Tuesday, April 23, 2013

နယ်စပ်တွင် သက်အမျိုးသား တစ်ဦး ရေနစ် သေဆုံး

နိရဉ္စရာ

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် အသက် (၅၀) နှစ် အရွယ် သက်လူမျိုး တစ်ဦး တနင်္ဂနွေနေ့က ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ဦးမောင်သာနိုး (၅၀) နှစ်ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးဒေသ ဟေရ်မာန်ပါရာ (ကျေးရွာ) က ဖြစ်ကြောင်း သိရသည်။

သူသည် ခေါင်းတုံးဒေသမှ ဆည်မြောင်း တစ်ခုတွင် ရေနစ် သေဆုံးသွားကြောင်း ဘင်္ဂလာ ရဲအဖွဲ့က အတည်ပြုပြောကြားသည်။ သူ၏ အလောင်းအား ရဲအဖွဲ့မှ ဆယ်ယူပြီးနောက် ယခုအခါ ဘင်ဒရိုဘင် (ရွာတော် ဆေးရုံ)သို့ ဆေးစစ်ရန် ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

No comments: