Wednesday, April 17, 2013

မြန်မာ ဖုန်းလုပ်ငန်းလိုင်စင်အတွက် ကုမ္ပဏီ ၁၂ ခုကို စကာတင်ရွေးပြီ

ABC

မြန်မာနိုင်ငံမှာ ​​တယ်လီဖုန်းနဲ့ ​​အင်တာနက်ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေမှာ ​လုပ်ပိုင်ခွင့် ​​လုပ်ငန်းလိုင်စင်နှစ်ခုထုတ်ပေးဖို့ ​ ​တင်ဒါဆင့်ခေါ်လိုက်ပြီး ​အဲဒီထဲက ​ကုမ္ပဏီ ​၁၂ ​ခုကို ​စကာတင် ​ရွေးချယ်ထားပြီး ​ဖြစ်ပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ​ကုမ္ပဏီ ​တွေကတော့ ​မြန်မာနိုင်ငံ ​ဒီမိုကရေစီ ​ရေးအတွက် ​လှုပ်ရှားသူတွေကို ​နှစ်ပေါင်းများစွာ ​ကူညီထောက်ပံ့မှုတွေ ​လုပ်တဲ့ ​ကုဋေကြွယ် ​သူဌေး ​George ​Soros ​နဲ့ ​နီးစပ်တဲ့ ​Digicel, ​အန္ဒိယနိုင်ငံက ​Bharti ​Airtel, ​China ​Mobile, ​ဂျပန်ရဲ့ ​KDDI၊ ​အာဖရိက ​MTN, ​စင်္ကာပူ ​တယ်လီကွန်မြူနီကေးရှင်း၊ ​Axiata ​Group, ​Millicom ​International ​Cellular, ​Qatar ​Telecom, ​Viettel ​Group ​နဲ့ ​နော်ဝေးရဲ့ ​Telenor ​SA ​တို့ ​ဖြစ်ကြပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ​ကုမ္ပဏီတွေအနေနဲ့ ​လျောက်လွှာတွေကို ​ဂျွန်လ ​၃ ​ရက် ​မတိုင်ခင် ​ထပ်မံပေးပို့ရမှာဖြစ်ပြီး ​ဂျွန်လ ​၂၇ ​ရက်လောက်မှာတော့ ​ဘယ်သူ့ကို ​လုပ်ခွင့် ​လိုင်စင် ​ပေးမလဲဆိုတာကို ​မြန်မာက ​ကြေညာဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

မြန်မာအစိုးရက ​​ဆက်သွယ်ရေးဆိုင်ရာ ​​လိုင်စင်သစ် ​​နှစ်ခု ​​ချပေးဖို့ရှိပြီး ​​မြန်မာနိုင်ငံမှာ ​​လူဦးရေ ​​၁၀ ​​% ​​လောက်သာ ​​မိုဘိုင်းဖုန်းကိုင်နိုင်သေးတဲ့အဆင့် ​​ရှိတဲ့အတွက် ​​ဒီကဏ္ဍမှာ ​​စီးပွားရေးလုပ်ဖို့ ​​အများကြီးအခွင့်အလမ်းရှိတယ်လို့ ​​ရှုမြင်နေကြတာကြောင့် ​လုပ်ခွင့်လိုင်စင်ရဖို့ ​​အလုအယက် ​လျောက်ထားကြတာ ​ဖြစ်ပါတယ်။

No comments: