Friday, April 12, 2013

ဂျပန်ရောက်ရိုဟင်ဂျာတွေ ဒေါ်စုကို ကြိုဆိုခွင့်မပြု

ABC

မြန်မာအတိုက်အခံပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည် ​ဂျပန်နိုင်ငံကို ​လာရောက်လည်ပတ်တဲ့အခါကျရင် ​ကြိုဆိုဖို့အတွက် ​ရိုဟင်ဂျာတွေကို ​ခွင့်မပြုဘူးလို့ ​ဆိုပါတယ်။

ဂျပန်နိုင်ငံရောက် ​ရိုဟင်ဂျာ ​အဖွဲ့ခေါင်းဆောင်ရဲ့အဆိုရ ​ဒေါ်အောင်ဆန်းစုကြည် ​ကိုကြိုဖို့ ​အတွက်စီစဉ်သူတွေက ​ကြိုပွဲမှာ ​ပါဝင်ဖို့ ​သူတို့ကို ​အလိုမရှိဘူးလို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​အခုလာမယ့်စနေနေ့ကျရင် ​ဂျပန်နိုင်ငံကို ​သွားရောက် ​လည်ပတ်ဖို့ရှိပြီး ​1985-86 ​ခုနှစ်နောက်ပိုင်း ​ပထမဦးဆုံး ​သွားရောက်မယ့်ခရီး ​စဉ်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ခြောက်ရက်ကြာမယ့် ​ဂျပန်နိုင်ငံခရီးစဉ်အတွင်း ​ဂျပန်နိုင်ငံကိုရောက် ​မြန်မာလူမျိုးတွေနဲ့တွေ့ဆုံဖို့ရှိတယ်လို့ ​ယူဆရပြီး ​ဂျပန်နိုင်ငံဝန်ကြီးချုပ် ​ရှင်ဆိုအာဘေနဲ့ ​နိုင်ငံခြားရေး ​၀န်ကြီး ​Fumio ​Kishida ​တို့နဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ​ကြိုဆိုမဲ့ပွဲမှာ ​ဘယ်သူတွေက ​ပါဝင်မလဲဆိုတာကို ​ကြိုဆိုပွဲကိုစီစဉ်တဲ့ ​ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ ​ဆုံးဖြတ်ချက်နဲ့သက်ဆိုင်တာဖြစ်ပြီး ​နိုင်ငံခြားရေးဌာနနဲ့ ​ဘာမှသက်ဆိုင်မှုမရှိဘူးလို့ ​ဂျပန်နိုင်ငံခြားရေးဝန်ကြီး ​ကပြောပါတယ်။

ခန့်မှန်းချေအရ ​ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံသား ​အများဆုံးအယောက် ​တသောင်းလောက်ရှိတယ်လို့သိရပြီး ​ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ​ဇော်မင်းထွဋ်ရဲ့အဆိုအရ ​ဂျပန်နိုင်ငံမှာ ​ရိုဟင်ဂျာအယောက် ​၂၀၀နီးပါးရှိတယ်လို့ဆိုပါတယ်။

No comments: