Monday, February 20, 2012

ကြားဖြတ်ရွေးကောက်ပွဲသည် အရေးအကြီးဆုံး မှတ်ကျောက်ဟု ကုလသမဂ္ဂပြော

ဒီဗွီဘီ

ကြားဖြတ် ရွေးကောက် ပွဲဟာ မြန်မာပြည် ဒီမို ကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ အစိုးရ အတွက် အရေး ကြီးတဲ့ မှတ်ကျောက် ဖြစ်တယ်လို့ မြန်မာ ပြည်ကို ၆ ရက်တာ လာ ရောက် ခဲ့တဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ် ဗီဂျေ နမ်ဘီ ယားက ပြောလိုက် ပါတယ်။

ကြားဖြတ် ရွေးကောက် ပွဲမှာ နိုင်ငံရေး ပါတီ အားလုံး တန်းတူ ရည်တူ လွတ်လွတ် လပ်လပ် ယှဉ်ပြိုင် နိုင်ဖို့ကို ကုလ သမဂ္ဂ ကိုယ်စား လှယ်က တိုက်တွန်း လိုက်တာကို ကုလ သမဂ္ဂရဲ့​ ​ပြန်ကြားရေး စာမျက် နှာမှာ​ ​ဖော်ပြ ထားပါ တယ်။

ကချင်ပြည် နယ်က အခြေ အနေတွေ တိုးတက် လာဖို့နဲ့ ဒုက္ခသည် တွေရဲ့ အခြေ အနေတွေ တိုးတက် လာဖို့လည်း လိုအပ် နေတယ်လို့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်ရဲ့ အကြံပေးက ပြောတယ်။

မြန်မာပြည်မှာ တဖက်နဲ့တဖက် မယုံကြည်တာတွေကို ကျော်လွှားပြီး၊ အားလုံးပါဝင် ဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကနေ ခိုင်မြဲတဲ့ ငြိမ်း ချမ်းရေး တည်ဆောက်နိုင်ဖို့ဟာ မရှိမဖြစ် အရေးကြီးတုန်းပဲ မစ္စတာ နမ်ဘီ​ယား​က ပြောပါတယ်။

နောက်ထပ် အရေးကြီးက ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမည့်​ ​ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက လက်တွေ့လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်​ ဖန်တီးရေးတို့အတွက်​ ​ပြုပြင်ပြောင်းလဲမှုတွေကို​ လုပ်ဆောင်ဖို့ ဗဟိုအစိုးရနဲ့ ဒေသ အစိုးရတွေမှာ တာဝန်ရှိတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

မစ္စတာ နမ်ဘီ​ယားဟာ သောကြာနေ့မှာ ခရီးစဉ်အဆုံးမသတ်ခင် မြန်မာပြည်မှာ ရှိနေတဲ့ ၆ ရက်အတွင်းမှာ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်၊​ ​ဒေါ်အောင်ဆန်းစုကြည်၊ လူထုအခြေပြုအဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

No comments: