Thursday, April 18, 2013

ရှမ်းပြည်နယ်မှာ တိုက်ပွဲထပ်ဖြစ်မှာ စိုးရိမ်လို့ ဒုက္ခသည်တွေပိုများလာ

ABC

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ​တန့်ယန်းမြို့နယ်အတွင်းမှာ ​အစိုးရတပ် ​ဖွဲ့တွေနဲ့ ​ရှမ်းပြည်မြောက်ပိုင်း ​တပ်မတော် ​(SSPP/SSA) ​ဖွဲ့တွေကြား ​တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာမှာကို ​စိုးရိမ်တဲ့အတွက် ​ဒေသခံတွေဟာ ​တန့်ယန်းမြို့နယ်ထဲမှာ ​ဖွင့်လှစ်ထားတဲ့ ​ဒုက္ခသည်စခန်းတွေဆီကို ​လာရောက်ခိုလှုံတာတွေရှိတယ်လို့ ​သိရပါတယ်။

သင်္ကြန်ကာလအတွင်း ​အစိုးရတပ်ဖွဲ့တွေနဲ့ ​ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ​(SSPP/SSA) ​ဖွဲ့တွေကြားမှာ ​ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် ​ဒေသခံတွေက ​စိုးရိမ်ပြီး ​ဒုက္ခသည်စခန်းတွေမှာ ​ခိုလှုံကြတာလို့ ​ဒုက္ခသည်တွေကို ​အကူညီပေးနေတဲ့ ​ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချုပ်က ​ဦးစိုင်းလှဖေက ​ပြောပါတယ်။

“အဲဒါတော့ ​ဟုတ်ပါတယ်၊ ​တန့်ယန်းမြို့နယ်ထဲမှာ ​တိုက်ပွဲဖြစ်မဲ့ ​အခြေအနေတွေက ​တအားကို ​စိုးရိမ်လို့ ​တအားကြီးကို ​ပစ်မဲ့ပုံစံမျိုး ​အနေအထားရှိတော့ ​ရွာသူရွာသား ​မနေရဲဘူး ​ထွက်ပြေးလာတဲ့ ​ပုံစံမျိုး ​ရှိတယ်၊ ​တပ်ရင်းတွေက ​စုပြုံပြီးတော့ ​တက်လာတဲ့ ​ပုံစံမျိုး ​အနေအထားမျိုးရှိနေတော့ ​အဲဒီဘက်တော့ ​ထိပ်တိုက် ​တွေ့မဲ့ ​သဘောအနေအထားတော့ ​ရှိတယ်လို့ကြားတယ်။”

ဒုက္ခသည်တွေထဲမှာ ​ပလောင်လူမျိုးတွေအများစုပါဝင်ပြီး ​ရှမ်းနဲ့ ​၀လူမျိုးတွေလည်းပါဝင်ကြပါတယ်။ ​လွန်ခဲ့တဲ့လတွေတုန်းက ​ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ​တန့်ယန်းမြို့နယ်အတွင်းက ​ဘုန်းကြီးကျောင်းတွေမှာ ​ဖွင့်လှစ်ထားတဲ့ဒုက္ခသည်စခန်းမှာ ​ဒုက္ခသည် ​လေးရာကျော်ဟာ ​နေထိုင်နေဆဲဖြစ်ပြီး ​တချို့ဒုက္ခသည်တွေကတော့ ​နီးစပ်ရာဆွေမျိုးတွေ ​အိမ်မှာနေထိုင်နေတဲ့အတွက် ​ဒုက္ခသည်တွေရဲ့ ​စာရင်းတွေအတိအကျမသိရတဲ့အကြောင်း ​ဒါပေမဲ့ ​တစ်ထောင်နီးပါးရှိနိုင်တယ်လို့ ​ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ​ခိုလှုံနေတဲ့သူတွေထဲက ​အိမ်ပြန်လို့မရသေးတဲ့ ​ဒုက္ခသည်တွေရဲ့ ​နေရေးထိုင်ရေးနဲ့ ​စားဝတ်နေရေးအတွက် ​နိုင်ငံရေးပါတီတွေ၊ ​လူမှုရေးအသင်းတွေက ​ကူညီ ​ပေးတာတွေရှိနေပြီး ​ဒုက္ခသည်တွေကို ​တတ်နိုင်တဲ့ဘက်ကအကူအညီပေးကြဖို့ကိုလည်း ​ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချုပ်က ​လိုက်လံနှိုးဆော်တာမျိုးတွေ ​လုပ်ဆောင်နေတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: