
မကြာသေးမီက အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ခေါင်းဆောင်ခဲ့သူ အရှင် ဂမ္ဘီရအား ဓမ္မ စက် ဖြင့် ဆောင်ရွက်ရန် မဖြစ် နိုင်တော့သည့် အတွက် အာဏာစက်ဖြင့် အရေးယူရတော့ဟု ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော် ပြသည်။
ဘာသာ၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေးအလို့ငှာ ယခုကဲ့သို့ အရေးယူမည် ဖြစ်ကြောင်း သတင်းစာက ဆိုသည်။
အရှင်ဂမ္ဘီရမှာ ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ဖြင့် မြောင်းမြ အကျဉ်း ထောင်မှ လွတ်မြောက်လာပြီးနောက် အာဏာပိုင်များက ယခုကဲ့သို့ အရေးယူရန် စီစဉ်ခြင်းဖြစ်သည်။
ဦးဂမ္ဘီရသည် ထောင်ကလွတ်သည့်နေ့တွင် သင်္ကန်းဝတ်ခြင်း၊ တရားဥပဒေနှင့် ချိတ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းအား ၀င် ရောက်နေ ထိုင်ခြင်း၊ ခြောက်ထပ်ကြီးတိုက်ရှိ သာသနာ့သိပ္ပံကျောင်းနှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက် တို့၏သော့များကို ရိုက်ဖျက် ဖွင့်လှစ် ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း သတင်းစာတွင် စွပ်စွဲရေးသား ဖော်ပြသည်။
ယခုကဲ့သို့ အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် အရေးယူမည်ဟု သတင်းစာတွင်ဖော်ပြသည့်အပေါ် ရခိုင်အမျိုး သားကောင်စီ(အိန္ဒိယ) ဥက္ကဌ အရှင်အရိယာဝံသအား လျှောက်ထားကြည့်ရာ ယခုကဲ့သို့ သူ့အမြင်ကို မိန့်ကြားသည်။
" သံဃာ့ မဟာနာယက ဆိုတာ ၂၀၀၈ ဥပဒေနဲ့တက်လာတဲ့ အစိုးရရဲ့ နာယက အဆင့်မှာဘဲရှိတယ်။ အစိုးရက ဘယ်လောက် မခိုင်မာ မမျှတလည်း အဲဒီသံဃာ့မဟာနာယကလည်း ဒီတိုင်းဘဲ။ အစိုးရနဲ့ အလိုတူ အလိုပါ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ ဖြစ်တဲ့ အတွက် သူ တို့ စွပ်စွဲသလို ဦးဂမ္ဘီရ ဟာ တရား ဥပဒေကို ချိုးဖောက်တယ်ဆိုတာကို အတည်ပြုဖို့ သိပ်ခက်တယ်။ အစိုးရကိုလည်း မယုံကြည် ရသ လို သံဃာ့ မဟာနာယကိုလည်း ယုံဖို့ခက်ပါတယ်။ ရွှေည၀ါ ဆရာတော်ပြဿ နာမှာ ရပ်တည်ပုံနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ရပ် တည် ပုံ ကြည့်ရင် သံဃာ့မဟာနာယကဆိုတာ မင်းအလို လိုက် မင်းအကြိုက်ဆောင် အဆင့်မှာဘဲရှိတယ်" ဟု ပြောသည်။
သာသနာ့ဦးသျှောင် (ဘင်္ဂလာဒေ့ခ်ျ)ဌာန တွဲဘက်အတွင်းရေးမှူး ဆရာတော် ဦးစန္ဒာဝရမှလည်း ယခုကဲ့သို့ သုံးသပ်သည်။
" ဦးဂမ္ဘီရကို အခုလို လုပ်တာက အစိုးရက ဓမ္မကို အဓမ္မလုပ်နေတဲ့အတွက် ဖီဆန်တာ ဖြစ်တယ်။ ဂမ္ဘီရကို ဖမ်းဆီးထောင်ချချင်လို့ သူတို့က အမျိုးမျိုးကြံစည်တာ ဖြစ်တယ်။ ဘုရား လက်ကလည်း ရှိတယ်။ သြ၀ါဒ ပါတီမောက်နဲ့ဆုံးမလို့မရရင် အာဏာ ပါတီမေါက်နဲ့ ဖြေရှင်း ရတယ်။ အခုက ဦးဂမ္ဘီရမှာ ဘာအပြစ်မှမရှိဘူး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင် ပါဝင်ခဲ့လို့ ထောင်ကျခဲ့တယ်။ အခုက နိုင်ငံတော် အစိုးရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာပြီးမှ နောက်ထပ် အမျိုးမျိုး အပြစ်ရှာ စွပ်စွဲနေတာဟာ ဦးဂမ္ဘီရကို ထောင်ချချင်တဲ့အတွက်သာ ဖြစ်တယ်လို့ မြင်တယ်။"
