ABC
ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်း အဖွဲ့က မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ လူသားချင်းစာနာမှု အကူ အညီတွေနောက်ထပ် သုံးနှစ်ကနေ ငါးနှစ်အထိ ကူညီပံ့ပိုး သွားမယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းမန်း ရဲ့ပြော ပြချက် အရ သိရပါတယ်။
UNFC ကိုယ်စားလှယ်အဖွဲ့ဟာ နီပွန်ဖောင်ဒေးရှင်း အဖွဲ့ရဲ့ဖိတ်ခေါ်ချက်နဲ့ ဂျပန် နိုင်ငံတိုကျိုမြို့ကိုသွားရောက်ခဲ့ပြီး တိုင်းရင်းသား ဒေသက ပြည်သူတွေကို တစ်နှစ်တာ ကာလ အရေး ပေါ်ထောက်ပံ့ အကူအညီပေး ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ တယ်လို့ ပဒိုမန်းမန်း ကပြောပါတယ်။
ကျနော်တို့ အဓိကတော့ ကျန်းမာရေးနဲ့ ပညာရေးအလုပ်နဲ့ နောက် တချို့ ပြန်လည်ထူထောင်ရေး နဲ့ ပတ်သက်တဲ့ ဒီကိစ္စတွေလည်း တချို့ပါပါတယ်၊ အကြမ်းဖျဉ်းအားဖြင်ပဲ ကျနော်တို့ ဆွေးနွေး လာခဲ့တာပဲ။ တကယ်တမ်း သေချာဆောင်ရွက်ဖို့ကတော့ ကျနော်တို့ ဆက်ပြီးတော့မှ စီမံကိန်း လုပ်ငန်း တွေ သုံးနှစ်ကနေ ငါးနှစ်အထိ ဆိုတဲ့ ဟာမျိုးကိုတော့ စဉ်းစားထားတာ ရှိပါတယ်၊ သူတို့က ဒီထက်ပိုပြီးတော့တောင်မှ လိုအပ်ချက်ရိရင် ရေရှည်အထိပေါ့နော် ဒါတွေကို ကူညီမယ်လို့တော့ ပံ့ပိုး သွားမယ်လို့တော့ သူတို့ ဆွေးနွေး ပြောဆိုခဲ့ပါတယ်၊ သို့သော်လည်းပဲ လက်ရှိ အစိုးရအပေါ်မှာရဲ့ ဒီ နားလည်မှုနဲ့ လက်ခံနိုင်မှု ဆိုတာကလည်း မူတည်တဲ့အပေါ်မှာကတော့ အနှိမ့်ဆုံးအဆင့် ကတော့ ဒီ သုံးနှစ်ကနေ ငါးနှစ် အထိဆိုတဲ့ဟာမျိုး ။
ရေရှည်ဆက်လက်ကူညီသွားဖို့ဆိုတာကတော့ လက်ရှိအစိုးရအပေါ်မူတည်ပြီး နိုင်ငံရေး ပွင့်လင်းမှုတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ တိုးတက်လာမယ်ဆိုရင် နှစ်ကာလကြာရှည်စွာ ဆက်လက် ကူညီ ပံ့ပိုးပေးဖို့ရှိကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်း UNFC ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်ဝန်ကြီးချူပ် အပါအ၀င် အဆင့်မြင့် ခေါင်း ဆောင်တွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပြီး UNFC ဥက္ကဌ အန်ဘန်လ နဲ့ မြန်မာ့ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ပဒို မန်းမန်း က ဆက်ပြောပါတယ်။
ဂျပန်အစိုးရပိုင်းမှာကတော့ ပထမ တစ်ချက်က ကျနော်တို့ရဲ့ ဒီ အရေးပေါ် ကူညီမှုတွေ ၊ ဒုတိယ တစ်ပိုင်းကတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ရယ် ဆိုတဲ့ဟာတွေပေါ့နော်၊ အဲ့ဒီအပိုင်းတွေ အပေါ်မှာ သူတို့ ကူညီသွားမယ်ဆိုတဲ့ဟာကိုလည်း ပြောဆိုခဲ့တယ်။ နောက်တစ်ချိန်တည်းမှာ ဒီ ဗမာပြည်မှာ တင်ခဲ့တဲ့ ကြွေးမှီကိုလည်း လျှော်ချသွားမယ်ဆိုတဲ့ ဟာတွေလည်းပဲ ပြောဆိုခဲ့ပါတယ်၊ အဲ့ဒီအပြင်မှ တကယ့် ငြိမ်းချမ်းရေးကိစ္စအတွက် တိုင်းရင်းသား အရေး ကိစ္စက အဓိက ဆိုတဲ့ အကြောင်းကိုလည်းပဲ သူတို့ ထောက်ပြသွားခဲ့တယ်၊ ရှေ့ဆက်ပြီးတော့လည်း ဒီ ငြိမ်းချမ်းရေး ရရှိအောင် လုပ်သွားဖို့ ဆိုတဲ့ ဟာကိုလည်းပဲ သူတို့ ပြောဆိုခဲ့ပါသေးတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်တူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်တောင်စု တည် ဆောက်ရေး ဖြစ်ပေါ်လာနိုင်စေဖို့ အတွက် ဂျပန်နိုင်ငံအပါအ၀င် တခြားနိုင်ငံတွေ၊ အဖွဲ့အစည်း တွေရဲ့ အကူအညီတွေနဲ့ ကြိုးစားဆောင်ရွက်မှာ ဖြစ်တဲ့ အကြောင်း ပြောပြသွားတယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment