Wednesday, April 3, 2013

အစ္စလာမ်ဘာသာရေးကျောင်း မီးလောင်မှုအပြီး ဗလီလူကြီး စစ်ဆေးခံရ

ABC

ရန်ကုန် ​ဗိုလ်တစ်ထောင်မြို့နယ် ​၄၃ ​လမ်းအနီးက ​အစ္စလာမ်ဘာသာရေးကျောင်းမှာ ​မီးလောင်မှုဖြစ်ခဲ့ပြီး ​ကျောင်းသား ​၁၃ ​ဦးသေဆုံးပြီးနောက် ​ဗလီအကြီးအကဲနဲ့ ​ကျောင်းဆရာတစ်ဦးကို ​ရဲတွေက ​စုံစမ်းမေးမြန်းမှုတွေ ​လုပ်နေပါတယ်။

မီးအားမြင့်စက်ကနေ ​မီးလောင်မှုဖြစ်တာလို့ ​အာဏာပိုင်တွေကမှတ်ချက်ချထားပေမယ့် ​မကြာသေးခင် ​ကပဲ ​မြန်မာနိုင်ငံ ​ဒေသတချို့မှာ ​မူစလင် ​လူမျိုးတွေကို ​တိုက်ခိုက်မှုတွေ ​ရှိခဲ့တဲ့အတွက် ​တချို့က ​မီးလောင် ​မှုကို ​ရှို့မီးလို့ ​ယူဆ ​ကြပါတယ်။

အဲဒီ ​ဘာသာရေးကျောင်းမှာ ​ကျောင်းသား ​အယောက် ​၇၀ ​လောက်ရှိပြီး ​မီးလောင်တဲ့ ​အချိန်ဟာ ​မနက် ​၂ ​နာရီအချိန်လောက်မှာဖြစ်ပြီး ​ထွက်ပြေးဖို့ ​ကြိုးစားခဲ့ပေမယ့် ​တခါးကို ​သော့တွေနဲ့ ​ခတ်ထား ​တဲ့အပြင် ​ပြတင်းပေါက် ​တွေမှာလည်း ​သံဇကာတွေ၊ ​သံတိုင်တွေနဲ့ ​ပိတ်ထားတဲ့ ​အတွက် ​ထွက်ပြေးလို့မရပဲ ​မီးခိုးတွေမွန်ပြီး ​ဆယ်ကျော်သက်အရွယ် ​ကျောင်းသား ​၁၃ ​ယောက် ​သေဆုံးခဲ့ရတာလို့ ​သိရပါတယ်။

အပေါ်ထပ်တက်တဲ့ ​လှေကားထစ်အောက်မှာ ​ထားတဲ့ ​မီးအားမြင့်စက်မီးလောင်ရာကနေ ​နောက်ပိုင်းမှာ ​မီးစက်အတွက်အသုံးပြုတဲ့ ​ဒီဇယ်ဗုံးကို ​မီးစွဲပြီးအပေါ်ထပ်ထိ ​မီးလောင်ခဲ့တာ ​ဖြစ်တယ်လို့ ​ပြောနေကြပါတယ်။

သေဆုံးသူ ​ကလေးငယ်တွေကိုလည်း ​မြေမြုပ်သဂြိုလ်ခဲ့ကြပြီး ​အသုဘအခမ်းအနားကို ​လူပေါင်း ​ထောင်နဲ့ချီ ​တက်ရောက်ခဲ့ကြတယ်လို့ ​သိရပါတယ်။ ​ဗလီအနီးတဝိုက်မှာ ​လုံခြုံရေးတွေ ​တင်းကြပ်ထားတယ်လို့လည်း ​သိရပါတယ်။



မြန်မာမှာ ​ဖြစ်နေတဲ့အကြမ်းဖက်မှုတွေကြောင့် ​မြန်မာနိုင်ငံကို ​သတိနဲ့ ​ခရီးသွားကြဖို့ ​နိုင်ငံခြားအစိုးရသတိပေး


မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုတွေကြောင့် ​အမေရိကန်နိုင်ငံသားတွေ ​မြန်မာနိုင်ငံမှာ ​သတိနဲ့သွားလာဖို့ ​အမေရိကန်အစိုးရက ​တိုက်တွန်းလိုက်သလို ​မလေးရှားအစိုးရကလည်း ​မလိုအပ်ရင် ​မြန်မာနိုင်ငံ ​မန္တလေးတိုင်းနဲ့ ​ပဲခူးတိုင်းကို ​သွားရောက်မလည်ပတ်ကြဖို့ ​မှာကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ​ရောက်နေတဲ့ ​မလေးရှားနိုင်ငံသားတွေအနေနဲ့ ​သတင်းတွေကို ​အမြဲ ​မျက်ခြေမပြတ်လေ့လာ ​ဖတ်ရှု၊ ​နားဆင်ဖို့၊ ​ဆန္ဒပြမှုတွေကို ​ဝေးဝေးရှောင်ကြည်ဖို့အပြင် ​လူတွေစုဝေးနေတဲ့ ​နေရာမှာ ​မနေ့ကြဖို့ ​သတိပေးထားပါတယ်။

မလေးရှားအစိုးရအနေနဲ့ ​တခြားနိုင်ငံတွေရဲ့ ​ပြည်တွင်းရေးကို ​ဝင်ရောက်စွက်ဖက်တဲ့ ​ပေါ်လစီမကျင့်သုံးလိုပေမယ့် ​မြန်မာနိုင်ငံ ​အကြမ်းဖက်မှုမှာ ​ပါဝင်သူတိုင်း ​ပြဿနာကို ​ငြိမ်းချမ်းစွာ ​ဖြေရှင်းကြဖို့ ​ပြောလိုကြောင်း ​မလေးရှားနိုင်ငံခြားရေး ​ဝန်ကြီးဌာနက ​တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာကို ​လူမျိုးရေး၊ ​ဘာသာရေးပြဿနာလို့ ​တချို့က ​ရှုမြင်တဲ့အတွက် ​အစ္စလာမ်ဘာသာကို ​အဓိကကိုးကွယ်တဲ့ ​ပါကစ္စတန်နိုင်ငံသားတွေ ​မြန်မာနိုင်ငံမှာ ​တင်းနစ်ကစားတဲ့အခါ ​တိုက်ခိုက်ခံရမှာကို ​စိုးရိမ်သူတွေလည်းရှိပါတယ်။

ပါကစ္စတန်တင်းနစ် ​ကစားသမားတွေကတော့ ​မကြာခင်ရက်ပိုင်းအတွင်း ​ရန်ကုန်မှာ ​ကျင်းပမဲ့ ​Davis ​Cup ​Asian-Oceania ​တင်းနစ်ပြိုင်းပွဲကို ​သွားရောက်ကစားမှာဖြစ်တယ်လို့ ​ပြောကြပါတယ်။

ကစားကွင်းတွေမှာ ​လုံခြုံရေးတွေ ​စိတ်ချရတဲ့အနေအထားရှိတဲ့အတွက် ​သွားရောက်ကစားမယ့်အကြောင်း ​မြန်မာနိုင်ငံအနေနဲ့လည်း ​ပွဲစဉ်တွေ ​ဖျက်မဲ့ ​အနေအထားမရှိဘူးလို့ ​ပါကစ္စတန်နိုင်ငံ ​အားကစားအရာရှိတွေက ​ပြောပါတယ်။

No comments: