Friday, April 5, 2013

နေပြည်တော် အနောက်တောင်ပိုင်း ငလျင်လှုပ်

ABC

မြန်မာနိုင်ငံမှာ ​မနေ့က ​ငလျင်လှုပ်ခတ်ခဲ့ပြီး ​ပြင်းအား ​၅ ​ဒဿမ ​၇ ​မက်ဂနီကျုရှိတယ်လို့ ​သိရပါတယ်။

မန်မာ ​အစိုးရ ​ရုံးစိုက်ရာ ​နေပြည်တော်မြို့တော်ရဲ့ ​အနောက်တောင်ဖက် ​မိုင် ​၄၀ ​အကွာကို ​ဗဟိုပြုပြီး ​မြန်မာစံတော်ချိန် ​ညပိုင်း ​၉ ​နာရီ ​၄၆ ​မိနစ်မှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံ ​အလည်ပိုင်း ​ကနေ ​တောင်မြောက် ​သွယ်တန်းနေတဲ့ ​စစ်ကိုင်း ​ငလျင်ကြော ​တစ်လျောက်နဲ့ ​နီးစပ်တဲ့ဒေသတွေမှာ ​၁၉၃၀ ​ခုနှစ်ကနေ ​၁၉၅၆ ​ခုနှစ်အတွင်း ​ပြင်းအား ​၇ ​မက်ဂနီကျု ​ကျော်တဲ့ ​ငလျင်လှုပ်ခတ်မှု ​၆ ​ကြိမ်ရှိခဲ့တယ်လို့ ​အမေရိကန်နိုင်ငံ ​ဘူမိဗေဒ ​aလ့လာရေးအဖွဲ့ ​(USGS) ​က ​ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ​ငလျင်မကြာခဏလှုပ်ခတ်လေ့ရှိတယ်လို့လည်း ​ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ​နိုဝင်ဘာလက ​မန္တလေးမြို့တစ်ဝိုက်မှာ ​ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ​အဆောက်အဦးရာနဲ့ချီပြီး ​ပျက်စီးခဲ့ရသလို ​လူအသေအပျောက်လည်း ​ရှိခဲ့ပါတယ်။

ဒီငလျင်နဲ့ ​ပတ်သက်ပြီး ​ပျက်စီးမှုတွေ ​ရှိမရှိ ​မသိရပါဘူး။

No comments: