KHONUMTHUNG NEWS
ယခုလ ၁၆ ရက်နေ့ မနက် ၁၀ ခန့်က ချင်းတက္ကသိုလ်ကျောင်းသားတဦး ဆူပါဆလွန်းကားဖြင့် အတိုက်ခံရ ကြောင်းသတင်း ရရှိသည်။
အဆိုပါ ကျောင်းသားသည် ချင်းပြည်နယ် မင်းတပ်မြို့က ဆလိုင်းထန်းလိန်း၊ ပခုက္ကူ တက္ကသိုလ်တွင် ပထမ နှစ်ရူပဗေဒ ဘာသာရပ်ကို သင်ကြားနေသူဖြစ်ကြောင်း၊ ဆိုင်ကယ်ဖြင့် အဆောင်ကို အပြန် တက္ကသိုလ် ဂိတ် ပေါက်အထွက်မြိုင်လမ်းမှအရှိန်ဖြင့် မောင်းနှင်လာသော ကားက ၀င်တိုက်ခြင်းဖြစ်သည်။
ဆလိုင်းထန်းလိန်းသည် ဦးခေါင်း၊ လက်မောင်းနှင့် ခြေထောက်တွင် ဒါဏ်ရာရရှိပြီး အရိုးအထူးကု ဆေးရုံတွင် ကုသနေကြောင်း အသက် အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရသည်။
“ကားသမားနှင့် ကျတော်တို့ ပြေလည်အောင် ညှိနှိုင်းနေရတယ်၊ ကားသမားရဲ့ ကားရှေ့ခေါင်းလည်း အကုန် ပျက်စီးသွားတယ်၊” ဟု ချင်းကျောင်းသားတဦးက ပြောသည်။
ကားသမားသည် ရန်ကုန်မှ ပုဂံ – ညောင်ဦးကို ခဏတဖြုတ်အလည်လာသူဖြစ်ပြီး၊ ကားတိုက်တိုက်ချင်း ထွက် ပြေးတိမ်း ရှောင်သွား သော်လည်း တက္ကသိုလ်ကျောင်းသားများနှင့် ယဉ်ထိန်းရဲများက အချိန်မှီ ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရှိရသည်။အရိုး အထူးကု ဆေးရုံတွင် ကုသခံနေသူ ဆလိုင်းထန်းလိန်းအား သက်ဆိုင်ရာ ဌာနမှူးနှင့် ပါမောက္ခကိုယ်တိုင် သွားရောက် ကြည့်ရှုပြီး အားပေး စကား သွားပြော ခဲ့သည်ဟု သိရသည်။
ပခုက္ကူတွင် ပခုက္ကူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ ကွန်ပြူတာ တက္ကသိုလ် ဟူ၍ တက္ကသိုလ် ၄ ခုရှိပြီး ပခုက္ကူ တက္ကသိုလ်တွင် ချင်းကျောင်းသား ၂၀၃ ဦး၊ နည်းပညာတက္ကသိုလ် တွင် ၄၆ ဦး၊ ပညာရေး ကောလိပ်တွင် ၁၆၇ ဦးနှင့် ကွန်ပြူတာ တက္က သိုလ်တွင် ၅ ဦး စုစုပေါင်း ၄၂၁ ဦး ပညာဆည်းပူး နေကြသည်။ မြန်မာနိုင်ငံတက္ကသိုလ်အားလုံးအနက် ပခုက္ကူ နှင့် ကလေး တက္ကသိုလ် သည် ချင်းကျောင်းသား အများဆုံး တက်ရောက်သင်ကြားသည့် တက္ကသိုလ်ကျောင်းဖြစ်ကြသည်။
No comments:
Post a Comment