အရှင်ဂမ္ဘီရအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေရှိ သံဃာ့မဟာနယက ဥက္ကဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသမှ ခေါ်ယူပြီး သြ၀ါဒ လမ်းညွန်ချက်များအတိုင်း လိုက်နာနေထိုင်ရန် လက်မှတ် ရေးထိုးခဲ့ပြီး ကတိဝန်ခံချက်များကို ဖောက်ဖျက် ချိုးဖောက်ပါက သံဃာ့အဖွဲ့စည်းဆိုင်ရာ ဥပဒေအရလည်း ကောင်း၊ တည်ဆဲ ဥပဒေအရလည်းကောင်း အရေးယူခံရမည်ကို ၀န်ခံကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း စာတွင် ဖော်ပြသည်။
အရှင်ဂမ္ဘီရမှ လက်မှတ်ရေးထိုးခဲ့သော်လည်း သံဃာ့ထုတရပ်လုံးကိုယ်စား သံဃာ့မဟာနာယက အဖွဲ့မှ သူ့ အား အကြောင်း ကြားစာ တွင်ဖော်ပြသည့်“ ခွင့်ပြုချက်မရှိဘဲ ပြစ်မှု ကျူးလွန်နေသော”ဟူသည့် စကားရပ်ကို ကန့်ကွက်ကြောင်း၊ ရွှေည၀ါဆရာတော် အရှင် ပညာ သီဟအား တလအတွင်း သာဓု ဗုဒ္ဓတက္ကကျောင်းတိုက်မှ ထွက်ခွာ ရန်နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်းနှင့် အကျဉ်းသား ၄၁၅ ဦးတွင် ပါဝင်သော ရဟန်း ၄၃ ပါးအား အကျဉ်း ထောင်မှ လွတ်မြောက်ရန် နိုင်ငံတော်သံဃာ့ မဟာနာယအဖွဲ့က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးအနက် ရှုတ်ချကြောင်းပါသည့် အချက် ၁၀ ချက်ကို ပြန်လည်လျောက်ထားခဲ့ကြောင်း သိရသည်။
အရှင် ဂမ္ဘီရမှယခုကဲ့သို့ ပြန်လည်လျှောက်ထားချက်အပေါ် သံဃာ့မဟာနာယက အဖွဲ့မှ မိမိတို့အား စော်ကား သည်ဟု ထင်မှတ်ပြီး ဓမ္မ စက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရန် တင်ပြရာမှ အစိုးရမှ ဖမ်းဆီး ချုပ်နှောင်ရန် စီစဉ် လာခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သံဃာ့နာယက အဖွဲ့ ဂုဏ်သိက္ခာ မြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာသန့် ရှင်းရေး ကိုပိုမိုဆောင်ရွက် နိုင်စေရေးအတွက် ၀ိနည်းဓမ္မကံ လုပ်ထုံး လုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံသူ နိုင်ငံသားတိုင်း လိုက်နာရမည့် တရား ဥပ ဒေကို အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်သည့်အပြင် ရဟန်းနှင့် မအပ်စပ်သည့် နိုင်ငံရေး မှိုင်းမိကာ ထင်ရာ စိုင်းနေသော ဦးဂမ္ဘီရ၊(ခ) စန္ဒောဘာသ(ခ) ညီညီလွင် ၃၃ နှစ်အား ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်များနှင့် အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
No comments:
Post a Comment