Thursday, April 11, 2013

ထိုင်းရောက်ရိုဟင်ဂျာတွေမြန်မာက ဟုတ်ရင် ပြန်ခေါ်မယ်လို့ဆို

ABC

ထိုင်းနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​ရိုဟင်ဂျာ ​အယောက် ​၂၀၀၀ ​ဟာ ​မြန်မာနိုင်ငံ ​ရခိုင်ပြည်ကလူတွေ ​ဟုတ်မဟုတ်ဆိုတာကို ​မြန်မာအစိုးရက ​စစ်ဆေးမှာဖြစ်ပြီး ​ဟုတ်မှန်တယ်ဆိုရင် ​မြန်မာနိုင်ငံမှာ ​ပြန်လက်ခံမယ်လို့ ​သိရပါတယ်။

ထိုင်းနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​ရိုဟင်ဂျာတွေအားလုံးဟာ ​ရခိုင် ​ပြည်နယ်က ​ဖြစ်တယ် ​ဆိုတဲ့အပေါ် ​မြန်မာအစိုးရက ​သံသယ ​ရှိနေတာဖြစ်ပြီး ​အကယ်လို့ ​အဆိုပါ ​ရိုဟင်ဂျာတွေက ​မြန်မာနိုင်ငံကနေ ​ထိုင်းနိုင်ငံကို ​ထွက်ခွာသူတွေ ​မှန်မယ် ​ဆိုရင် ​မြန်မာ ​အစိုးရ ​အနေနဲ့ ​ပြန်လည် ​ခေါ်ယူ ​သွားမယ်လို့ ​နိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဍမောင်လွင် ​ပြောခဲ့တယ်လို့ ​ထိုင်းနိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​၂၀၀၀ ​ထဲမှာ ​၅၀၀ ​လောက်က ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေ ​ဖြစ်ကြတယ်လို့လည်း ​သိရပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ​ကျင်းပမဲ့ ​အာဆီယံအသင်းဝင်နိုင်ငံများ ​နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ​ဆွေးနွေးပွဲမတိုင်ခင် ​မြန်မာနဲ့ ​ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ ​တွေ့ဆုံဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ​ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ​မြန်မာအစိုးရအနေနဲ့ ​ထိုင်းနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​စစ်ပြေးဒုက္ခသည်တွေကိုလည်း ​မြန်မာနိုင်ငံကို ​ပြန်လာနိုင်အောင် ​ကူညီပေးဖို့ ​ဦးဝဏ္ဍမောင်လွင်ကို ​ပြောခဲ့တယ်လို့ ​သိရပါတယ်။

ဒုက္ခသည်စခန်းက ​လူတချို့ ​မြန်မာနိုင်ငံမှာ ​ပြန်လည်နေထိုင်လိုကြပေမယ့် ​မြေမြုပ်မိုင်းရန်တွေ၊ ​ဘဝပြန်လည်ထူထောင်ရာမှာ ​ကြုံတွေ့ရမယ့် ​စားရေး၊ ​သောက်ရေး ​အခက်အခဲ ​တွေအပေါ် ​စိုးရိမ်မကင်း ​ဖြစ်နေကြတယ်လို့လည်း ​ထိုင်းဝန်ကြီးက ​ပြောတဲ့အကြောင်း ​ဘန်ကောက်ပို့စ်သတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: