Sunday, April 14, 2013

ထန်တလန်မြို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်

khonumthung

နေပြည်တော် နယ်စပ်ဒေသ ကုန်သွယ်ရေး ဦးစီးဌာန လက်ထောက်ညွန် ကြားရေးမှူး Major Aung Win ဦးဆောင်မှုဖြင့် ချင်း ပြည်နယ် ထန်တလန်မြို့တွင် ယခုလ ဧပြီလ (၁) ရက်နေ့က နယ်စပ် ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်လိုက်ကြောင်း သိရ သည်။

“ လောလောဆယ်ဖွင့်လှစ်တဲ့သဘောပါ၊ အခု ရုံးဖွင့်မည့်နေရာတွေ လေ့ လာနေကြတယ်၊ ဘာပဲ ဖြစ်ဖြစ် ချင်းပြည်နယ် အစိုးရနှင့် ထန်တလန်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်တွေ တင်ပြတောင်း ဆိုမှုကြောင့် ဖြစ် လာတာပါ၊ ပြည်သူတွေ လည်း အထူးဝမ်း သာနေကြတယ် ” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် Pu Lal Maung Cung က ပြောသည်။

Major Aung Win နှင့် အတူ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ အခွန်ဦးစီးဌာန၊ ဘဏ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိများ ပါဝင်သည်ဟု သိရသည်။

ချင်းပြည်နယ်အပါအ၀င် အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးကို စစ်ကိုင်းတိုင်းအတွင်း တမူး – မိုးရေး နှင့် ချင်းပြည်နယ် အတွင်း ရိခ် ကျန်ဖိုင်- ရိဒ်ခေါ်ဒါရ်တွင် ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ယခု တတိယမြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းကြောင်းနဲ့ပါတ်သက်ပြီး တဖက် မီဇိုရမ်ဒေသခံများလည်း အထူး ကြိုဆို ကြကြောင်း ပြော ကြသည်။

ယခုလမ်းကြောင်းသည် ချင်းပြည်နယ် ဟားခါး – ထန်တလန်မှ တီအိုချောင်းကို ဖြတ်ပြီး တဖက် မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇော်လ် – ဗာဖိုင် မှ မီဇိုရမ်ပြည်နယ် အိုင်ဇော်လ်မြို့သို့ ၀င်သွား မည်ဖြစ်သည်။

လက်ထောက်ညွန်ကြားရေးမှူးနှင့် အဖွဲ့၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ထန်တလန်မြို့ နယ်အုပ်ချုပ် ရေးမှူးတို့ သည် ထန်တလန်မြို့နယ် Vanzang တောင်ကြောအတိုင်း အိန္ဒိယ – မြန်မာ နယ်စပ် တီအိုချောင်းအထိ ကိုယ်ထူကိုယ် ထ ဖောက်လုပ်ထားသည့် ကားလမ်းကိုလည်း နက်ဖန် ဧပြီလ ၁၄ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုကြမည်ဖြစ်သည်။

ယခုလမ်းကြောင်းသည် ချင်းအမျိုးသားတပ်ဦး၏ ပါတီဗဟိုဌာနချုပ် ၀ိတိုရိယစခန်းပေါ် တွင်ရှိ သည်။

No comments: