Wednesday, April 10, 2013

မြန်မာ့ဆန်တင်ပို့မှု အာရှမှာ ကြီးစိုး လာမယ်လို့ သုံးသပ်နေကြ

ABC

မကြာသေးခင်ကပဲ ​မြန်မာနိုင်ငံက ​ဂျပန်နိုင်ငံကို ​၄၅ ​နှစ်တာကာလအတွင်း ​ပထမဆုံးအကြိမ် ​ဆန်တန်ချိန်ပေါင်း ​၅၀၀၀ ​တင်ပို့ရောင်းချတဲ့အတွက် ​လူအများ ​စိတ်ဝင်စားမှု ​ရရှိခဲ့ပြီး ​မြန်မာနိုင်ငံအနေနဲ့ ​အာရှဒေသရဲ့ ​ဆန်တင်ပို့ ​ရောင်းချရာမှာ ​ကြီးစိုး ​လာမလားဆိုပြီး ​သုံးသပ်နေကြပါတယ်။

ဂျပန်နိုင်ငံက ​ကုမ္ပဏီကြီးတွေ ​မြန်မာနိုင်ငံနဲ့ ​ပူးပေါင်းပြီး ​ဆန်တင်ပို့ရောင်းချမှုသာမက ​ဆန်စက်ရုံကြီးတွေပါ ​တည်ထောင်ပေးဖို့ ​စိတ် ​ဝင် ​စား ​နေတဲ့ ​အတွက် ​မြန်မာနိုင်ငံအနေနဲ့ ​ကမ္ဘာ့ ​ဆန်လုပ်ငန်းမှာ ​အရေးကြီးတဲ့ ​ကဏ္ဍမှာ ​ပါဝင် ​လာနိုင်တယ်လို့ ​သုံးသပ်ကြကြောင်း ​ဘန်ကောက်ပို့စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ဂျပန်ကုမ္ပဏီကနေ ​မြန်မာနိုင်ငံအတွက် ​တည်ထောင်ပေးလိုတဲ့ ​ဆန်စက်လေးခုဟာ ​တစ်နှစ်ကို ​ဆန်တန်ချိန်ပေါင်း ​၄၀၀၀၀၀ ​(လေးသိန်း) ​ကြိတ်ခွဲနိုင်စွမ်း ​ရှိမယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​အရှေ့တောင်အာရှ ​သာမက ​အနောက်အာဖရိက ​နိုင်ငံတွေအထိ ​ဆန်တွေ ​တင်ပို့နိုင်အောင် ​ဂျပန်က ​လုပ်ဆောင်လိုနေပြီး ​ဒီလို ​လုပ်ခြင်းအားဖြင့် ​ဂျပန်နဲ့ ​မြန်မာအတွက် ​အကျိုး ​ပိုရှိမယ်လို့ ​ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ ​မြန်မာနိုင်ငံနဲ့ ​ဆက်ဆံရေး ​ကောင်းမွန်အောင် ​အမြဲတမ်း ​ထိန်းသိမ်းလေ့ရှိပြီး ​မြန်မာ့ ​ရင်းနှီးမြုပ်နှံမှုမှာ ​တောက်လျောက် ​ပါဝင်ခဲ့ပေမယ့် ​အနောက်တိုင်းနိုင်ငံနဲ့ ​တရုတ်နိုင်ငံ ​ရင်းနှီးမြုပ်နှံမှုတွေလည်း ​လူသိ ​မများခဲ့တဲ့အကြောင်း ​ဂျပန်အနေနဲ့ ​နောက်ကွယ်ကနေပြီး ​လှုပ်ရှားနေသလို ​ဖြစ်နေတာလို့ ​သြစတြေးလျနိုင်ငံ ​Maquire ​တက္ကသိုလ်က ​စီးပွားရေးပညာရှင် ​Sean ​Turnell ​က ​ဘန်ကောက်ပို့စ် ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

No comments: