Thursday, April 4, 2013

အစ္စလာမ်ဘာသာရေးကျောင်းမီးလောင်မှု စုံစမ်းရေးကော်မရှင်ဖွဲ့

ABC

ရန်ကုန် ​ဗိုလ်တစ်ထောင်မြို့နယ်က ​အစ္စလာမ်ဘာသာရေးကျောင်း ​မီးလောင်မှုကို ​စုံစမ်းဖို့ ​အစိုးရက ​ကော်မရှင်တစ်ရပ်ကို ​ဖွဲ့စည်းလိုက်ပြီ ​ဖြစ်ပါတယ်။

ဒီမီးလောင်မှုဟာ ​မကြာခင်က ​ဖြစ်ပွားခဲ့တဲ့ ​ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ ​ဆက်စပ်မှုရှိတယ်လို့ ​တချို့က ​သံသယဖြစ်ကြတာကို ​ရှင်းရှင်းလင်းလင်းသိရဖို့ ​ခုလို ​အဖွဲ့ဝင် ​၇ ​ဦးပါဝင်တဲ့ ​ကော်မရှင်ဖွဲ့ပြီး ​စုံစမ်းစစ်ဆေးမှုပြုလုပ်တာ ​ဖြစ်ပါတယ်။

မီးလောင်မှုဟာ ​လျှပ်စစ် ​မီးအား ​မြင့်စက်က ​ဖြစ်ပြီး ​ကျောင်း ​တာဝန်ရှိတွေရဲ့ ​ပေါ့ဆမှုကြောင့် ​မီးက ​ထိန်းမရပဲ ​သေဆုံးတဲ့အထိ ​ဖြစ်ရတာလို့ ​ရဲတွေက ​ပြောနေပြီး ​ရဲတွေရဲ့ ​သက်သေ ​အထောက်အထား ​တွေကိုလည်း ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ကို ​လွဲပြောင်းပေးအပ်လိုက်ပြီလို့ ​ရဲအရာရှိ ​ဦးမြင့်အေးက ​အေဖက်ပီသတင်းကို ​ပြောပါတယ်။

မီးလောင်မှုနဲ့ ​ပတ်သက်ပြီး ​ဆရာတစ်ဦးကို ​မေးမြန်းဖို့ ​ရဲတွေက ​ထိန်းသိမ်းထားပြီး ​နောက်တစ်ဦးက ​ထွက်ပြေးနေတဲ့အတွက် ​ရှာဖွေမှုတွေ ​ပြုလုပ်နေကြပါတယ်။

ကျောင်းတာဝန်ရှိက ​သူတို့ရဲ့ ​ပေါ့ဆမှုကြောင့် ​ဖြစ်ရတယ်ဆိုတာ ​ပြောဖို့ ​ဝန်လေးတဲ့အတွက် ​မီးလောင်မှုဟာ ​ရှို့မီးဖြစ်တယ်လို့ ​ကောလဟာလတွေ ​လျောက်ပြောနေတာဖြစ်တယ်လို့လည်း ​အာဏာပိုင်တွေက ​ပြောပါတယ်။

အဲဒီကျောင်းမှာ ​ကလေး ​အယောက် ​၇၀ ​လောက်ရှိပြီး ​သေဆုံးသူ ​၁၃ ​ဦးက ​မီးခိုးမွန်ပြီး ​သေဆုံးတာလို့ ​ရဲတွေက ​ပြောပါတယ်။

အစပိုင်းတုန်းက ​ရှို့မီးဖြစ်နိုင်တယ်လို့ ​သံသယဖြစ်ခဲ့သူ ​မြန်မာနိုင်ငံမှုစလင်အဖွဲ့ရဲ့ ​အကြီးအကဲကတော့ ​အခု ​ဖွဲ့စည်းလိုက်တဲ့ ​စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ​လက်ခံကြောင်း ​ဒီမီးလောင်မှုဟာ ​ကျောင်းတာဝန်ခံတွေရဲ့ ​ပေါ့ဆမှုကြောင့် ​ဖြစ်တာလို့ ​ယူဆကြောင်း ​ပြောပါတယ်။

No comments: