Tuesday, April 2, 2013

အစ္စလာမ်ဘာသာရေးကျောင်း မီးလောင် ၁၃ ဦးသေ

ABC

ရန်ကုန်မြို့မှာ ​ရှိတဲ့ ​အစ္စလာမ်ဘာသာရေးကျောင်းတစ်ကျောင်းမှာ ​မီးလောင်မှု ​ဖြစ်ခဲ့တဲ့အတွက် ​လူ ​၁၃ ​ဦးသေဆုံးပြီး ​အများစုက ​ကလေးငယ်တွေ ​ဖြစ်ကြတယ်လို့ ​သိရပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ ​ဒါဟာ ​လူမျိုးရေး၊ ​ဘာသာရေးပြဿနာကြောင့်မဟုတ်ပဲ ​လျှပ်စစ်ဝါယာလျော့ခ် ​ဖြစ်ခဲ့တဲ့အတွက် ​မီးလောင်မှု ​ဖြစ်ခဲ့တာလို့ ​ပြောပါတယ်။

ဒီဖြစ်စဉ်ကို ​ဘာသာရေး ​ပဋိပက္ခပုံစံအဖြစ် ​အင်တာနက် ​သတင်းတချို့ ​တက်နေတဲ့အတွက် ​အယုံမကြည်မရှိဖို့ ​ဝန်ကြီး ​ဦး ​ရဲ ​ထွဋ် ​က ​ဖေ့စ်ဘွတ် ​ကတဆင့် ​ပြောဆိုထားတဲ့အတွက် ​အများစုက ​ခုလို ​အလျင်အမြန် ​အသိပေးကြတဲ့အတွက် ​ဝန်ကြီးကို ​ကျေးဇူးတင်ကြပါတယ်။

အဲဒီထဲက ​တစ်ယောက်ကတော့ ​ကျောင်းဆရာတွေရဲ့ ​ပုဆိုးမှာ ​ဓာတ်ဆီတွေ ​ရွှဲနေတဲ့အကြောင်း၊ ​ကျောင်းသားတွေအကျီ ​င်္တွေမှာ ​ဓာတ်ဆီနံ့တွေ ​ရှိနေတာကို ​မီဒီယာတွေပါ ​တွေ့မြင်ခဲ့ရကြောင်း၊ ​မြန်မာနိုင်ငံမှာ ​အစ္စလာမ်ဘာသာကို ​မလိုလားတဲ့ ​အကြမ်းဖက်အုပ်စု ​တစ်စုကြောင့်သာ ​ပြဿနာ ​ဖြစ်နေတာလို့ ​ရေးသားထားပါတယ်။

ဦးရဲထွဋ်ကလည်း ​အဲဒီနေရာမှာ ​ကျောင်းဆရာတွေမရှိပဲ ​ကျောင်းသားတွေသာ ​ရှိတဲ့အကြောင်း ​လူ ​၇၀ ​လောက်ရှိတဲ့နေရာမှာ ​လူတွေမသိအောင် ​ဓာတ်ဆီလောင်းဖို့ဆိုတာ ​မဖြစ်နိုင်ကြောင်း ​တုန့်ပြန်ခဲ့ပါတယ်။

No comments: