ်၊ မြို့နယ်ခွဲ များအဖြစ် တိုးချဲ့ ဖွဲ့စည်း သင့်သည်ဟု ယနေ့ ပြောဆို လိုက်သည်။

၎င်းတို့၏ ၆၄ နှစ်မြောက် ချင်း အမျိုးသားနေ့ကြေညာ ချက်ထဲတွင် ယခု ကဲ့သို့ ဖော်ပြခြင်း ဖြစ်ပြီး ဘာသာ စကား၊ စာပေ ရှိသော မျိုး နွယ် စုများ အား မြို့နယ်သုံး လေးခု အောက်တွင် မထား ရှိပဲ မြို့နယ် တခုတည်း သို့မဟုတ် သီးခြား မြို့ နယ်ဖွဲ့ စည်းပေး သင့်ကြောင်း ဆက် လက် ဖော်ပြ ထားသည်။

ဆက်လက်ပြီး လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ နိုင်ငံ ရေးအကျဉ်း သား များ အား လွှတ်ပေးခြင်း၊ ချင်း အမျိုးသား တပ်ဦး အပါ အ၀င် တိုင်းရင်းသား လက်နက်ကိုင် တချို့နှင့် ငြိမ်းချမ်း ရေးလက် မှတ် ရေး ထိုးခြင်း၊ မီဒီယာ လွတ်လပ် ခွင့်ပိုမို ပေးလာခြင်း အပေါ် အထူး ကြိုဆို ကြောင်း၊ အကျဉ်းသား ဆက်လက် လွှတ်ပေးရေး၊ ကျန် လက်နက် ကိုင်အဖွဲ့များနှင့် စစ် မှန်သည့် ငြိမ်းချမ်း ရေးတည် ဆောက်ရေးကို အရှိန်မြှင့် လုပ်ဆောင် သင့်ကြောင်း တိုက်တွန်း ထားသည်။

အီးအဲန်ဒီပီပါတီသည် ချင်းပြည်နယ်အတွင်း ထန်တလန်မြို့နယ်၊ မတူပီမြို့နယ် နှင့် ပလက်ဝမြို့နယ်ရှိ မရာ မျိုးနွယ်စု များအား အုပ်ချုပ် ရေးနယ်ပယ်တခုအောက်တွင် ထားရှိရေး၊ မရာမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စု များအား မိမိတို့ ဘာသာ၊ စာပေ အလိုက် အုပ်ချုပ်ရေး နယ်ပယ်တခုအောက်တွင် ထားရှိရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီ ဖြစ် သည်။

မရာမျိုးနွယ်စု အခြေခံဖွဲ့စည်းထားသည့် မရာပြည်သူ့ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် တနေရာရရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အီးအဲန်ဒီပီပါတီအနေဖြင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တနေရာ ရရှိထားသည်။

လက်ရှိချင်းပြည်နယ်ကို ၉ မြို့နယ်နှင့် ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ ရေဇွာ မြို့နယ်ခွဲ သုံးခုဖြင့် ဖွဲ့စည်းထားပြီး ချင်းပြည်နယ် ၀န်ကြီး ချုပ် ဦးဟုန်း ငိုင်၏ ချင်းပြည်နယ်တောင်ပိုင်း နောက်ဆုံး ခရီးစဉ်တွင် မြို့နယ်ခွဲကိစ္စ လေ့လာမှု ပြုသည်ဟု ပလက်ဝမြို့ နယ်မှ မီးဇာ ဒေသခံ တဦးက ဆိုသည်။

ကြေညာချက်ထဲတွင်ချင်းလူမျိုးများ၊ ချင်းအဖွဲ့အစည်းများ နှင့် ချင်းအမျိုးသားပါတီများအနေဖြင့် ပါတီစွဲ၊ ဒေသစွဲ စိတ်ဓါတ် မထားရှိပဲ ချင်းပြည်နယ်တိုးတက်ရာတိုးတက်ကြောင်း အား စုပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

No comments: